Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အိမ်ထောင်၏ ခေါင်းဆောင်သည် သခင်ခရစ်တော်ကို အတုခိုးရမည်။

    အိမ်ထောင်သား အပေါင်းတို့၏ ဗဟိုသည် ဖခင် ဖြစ်သည်။ သူသည် ဥပဒေကို ပြုလုပ်ပေးသော သူ ဖြစ်လျက် အင်အားသတ္တိ၊ တည်ကြည်ခြင်း၊ ဖြောင့်မှန်ခြင်း၊ သည်းခံခြင်း၊ ရဲရင့်ခြင်း၊ ကြိုးစားအားထုတ်ခြင်း နှင့် လက်တွေ့ အသုံးဝင်ခြင်း တည်းဟူသော ခိုင်ခံ့သော သီလများတွင် မိမိ ကိုယ််တိုင် လူကြီး ပီပီ ပုံသက်သေပြရမည်။ တစ်နည်းအားဖြင့် ဖခင်သည် အိမ်ထောင်၏ ယဇ်ပုရောဟိတ် ဖြစ်လျက် မနက် နှင့် ညနေတိုင်း ဘုရားသခင်၏ ပလ္လင်တော်ပေါ်တွင် ယဇ်ကို ဆက်ကပ် ပူဇော်ရမည်။ ဇနီး နှင့် သားသမီးတို့အား ဤ ပူ ဇော်ခြင်း အမှုတွင် ပါဝင်ရန် နှင့် ကျေးဇူးတော်ကို ချီးမွမ်းခြင်း သီချင်းကိုလည်း နံနက် နှင့် ညနေတိုင်း ဖခင်သည် အိမ်ထောင် ယဇ်ပုရောဟိတ် ဖြစ်သည်အတိုင်း၊ မိမိ ကိုယ်တိုင်း နှင့် မိမိ၏ သားသမီးများ တစ်နေ့လုံး ပြုခဲ့သော အပြစ်များအတွက် ဘုရားသခင်အား ဖော်ပြ ဝန်ချတောင်းပန်ရမည်။ မိမိ ကိုယ်တိုင် သိရှိသော အပြစ်၊ လျှို့ဝှက်၍ ဘုရားသခင်သာ သိမြင်နိုင်သော အပြစ်များတို့ကို ဝန်ချတောင်းပန်ရမည်။ ဤအမှုများကို ဖခင် ရှိလျှင်၊ ကိုယ်တိုင်အားဖြင့် လည်းကောင်း၊ ဖခင် မရှိလျှင် မိခင်အားဖြင့် လည်းကောင်း စိတ်ပါစွာ ပြုမူကြလျှင်၊ အိမ်ထောင်၌ ကောင်းကြီးမင်္ဂလာ သက်ရောက်လိမ့်မည်။CCB2 73.3

    ခင်ပွန် နှင့် ဖခင် ဖြစ်သော သူအား၊ သင်၏ ဝိညာဉ် ပတ်ဝန်းကျင်သည် သန့်ရှင်းစင်ကြယ်ခြင်းနှင့် ပြည့်ဝလျက် ရှိသည်ကို အသေအချာ သတိပြုပါဟု ကျွန်ုပ်တို့ ပြောဆိုလိုပါသည်။ သင်သည် သခင်ခရစ်တော် အကြောင်းကို နေ့စဉ် သင်ကြားလေ့လာရမည်။ အိမ်ထောင်၌ ရက်စက် ကြမ်းကြုတ်သော သဘောကို ဘယ်အခါမျှ မပြပါနှင့်။ ဤသို့ ပြုသော သူသည် စာတန်၏ ကိုယ်စားလှယ်များနှင့် အတူတကွ လုပ်ဆောင်သူ ဖြစ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ပြုလျက် သင့် အလိုဆန္ဒကို ဘုရားသခင် လက်အောက်၌ ရောက်ရှိပါစေ။ သင့် ဇနီး၏ အသက်တာကို ပျော်ရွှင်နှစ်သက်ဖွယ် ဖြစ်အောင် မိမိ အစွမ်း ရှိသမျှ ဆောင်ရွက်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အား အကြံဉာဏ်ပေးသော အရာကဲ့သို့ သဘောထားလော့။ အိမ်ထောင်တွင် နှုတ်ကပတ်တော်၏ သြဝါဒများအတိုင်း လိုက်နာပြုကျင့်ကြလော့။ အိမ်ထောင်တွင် နှုတ်ကပတ်တော်၏ သြဝါဒများအတိုင်း ပြုကျင့်၍ သင့် အလုပ်အကိုင်၌လည်း ထိုသို့ ပြုကျင့်လိမ့်မည်။ ကောင်းကင်၏ အခြေခံ တရားများသည် သင် ပြုလုပ်ဆောင်ရွက်သမျှသော အမှုကိစ္စတို့ကို မြင့်မြတ်လာအောင် ပြုပြင်ပေးလိမ့်မည်။ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် သင့်ကို ကူညီလျက် လောကအား သခင်ခရစ်တော် အကြောင်းကို ထင်ရှားစေကြလိမ့်မည်။CCB2 74.1

    သင်၏ အလုပ်အကိုင်နှင့် စပ်ဆိုင်၍ စိတ်ဒုက္ခရောက်စေသော အမှုများကို သင်၏ အိမ်ထောင်သို့ ယူဆောင်မလာပါနှင့်။ သင် ထင်မှတ်သည်အတိုင်း မဖြစ်ခဲ့သော အမှုကိစ္စကလေးများ ရှိလာသောအခါ၊ သင်သည် သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာချစ်ခင်ခြင်း သဘောများကို သင်သည် မပြလျှင်၊ သင် သည် ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်မည် အကြောင်း သင့်အတွက် မိမိ၏ အသက်ကို စွန့်တော်မူသည် တိုင်အောင် သင့်ကို ချစ်တော်မူသော အရှင်ကို သင်သည် အပေါင်းအဖော် အဖြစ် ရွေးချယ်ခြင်း မပြုခဲ့ကြောင်း ဖော်ပြ၏။CCB2 74.2

    မိမိသည် အိမ်ထောင်၏ ဦးခေါင်း ဖြစ်သည်ဟု အစဉ် စွဲလမ်းနေခြင်းဖြင့် ခင်ပွန်းသည် ယောက်ျား ပီသသော သဘောကို သက်သေပြနေသည် မဟုတ်။ မိမိသည် အိမ်ထောင်၌ သြဇာ အာဏာ ရှိကြောင်း ကျမ်းစာကို ဖော်ပြနေခြင်းဖြင့် သူ့အပေါ်၌ ရိုသေလေးစားခြင်း အမှုသည် တိုးလာမည် မဟုတ်။ မိမိ၏ အကြံအစည်များသည် မမှားနိုင် မပျက်နိုင်သကဲ့သို့ သားသမီးတို့၏ မိခင် ဖြစ်သော မိမိ၏ ဇနီးအား ထိုအကြံများအတိုင်း လိုက်နာ ပြုလုပ်စေခြင်းဖြင့် သူသည် သာ၍ ယောက်ျား ပီသ လာမည် မဟုတ်။ ခင်ပွန်းသည် ဇနီးကို ကာကွယ်ပေးသော သူ ဖြစ်စေဖို့ ဇနီး၏ ဦးခေါင်း ဖြစ်လာစေရန် ထာဝရဘုရားက စီမံထားတော်မူ၏။ သခင်ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်း နှင့် နက်နဲသော ကိုယ်ခန္ဓာ၏ ကယ်တင်ရှင် ဖြစ်တော်မူသကဲ့သို့၊ ခင်ပွန်းသည် အိမ်ထောင်သားများကို စုရုံး ပူးပေါင်းထားပေးလျက် အိမ်ထောင်ကို စည်းနှောင်ပေးသော အရာ ဖြစ်သည်။ ဘုရားသခင်ကို ချစ်သည်ဟု ဆိုသော ခင်ပွန်းတိုင်းသည် မိမိ၏ အခြေအနေ၌ ဘုရားသခင် အလိုရှိတော်မူသော စည်းကမ်းချက်တို့ကို သေချာစွာ လေ့လာသင်ကြားပါစေ။ သခင်ခရစ်တော်သည် သတိပညာနှင့် လည်းကောင်း၊ ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် လည်းကောင်း မိမိ၏ အာဏာကို အသုံးပြုတော်မူ၏။ ထိုအတူ ခင်ပွန်းသည် မိမိ၏ အာဏာ တန်ခိုးကို အသုံးပြုလျက် အသင်းတော်၏ ကြီးမြတ်သော ဦးခေါင်းကို အတုခိုးပါစေ။ 3AH 212-215;CCB2 75.1