Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃၄။—ခရစ်ယာန် အိမ်ထောင်။

    နေအိမ်ကို ရွေးသောအခါ၌၊ ပထမဦးစွာ ကျွန်ုပ်တို့ နှင့် ကျွန်ုပ်တို့၏ အိမ်ထောင်များ ပတ်ဝန်းကျင်တွင် ဘာသာရေးကို ကျွန်ုပ်တို့အား ဆင်ခြင်စေဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။CCB2 80.1

    နေအိမ်အတွက် နေရာ ရွေးသောအခါ၊ ဤ ရည်ရွယ်ချက် ရှိပါစေ။ ဥစ္စာ စည်းစိမ် လိုလားသော ဆန္ဒ၊ ခေတ်ဆန်မှုကို နှိုးဆော်စိတ် သို့မဟုတ် အပေါင်းအသင်း၏ အကျင့်ဓလေ့များတို့ကို စဉ်းစားမနေနှင့်။ ရိုးသားခြင်း၊ သန့်ရှင်း ဖြူစင်ခြင်း၊ ကျန်းမာခြင်း နှင့် တကယ် တန်ဖိုးရှိခြင်းတို့ကို အများဆုံး ဖော်ပြသော အရာကို ဆင်ခြင်ပါ။CCB2 80.2

    လူတို့၏ အလုပ်များကိုသာ မြင့်နိုင်သော အရာ၊ ကြားရ၊ မြင်ရသော အရာများက မကောင်းသော အမှုတို့ကို ကြံစည်ဖို့ရန် မကြာခဏ နှိုးဆော်သော နေရာ၊ နှောင့်ယှက် ရှုပ်ထွေးသော အရာများက ပင်ပန်းခြင်း၊ မငြိမ်သက်ခြင်းကို ဖြစ်စေသော နေရာတို့၌ နေထိုင်ကြမည် အစား၊ ဘုရားသခင်၏ အလုပ်များကို သင်တို့ ကြည့်ရှု ဆင်ခြင်နိုင်သော နေရာသို့ သွားကြလော့။ သဘာဝ၏ လှပတင့်တယ်၊ တိတ်ဆိတ်၊ ငြိမ်သက်ခြင်း အမှုတွင် စိတ်ငြိမ်သက်မှုကို ရှာပါ။ စိမ်းလန်းသော လယ်ပြင်၊ တောအုပ်ငယ်များ နှင့် တောင်ပူစာများကို ကြည့်ရှုပါ။ မြို့၏ ဖုန် နှင့် မီးခိုးများ ကင်းသော ကောင်းကင်ပြာကို မျှော်ကြည့်လျက် ခွန်အား ပြည့်စေသော ကောင်းကင် လေကို ရှူရှိုက်ပါ။CCB2 80.3

    ဘုရားသခင်က လမ်းဖွင့်ပေးတော်မူသောအခါ၊ အိမ်ထောင်များသည် မြို့ထဲမှ ထွက်သွားရသော အချိန်ရောက်လိမ့်မည်။ သားသမီးများကို တောရွာသို့ ခေါ်ဆောင်သွားရမည်။ မိဘတို့သည် ငွေကြေး တတ်နိုင်သလောက် သင့်တော်သော နေရာကို ရွေးချယ်ရကြမည်။ နေအိမ်သည် သေးငယ်သော်လည်း၊ ၎င်းနှင့် သက်ဆိုင်၍ သစ်ပင်များ စိုက်ပျိုးရန် မြေကွက် တစ်ကွက် ရှိသင့်သည်။CCB2 80.4

    မြေတစ်ကွက် နှင့် နေအိမ် တစ်ဆောင်စီ ရှိကြသော ဖခင် နှင့် မိခင်များတို့သည် ရှင်ဘုရင် နှင့် မိဖုရားများ ဖြစ်ကြသည်။CCB2 80.5

    တတ်နိုင်လျှင် အိမ်သည် မြို့ပြင်တွင် ရှိရ၍ သားသမီးတို့သည် သစ်ပင်များ စိုက်ပျိုးရန် မြေကွက်များ ရှိအပ်သည်။ သူတို့ အသီးအသီး၌ မြေကွက် တစ်ခုစီ ရှိရမည်။ ၎င်းပြင် မည်ကဲ့သို့ ဥယျာဉ် စိုက်ပျိုးရန်၊ သစ်စေ့များအတွက် မြေကြီးကို မည်ကဲ့သို့ ပြုပြင်ရန်၊ ၎င်းပြင် တောမြက်ပင်တို့ကို အားလုံး ရှင်းလင်းရန် အရေးကြီးကြောင်းတို့ကို သွန်သင်နေစဉ်အခါ၊ အသက်တာ၌ မသင့်တော်၍ ဘေးဖြစ်စေတတ်သော အရာတို့ကို ပယ်ရှားထားဖို့ အရေးကြီးကြောင်းကိုလည်း သွန်သင်ပေးပါ။ ဥယျာဉ်တွင် တောပင်မြက်ပင်တို့ကို ရှင်းလင်းသော အခါ၊ မှားသော အကျင့်ဓလေ့တို့ကို ပယ်ရှားရန် သူတို့ကို သွန်သင်ပါ။ ဤ သင်ခန်းစာများကို သွန်သင်ပေးရန် အချိန်ကုန်လိမ့်မည်။ သို့ရာတွင် များစွာ အကျိုး ဖြစ်ထွန်းစေလိမ့်မည်။CCB2 81.1

    သတ္တိရှိလျက် ကြိုးစား၍ ဘဏ္ဍာများကို ရှာဖွေလိုသော ဆန္ဒရှိသော သူအတွက် မြေကြီးထဲ၌ ဝှက်ထားသော ကောင်းကြီးမင်္ဂလာများ ရှိပါသည်။ အများသော လယ်သမားတို့သည် မိမိတို့၏ လုပ်ငန်းကို အောက်ကျသော အမှုဟု ထင်မှတ်ကြသောကြောင့်၊ မိမိတို့၏ လယ်ထဲမှ သင့်တော်သော အကျိုးကို မခံစားရကြ။ မိမိတို့ နှင့် အိမ်ထောင်သားများအတွက် မိမိတို့၏ လယ်ကွက်ထဲတွင် ကောင်းကြီးမင်္ဂလာ ရှိသည်ကို သူတို့သည် မသိမမြင်ကြ။CCB2 81.2

    မိမိတို့ ဝန်ခံပြောဆိုသော သမ္မာတရားကို ပတ်ဝန်းကျင်ရှိ လူများက လက်ခံလာစေအောင် ပြုလုပ်ဖို့ မိဘတို့သည် ဘုရားသခင်၌ တာဝန် ရှိကြသည်။ ထိုနောက် သူတို့သည် သားသမီးတို့အား မှန်ကန်သော သင်ခန်းစာများကို သင်ပေးနိုင်သဖြင့်၊ သားသမီးတို့သည် အောက်အရပ်ရှိ အိမ်ထောင် နှင့် အထက်အရပ်ရှိ အိမ်ထောင်ကို ဆက်သွယ်ဖို့ သိရှိနားလည်လာကြလိမ့်မည်။ တတ်နိုင်သမသျှ ဤ မြေကြီးပေါ်ရှိသော အိမ်ထောင်သည် ကောင်းကင် အိမ်ထောင်၏ ပုံပမာ ဖြစ်ရမည်။ ထိုအခါ ယုတ်ညံ့ အောက်ကျသော အရာတို့ကို လိုက်စားရန် သွေးဆောင်ခြင်း အမှုများသည် ပျောက်ကွယ်ကုန်ကြလိမ့်မည်။ သားသမီးတို့သည် အစမ်း ထားသူများ သာ ဖြစ်၍ ကိုယ်တော်ကို ချစ်လျက် ပညတ်တော်ကို စောင့်ရှောက်သူတို့အတွက် သခင်ခရစ်တော် ပြင်ဆင်နေသော အခန်းများတွင် နေရမည့် သူများ ဖြစ်ကြောင်း သူတို့အား သွန်သင်ပေးပါ။ ဤ အမှုသည် မိဘများအတွက် အမြတ်ဆုံးသော လုပ်ငန်း ဖြစ်သည်။CCB2 81.3

    လူနေဖို့ အိမ် အားလုံးသည် တတ်နိုင်သမျှ မြင့်၍ ကောင်းစွာ ရေစီးဆင်းနိုင်သော နေရာ ဖြစ်ရမည်။ ဤ နေရာမျိုးသည် ခြောက်သွေ့နေလိမ့်မည်။ ဤ ကိစ္စကို အများအားဖြင့် ပေါ့ပေါ့ဆဆ ထင်မှတ်ကြသည်။ စွတ်စိုထိုင်းမှိုင်းခြင်း နှင့် မြေနိမ့်လျက် ရေကောင်းစွာ မစီးသော နေရာရှိ ငှက်ဖျား ရောဂါပိုးတို့ကြောင့် အမြဲ ဆက်လက် နာဖျားခြင်း၊ ပြင်းထန်သော ရောဂါ ဝေဒနာ နှင့် သေခြင်းတို့ကို ဖြစ်စေတတ်သည်။CCB2 82.1

    အိမ်များကို ဆောက်လုပ်ရာ၌ လေကောင်း လေသန့် နှင့် နေရောင်ခြည် ကောင်းစွာ ရရှိဖို့ အရေးကြီးသည်။ အိမ်ခန်းတိုင်းတွင် လေများစွာ ဝင်ထွက်စေလျက် အလင်း ကောင်းကောင်း ဝင်ပါစေ။ နေ့၊ ည လေ ကောင်းစွာ ဝင်ထွက်နိုင်စေရန် အိပ်ခန်းများကို စီမံထားရမည်။ နေ့စဉ် လေ နှင့် နေရောင်ခြည်ကို မရရှိသော အခန်းတွင် အိပ်ဖို့ မသင့်။CCB2 82.2

    ခပ်ကျဲကျဲ သစ်ပင်ကြီးများ နှင့် သစ်ပင်ငယ် အချို့ ရှိ၍ အိမ်နှင့် သင့်တော်သော နေရာတွင် တည်ရှိသော ဥယျာဉ်သည် အိမ်ထောင်အတွက် ပျော်ရွှင်ဖွယ် ဖြစ်စေ၏။ ၎င်းပြင် သေချာစွာ ဂရုစိုက်ပြုစုလျှင် ကျန်းမာရေးကို မထိခိုက်ပါ။ သို့သော် အိမ်အနီး၌ အုပ်နေသော သစ်ပင်ကြီးများ နှင့် သစ်ပင် ငယ်များသည် လေကောင်း လေသန့် နှင့် နေရောင်ခြည်ကို ကာကွယ် တားဆီးထားသဖြင့် ကျန်းမာခြင်းကို ထိခိုက်စေလိမ့်မည်။ ၎င်းပြင် အထူးသဖြင့် မိုးကို စွတ်စို ထိုင်းမှိုင်းနေစေတတ်သည်။CCB2 82.3