Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သားသမီး အရေအတွက်တွင် အကြံပေးချက်။

    သားသမီးများသည် ထာဝရဘုရား ပေးသနားတော်မူသော အမွေ ဖြစ်၍ ထာဝရဘုရား၏ ဥစ္စာကို စီမံအုပ်ချုပ်ခြင်းအတွက် ကျွန်ုပ်တို့သည် ထာဝရဘုရားအား ပြုအပ်သော တာဝန် ရှိပေသည်။ “ထာဝရဘုရား ပေးတော်မူသော သားသမီးတို့ နှင့် ကျွန်ုပ်ကို ကြည့်ပါ” ဟု ဘုရားသခင်အား ဝမ်းမြောက်စွာ လာရောက် ပြောရသည်တိုင်အောင်၊ မိဘတို့သည် မိမိတို့၏ အိမ်ထောင်များအတွက် မေတ္တာနှင့် လည်းကောင်း၊ ယုံကြည်ခြင်းနှင့် လည်းကောင်း၊ ဆုတောင်းခြင်းနှင့် လည်းကောင်း လုပ်ဆောင်ရကြမည်။CCB2 77.2

    သားသမီး အသီးအသီးသည် သင့်တော်စွာ သွန်သင်ခြင်း ရရှိနိုင်မည် အကြောင်း၊ မိခင်သည် မိမိ၏ ကလေးသူငယ်များအား ကောင်းကင်တမန်၏ အပေါင်းအသင်းအတွက် စည်းကမ်း နှင့် သွန်သင်ပေးရာတွင် မိမိ၏ ဉာဏ်ပညာကို အသုံးချရန် ခွန်အား နှင့် အချိန်ကို ရရှိနိုင်မည် အကြောင်း၊ မိဘတို့အား ဆင်ခြင်တိုင်းထွာတတ်သော သူများ အဖြစ်နှင့် နေထိုင်ပြုမူစေခြင်းငှါ ဘုရားသခင်သည် အလိုရှိတော်မူ၏။ သူမ၏ သားသမီးများသည် အိမ်ထောင် နှင့် အပေါင်းအသင်းတို့အတွက် ကောင်းကြီးမင်္ဂလာ ဖြစ်လာနိုင်ကြမည် အကြောင်း၊ သူမသည် မိမိ၏ တာဝန်ကို မြင့်မြတ်စွာ ထမ်းဆောင်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ချစ်ခြင်း နှင့် မိမိ၏ အလုပ်ကို လုပ်ကိုင်နိုင်ရန် သူမ၌ ရဲရင့်ခြင်း ရှိရမည်။CCB2 77.3

    ဇနီး နှင့် သားသမီးတို့၏ မိခင်သည် ပင်ပန်း၍ စိတ်ပျက်ခြင်း မရှိစေခြင်းငှါ၊ ခင်ပွန်း နှင့် ဖခင်သည် ဤ အရာ အပေါင်းကို ဆင်ခြင်ရမည်။ သားသမီးတို့သည် သင့်တော်စွာ သွန်သင်ခြင်း မခံရကြသဖြင့်၊ သူမ၏ များပြားသော သားသမီးများအတွက် မှန်ကန်စွာ မပြုလုပ်နိုင်သော အခြေအနေသို့ သားသမီးတို့၏ မိခင်သည် ရောက်ရှိ မသွားရမည် အကြောင်း သူသည် ကြည့်ရှုစီမံရမည်။CCB2 78.1

    ကြီးကျယ်သော အိမ်ထောင်ကို မှန်ကန်စွာ ပြုစုနိုင်မည်၊ မပြုစုနိုင်မည်ကို မဆင်ခြင်းဘဲ၊ စောင့်ရှောက်ခြင်း နှင့် သွန်သင်ခြင်းအတွက် မိဘတို့ကို လုံးလုံး အားကိုးနေရသော ဤ သားသမီးများ နှင့် မိမိတို့၏ အိမ်ထောင်တို့ကို ပြည့်နေစေကြသော မိဘများ ရှိကြသည်။ ဤ အရာသည် မိခင်အတွက် သာမက၊ သူမ၏ သားသမီးများ နှင့် အပေါင်းအသင်းအတွက် နစ်နာစရာ ကောင်းသော အမှား တစ်ခု ဖြစ်ပေသည်။CCB2 78.2

    တစ်နှစ်ပြီး တစ်နှစ် မိခင်၏ ရင်ခွင်၌ သားသမီးကို ပြုစုနေရခြင်းသည် သူမအဖို့ များစွာ မမှန်သော အမှု ဖြစ်သည်။ ပေါင်းသင်းဆက်ဆံရေး အမှုကို နည်းပါးစေ၍ တစ်ခါတစ်ရံ ပျက်ကွက်စေလျက် အိမ်ကိစ္စ ဒုက္ခများကို တိုးပွားစေ၏။ မိဘတို့၏ တာဝန်အတိုင်း သားသမီးတို့အား ပြုစုစောင့်ရှောက်ခြင်း၊ ပညာသင်ပေခြင်း၊ ပျော်ရွှင်အောင် ထားရခြင်း အမှုတို့ကို မပြုလုပ်နိုင်ချေ။CCB2 78.3

    မိမိတို့၏ သားသမီးများအတွက် မည်ကဲ့သို့ စီမံ ပြုလုပ်ထားသည်ကို မိဘများသည် သေချာစွာ ဆင်ခြင် စဉ်းစားရကြမည်။ အခြားသူတို့အတွက် တာဝန် ဖြစ်စေရန် လောကထဲသို့ သားသမီးများကို မွေးဖွားလာစေဖို့ သူတို့၌ အခွင့်အရေး မရှိ။CCB2 78.4

    သားသမီးတို့၏ ကံကြမ္မာကို မည်မျှ နည်းသော သူတို့သာ စဉ်းစားကြသနည်း။ ကာမဂုဏ်စိတ်ကို အလို ဖြည့်ရန်သာ စဉ်းစားကြ၍ ဇနီး နှင့် မိခင် အပေါ်သို့ မိမိ၏ အသက်ရှင်ခြင်း စွမ်းအားကို ပျက်စီးစေ၍ ဝိညာဉ် တန်ခိုးကို သေစေသော တာဝန်များကို သက်ရောက်စေ၏။ မကျန်းမာ၍ စိတ်ပျက်နေသော အခြေအနေ၌ စောင့်ရှောက်သင့်သည် အတိုင်း မစောင့်ရှောက်နိုင်သောCCB2 78.5

    သားသမီးများ နှင့် သူမသည် ဝိုင်းရံလျက် ရှိလေပြီ။ သူတို့ ရသင့်သော ဆုံးမသွန်သင်ခြင်းကို မရကြသဖြင့်၊ သူတို့သည် ဘုရားသခင်ကို ရှုတ်ချ၍ မိမိတို့၏ သဘောမျိုးကို အခြားသူတို့အား ဖော်ပြရန် ကြီးပွားလာကြ၏။ ထိုသို့အားဖြင့် စာတန်သည် မိမိ သဘောအတိုင်း အုပ်ချုပ်စီမံနိုင်သော စစ်တပ်ကို ဖြစ်ပေါ်လာစေလေ၏။ 6AH 159-164.CCB2 79.1