Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကောင်းကျိုးအတွက် မိခင်၏ တန်ခိုး။

    မိခင်၏ အဆင့်အတန်းသည် နိမ့်ကျလှသော်လည်း၊ ဖခင်၏ သြဇာနှင့် ပူးပေါင်းနေသော သူမ၏ သြဇာသည် အစဉ်အမြဲ ညောင်းလျက် ရှိ၏။ ဘုရားသခင် နောက်၊ ကောင်းကျိုးအတွက် မိခင်၏ တန်ခိုးသည် မြေကြီးပေါ်၌ အရှိန် အပြင်းဆုံး ဖြစ်၏။CCB2 72.1

    ခရစ်ယာန် မိခင်သည် မိမိ၏ သားသမီးတို့ ပတ်လည်၌ ရှိသော ဘေးဥပဒ်များကို အမြဲ ကောင်းစွာ ဝေဖန်ပိုင်းခြား သိမြင်လိမ့်မည်။ သူမသည် မိမိ၏ စိတ်ဝိညာဉ်ကို ဖြူစင် သန့်ရှင်းသော အခြေအနေ၌ တည်ရှိနေစေလိမ့်မည်။ သူမသည် မိမိ၏ စိတ်သဘော နှင့် အကျင့်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စိုးမိုးအုပ်ချုပ်၍ မိမိ၏ တာဝန်ကို သစ္စာ နှင့် ပြုလုပ်လျက် အမြဲ ကြုံတွေ့နေရသော စုံစမ်းခြင်း အမှုကလေးများကို အောင်မြင်လျက် ရှိလိမ့်မည်။CCB2 72.2

    ကလေးသူငယ်တို့သည် လျင်မြန်စွာ သိမှတ်တတ်ကြသည်။ သူတို့သည် သည်းခံလျက် မေတ္တာနှင့် ပြောဆိုတတ်သော အသံကို ကလေးတို့၏ စိတ်ထဲ၌ ချစ်ခြင်းမေတ္တာကို ခန်းခြောက်စေတတ်သော သည်းမခံ၊ ဒေါသ ပါသော အမိန့်မှ ခွဲခြား သိရှိတတ်သည်။ မှန်သော ခရစ်ယာန် မိခင်သည် စိတ်ဆိုးခြင်း၊ ထောက်ထားတတ်သော မေတ္တာကင်းမဲ့ခြင်းအားဖြင့် သားသမီးတို့ကို မိမိ ထံပါးမှ နှစ်ပစ်လိမ့်မည် မဟုတ်။CCB2 72.3

    မိခင်တို့၊ သင်တို့ သြဇာ နှင့် ပုံသက်သေတို့သည် သင်တို့ သားသမီးတို့၏ အကျင့် နှင့် ကံကြမ္မာကို ဖန်တီးပေးကြောင်းကို သိရှိကြပါ။ မိမိတို့၏ တာဝန်ကို မျှော်မြင်လျက်၊ မှန်ကန်၊ ကောင်းမြတ်၍ တင့်တယ်သော အရာတို့ကိုသာ ပြန်၍ ဖြစ်ပေါ်လာစေပြီးလျှင်၊ ကောင်းစွာ ညီညွတ်သော စိတ်သဘော နှင့် ဖြူစင်သော အကျင့်ကို ဖြစ်ထွန်းလာစေအောင် ပြုပြင်ပေးပါ။CCB2 72.4

    အိမ်ထောင်၌ စိတ်စွဲလမ်းစရာ ဘာမျှ မတွေ့ဘဲ အမြဲသဖြင့် မြည်တွန် ကြိမ်းမောင်း၍ ညည်းညူနေခြင်း အမှုတို့ကို တွေ့ဆုံနေရသော ခင်ပွန်း နှင့် သားသမီး များစွာတို့သည် အိမ်မှ ဝေးသော နေရာ အရက်ဆိုင် သို့မဟုတ် အခြား တားမြစ်ထားသော ကာမဂုဏ် ပျော်မွေ့ဖွယ်ရာ နေရာများ၌ စိတ်သက်သာမှု၊ စိတ်ပျော်ရွှင်မှုတို့ကို ရှာကြံတတ်ကြသည်။ ဇနီး နှင့် မိခင်သည် အိမ် ထောင်၏ စိုးရိမ်ခြင်းများနှင့် ပြည့်ဝလျက် ရှိစဉ်၊ မိမိ၏ ခင်ပွန်း နှင့် သားသမီးများ ရှေ့၌ ထူးထူးခြားခြား အမျက်ထွက်ခြင်း နှင့် အခက်အခဲများကို ရှောင်ကြဉ်ပယ်ရှားထားသော်လည်း၊ ခင်ပွန်း နှင့် သားသမီးတို့ အပေါ်၌ ယဉ်ကျေးဖွယ်ရာ အပြုအမူတို့ကို အနည်းငယ် ဖော်ပြဖို့ရန် မကြာခဏ သတိမပြုမိကြချေ။ သူမသည် စားသောက်ရန် သို့မဟုတ် ဝတ်ဆင်ရန် တစ်စုံတစ်ခုကို ပြင်ဆင်ရာ၌ စိတ်စွဲနေစဉ်၊ ခင်ပွန်း နှင့် သားသမီးတို့သည် သူစိမ်းကဲ့သို့ ဝင်ထွက်သွားလာနေကြ၏။CCB2 72.5

    မိခင်တို့သည် အိမ်၌ မသေသပ်သော အဝတ်တို့ကို ဝတ်နေကြလျှင်၊ မိမိတို့၏ သားသမီးတို့အား ထိုသို့ မသေသပ်သော အဝတ်တို့ကို ဝတ်စေရန် သူတို့က သွန်သင်ပေးနေကြသည်။ ဟောင်းနွမ်းစုတ်ပြတ်နေ သော်လည်း၊ မည်သည့် အဝတ်မျိုးမဆို အိမ်တွင် ဝတ်ဖို့ သင့်တော်သည်ဟု အများသော မိခင်တို့သည် ထင်မှတ်ကြသည်။ သို့ရာတွင် မကြာမီ သူတို့သည် အိမ်ထောင်၌ သြဇာ ကင်းမဲ့လာကြ၏။ သားသမီးတို့သည် မိမိတို့ မိခင်၏ အဝတ် နှင့် သေသပ်စွာ ဝတ်သော အခြား မိခင်တို့၏ အဝတ်များကို နှိုင်းယှဉ်ကြည့်ကြပြီးလျှင်၊ သူတို့သည် မိခင်၌ ရိုသေခြင်း နည်းပါးလာကြ၏။CCB2 73.1

    အိမ်ထောင်၌ ကောင်းမွန် သေသပ်သော အလုပ်တို့ကို လုပ်ဆောင်ဖို့ လိုသောအခါတိုင်း၊ မိမိတို့ ကိုယ်တိုင် လုပ်ဆောင်ခြင်းသည် ယုတ်ညံ့သည်ဟု မထင်မမှတ်ဘဲ၊ မှန်သော မိခင် နှင့် ဇနီးသည် မိမိ၏ တာဝန်ကို ဣန္ဒြေနှင့် လည်းကောင်း၊ အားရဝမ်းမြောက်ခြင်းနှင့် လည်းကောင်း ဆောင်ရွက်လိမ့်မည်။ 2AH 231-254;CCB2 73.2