Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဇနီး ဖြစ်ရမည့် သူ၌ အကျင့်စာရိတ္တများကို စစ်ဆေးကြည့်ရမည်။

    မိမိ အသက်တာ၏ တာဝန်ကို ထမ်းဆောင်ရန် သင့်တော်သော သူ၊ မိမိအား သူမ၏ ပြုပြင်ပေးခြင်း သြဇာအားဖြင့် မြင့်မြတ် ကောင်းမွန်စေလျက် သူမ၏ မေတ္တာတွင် မိမိအား ပျော်ရွှင်စေမည့် သူကို လူငယ် တစ်စုံတစ်ယောက်သည် မိမိ၏ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ပါစေ။CCB2 12.4

    “သမ္မာသတိ ရှိသော မယားမူကား၊ ထာဝရဘုရား ပေးသနားတော်မူရာ ဖြစ်၏။” “သူ၏ ခင်ပွန်းသည် သူ့ကို ယုံ၍ … ထို မယားသည် မိမိ ခင်ပွန်း၏ အကျိုးကို မဖျက်၊ တစ်သက်လုံး ပြုစုတတ်၏။” “ပညာစကားကို ပြောတတ်၍ မေတ္တာတရားအားဖြင့် နှုတ်မြွက်တတ်၏။ အိမ်သူ အိမ်သား ပြုသမျှတို့ကို ကြည့်ရှုတတ်၏။ ပျင်းရိခြင်း အစာကို မစားတတ်။ သူ၏ သားသမီးတို့သည် ထ၍ အမိကို ကောင်းကြီးပေးတတ်ကြ၏။ သူ၏ ခင်ပွန်းကလည်း၊ လူမျိုးသမီး အများတို့သည် ကောင်းမွန်စွာ ပြုကြပြီ။ သို့ရာတွင် သင်သည် ထိုသူ အပေါင်းတို့ကို လွန်ကဲပြီဟု သူ့ကို ချီးမွမ်းတတ်၏။” ထိုကဲ့သို့သော မယားကို ရသော သူသည် “ကောင်းသော အရာကို ရ၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ခံရ၏။”CCB2 13.1

    ဆင်ခြင်ရန် အချက်များကို ယခု ဖော်ပြထားပါသည်။ သင် လက်ထပ်သော သူသည် သင်၏ အိမ်ထောင်၌ ပျော်မွေ့ခြင်းကို ဖြစ်စေမည်လား။ သူမသည် ချွေတာ သုံးစွဲသူ ဖြစ်သလား။ သို့မဟုတ် လက်ထပ်ပြီးသော အခါ သူမသည် မိမိ ကိုယ်တိုင် ရရှိသော ဝင်ငွေများကို သာမက၊ သင်၏ ငွေကိုပင် အချည်းနှီးသော အရာအတွက်၊ အလှပကို နှစ်သက်ခြင်းအတွက် သုံးလိမ့်မည်လော။ ဤလမ်း၌ သူမ၏ စည်းကမ်း ဥပဒေသည် မှန်ကန်သလော။ ယခု သူမ၌ အားကိုးမှီခိုစရာ ရှိခဲ့ပြီလား။ ယောက်ျား တစ်ယောက်၏ စိတ်သည် မေတ္တာနှင့် လည်းကောင်း၊ ထမ်းမြားမင်္ဂလာအတွက် စဉ်းစားနေခြင်းနှင့် လည်းကောင်း ပြည့်ဝနေသဖြင့်၊ ဤပြဿနာတို့သည် အကျိုးမရှိသကဲ့သို့ ပယ်ရှားထားလိမ့်မည်။ သို့သော် ဤအရာတို့ကို အချိန်မီ ဆင်ခြင်ရမည်။ အကြောင်းကား ၎င်းတို့သည် သင်၏ ရှေ့အသက်တာအတွက် အရေးကြီးကြသည်။CCB2 13.2

    သင်သည် မယား ရွေးသော အခါ၌ သူမ၏ အကျင့်စာရိတ္တကို လေ့လာကြည့်ပါ။ သူမသည် သည်းခံ၍ ဒုက္ခခံနိုင်မည်လော့။ သင်၏ မိခင်၊ ဖခင်တို့သည် တကယ် ခွန်အားကြီးသော သား တစ်ယောက်ကို အလိုရှိနေသော အခါ၌ သူမသည် သူတို့ကို မစောင့်ရှောက်ဘဲ နေလိမ့်မည်လား။ ၎င်းပြင် သူမသည် မိမိ၏ အကြံအစည် အတိုင်း လိုက်နာ၍ မိမိ သဘောကျ ဖြစ်စေရန် သူ့ကို မိဘ များ ထံမှ ခွဲခွာစေပြီး၊ မိဘတို့သည် ချစ်ခင်စရာ ကောင်းသော သမီးကို မရဘဲ သား တစ်ယောက်ပင် ဆုံးရှုံးလောက်အောင် စွန့်ပစ်ထားခြင်း ခံရကြမည်လော။CCB2 13.3