Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သူငယ်ကို ဆုံးမသွန်သင်ရာ၌ ကိုယ်က ချုပ်တည်းဖို့ လိုခြင်း။

    သူငယ်အား သွန်သင်ဖို့ ဆုံးမရာ၌ မိခင်၏ မြဲမြံ၊ ရင့်ကျက်သော အလိုဆန္ဒ နှင့် သူငယ်၏ ယုတ္တိကင်း၍ စနစ် မရှိသော အလိုဆန္ဒတို့သည် တွေ့ဆုံရကြသည့် အခါများ ရှိတတ်သည်။ ထိုသို့သော အခါများတွင် မိခင်သည် ကြီးစွာ သတိပညာ ရှိအပ်သည်။ သတိကင်းစွာ ပြုမူစီမံခြင်း၊ အတင်းအကြပ် ပြုလုပ်ခိုင်းခြင်းဖြင့် သူငယ်၌ ကြီးစွာ ဘေးရောက်စေတတ်သည်။CCB2 67.2

    တတ်နိုင်သော အခါတိုင်း၊ ဤကဲ့သို့ အရေးကြီးသော အဖြစ်မျိုးကို ရှောင်အပ်သည်။ အကြောင်းကား ထိုအမှုသည် မိခင် နှင့် သူငယ်တို့ နှစ်ဦးစလုံးအတွက် ပြင်းထန်သော အားထုတ်မှုကြီး ဖြစ်သည်။ သို့သော် ထိုသို့သော အရေးကြီးသော အဖြစ်မျိုး တစ်ကြိမ် ဖြစ်ခဲ့လျှင်၊ သူငယ်သည် သတိပညာရှိသော မိခင်၏ အလိုဆန္ဒကို လိုက်လျောစေရန် ပြုပြင်ပေးရမည်။CCB2 67.3

    မိခင်သည် မိမိ ကိုယ်ကို လုံးလုံး ချုပ်တည်းထားလျက် သူငယ်တွင် ခုခံတတ်သော သဘော ဖြစ်ပေါ်လာစေမည့် အပြုအမှုမျိုး တစ်ခုမျှ မပြုသင့်။ သူမသည် ကျယ်သော အသံနှင့် အမိန့် မပေးရ။ အသံကို ပျော့၍ နူးညံ့စေခြင်းဖြင့် များစွာ အကျိုးခံစားရလိမ့်မည်။ သူငယ်အား သခင်ယေရှုထံ ဆွဲဆောင်သော နည်းမျိုးဖြင့် သူမသည် သူငယ်အပေါ်၌ ပြုမူရမည်။ ဘုရားသခင်သည် မိမိကို ကူညီသော သူ၊ မေတ္တာသည် မိမိ၏ တန်ခိုး ဖြစ်ကြောင်း သတိပြုရမည်။CCB2 67.4

    သူမသည် သတိပညာ ရှိသော ခရစ်ယာန် ဖြစ်လျှင်၊ မိမိ၏ အလိုသို့ လိုက်ရန် သူငယ်ကို အတင်းအကြပ် ပြုရန် မကြံစည်ပါ။ ရန်သူသည် မအောင် မြင်မည် အကြောင်း သူမသည် စိတ်အားကြီးစွာ ဆုတောင်း၍ ဆုတောင်းနေစဉ်၊ ဝိညာဉ် အသက်တာ၌ ခွန်အား အသစ် ရရှိလာကြောင်း သိရှိလာ၏။ သူမ၏ အထဲ၌ ပြုပြင်သော တန်ခိုးသည် သူငယ်၏ အထဲ၌လည်း ပြုပြင်နေသည်ကို သူမသည် မြင်ရ၏။ သူငယ်သည် သာ၍ သိမ်မွေ့လျက် သာ၍ အလိုလိုက်လာ၏။ စစ်ပွဲကို အောင်မြင်လေပြီ။ သူမ၏ သည်းခံခြင်း၊ ကြင်နာခြင်း၊ သတိပညာနှင့် တားမြစ်သော သူမ၏ စကားများသည် မိမိတို့၏ လုပ်ငန်းကို ပြီးမြောက်စေကြပြီ။ မိုးရွာပြီးနောက် နေပူသကဲ့သို့ မုန်းတိုင်း ကျရောက်ပြီးနောက် ငြိမ်သက်ခြင်း ရှိလာ၏။ ရှုခင်းကို ကြည့်နေသော ကောင်းကင်တမန်တို့သည် ဝမ်းမြောက်ခြင်းနှင့် သီချင်းဆိုကြလေ၏။CCB2 67.5

    ခင်ပွန်း နှင့် ဇနီးတို့၏ အသက်တာတွင်လည်း ဤကဲ့သို့ အရေးကြီးသော အခါမျိုး ဖြစ်ပေါ်လာတတ်၍ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် စိုးမိုးခြင်း မခံရလျှင်၊ သူတို့သည် ထိုအခါများ၌၊ သားသမီးတို့တွင် မကြာခဏ ထင်ရှားတတ်သော စိတ်ဇော နှင့် ယုတ္တိကင်းသော သဘောမျိုးကို ထင်ရှားစေကြလိမ့်မည်။ မီးခတ်ကျောက် တစ်ခု နှင့် တစ်ခု ထိခိုက်တတ်သကဲ့သို့၊ အလိုဆန္ဒ တစ်ခု နှင့် တစ်ခု တိုက်ခိုက်ရလိမ့်မည်။ 37T 47, 48.CCB2 68.1