Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်၏ အကြောင်းကို ရှေ့ဦးစွာ ဆင်ခြင်စဉ်းစားခြင်း။

    ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် ပြုမူတော်မူသော အရာတို့ကို ကျွန်ုပ်တို့သည် ပြန်၍ စဉ်းစားကြည့်ကြသော အခါ၊ အားလပ်သော နေ့များကို ဘုရားသခင်အတွက် စောင့်ရှောက်ကြဖို့ မကောင်းဘူးလား။ လွန်ခဲ့သော ကာလ၌ ခံစားရသော ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာတို့ကို ဆင်ခြင်ဖို့၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မမေ့ကြမည် အကြောင်း၊ ကျွန်ုပ်တို့အား စိတ်စွဲလမ်းစေလောက်အောင် နိုးဆော်နေသော သတိပေး စကားတို့ကို သတိရဖို့ မကောင်းဘူးလား။CCB2 98.2

    လောကတွင် အားလပ်သော နေ့များစွာ ရှိ၍ လူများတို့သည် ကစားပွဲများ၊ မြင်းပွဲများ၊ လောင်းကစားပွဲများ၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့၌ စိတ်ဝင်စားနေကြသည်။CCB2 98.3

    ဘုရားသခင်၏ ကြွယ်ဝသော ကောင်းကြီးမင်္ဂလာများအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရန် သန့်ရှင်းသော စည်းဝေးပွဲများကို ဘုရားသခင်၏ လူတို့သည် မကြာခဏ သာ၍ ကျင်းပဖို့ မသင့်ဘူးလား။CCB2 98.4

    လူသတ္တဝါတို့၏ ဒုက္ခဆင်းရဲခြင်းကို မစကူညီလျက် ယောက်ျား၊ မိန်းမ၊ ပျိုရွယ်သူ နှင့် ကလေးသူငယ်တို့၏ ဝိညာဉ်ကို ကယ်ဆယ်ရေး လုပ်ငန်းတွင် လုပ်ဆောင်ဖို့ရန် ပျိုရွယ်သော ယောက်ျား၊ မိန်းမတို့အား ဖွဲ့စည်း တည်ထောင်၍ လက်တွေ့လုပ်ငန်းကို သွန်သင်ပေးနိုင်သော သူများကို အသင်းတော်၌ ကျွန်ုပ်တို့ အလိုရှိကြပါသည်။ မိမိတို့၏ ဝမ်းရေးအတွက် နေ့စဉ် လုပ်ငန်းများကို ဆောင်ရွက်နေရကြသောကြောင့် လူ အပေါင်းသည် အချိန်ပြည့် ထိုလုပ်ငန်းတို့ကို မလုပ်နိုင်ကြ။ သို့ရာတွင် အားလပ်သော နေ့ရက်များ နှင့် ခရစ်ယာန် အလုပ်ကို ဆောင်ရွက်နိုင်သော အချိန်များ သူတို့၌ ရှိကြ၍ သူတို့သည် ငွေများစွာ မပေးနိုင်ကြသောအခါ၊ ဤ နည်းဖြင့် ကုသိုလ် ကောင်းမှုများ ပြုလုပ်နိုင်ကြသည်။CCB2 99.1

    သင်၌ အားလပ်သော နေ့များ ရရှိသောအခါ၊ သင်၏ သားသမီးများအတွက် ၎င်းနေ့ကို သာယာ ပျော်မွေ့ဖွယ် ဖြစ်ပါစေ။ ၎င်းပြင် ဆင်းရဲသော သူများ နှင့် ဒုက္ခရောက်သော သူတို့အတွက်လည်း ၎င်းနေ့ကို သာယာဖွယ် နေ့ ဖြစ်ပါစေ။ သခင်ယေရှုအား ကျေးဇူးတော် ချီးမွမ်းခြင်း၊ ကျေးဇူးတော် ချီးမွမ်းခြင်း အလှူပေးခြင်းတို့ကို မပြုလုပ်ဘဲ ထိုနေ့ကို လွန်မသွားပါစေနှင့်။CCB2 99.2