Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆင်းရဲချမ်းသာ မရွေး ပြုလုပ်နိုင်သော ပျော်ရွှင်မှု။

    လူငယ်များအား လူအိုများလောက် တည်ငြိမ်၍ ဣန္ဒြေ ရှိစေရန် မပြုလုပ်နိုင်။ ၎င်းပြင် သူငယ်တို့အား ဘိုးဘေးတို့လောက် ငြိမ်သက် တည်ကြည်နေစေရန် မပြုလုပ်နိုင်။ အပြစ်ရှိသော ပျော်ရွှင်မှုကို အပြစ်တင် သင့်သလောက် တင်နေကြစဉ်၊ လူငယ်တို့၏ မိဘ၊ ဆရာသမားများ နှင့် အုပ်ထိန်းသူတို့သည် အကျင့်ကို စွန်းကွက်၊ ပျက်စီးခြင်း မဖြစ်စေသော အပြစ်ကင်းသော ပျော်ရွှင်မှုတို့ကို စီမံပေးရကြမည်။ လူငယ်တို့အား ကြပ်တည်းသော ဥပဒေများ၊ တားမြစ်မှုများဖြင့် ပိတ်ပင်ခြင်း မပြုပါနှင့်။ ထိုသို့ ပြုလျှင် သူတို့အား ညှဉ်းဆဲသည်ဟု ထင်မြင်စေလျက် ဥပဒေ ကျူးလွန်ပြီးလျှင် မိုက်မဲပျက်စီးခြင်းသို့ ရောက်စေ လိမ့်မည်။ မြဲမြံ၍ ကြင်နာ သနားလျက် ဆင်ခြင်သော သဘောဖြင့် အုပ်ချုပ် စီမံပြီးလျှင် သူတို့၏ စိတ် နှင့် အကြံအစည်များကို စိုးမိုးထားရမည်။ သို့ရာတွင် သင်သည် သူတို့အတွက် အကောင်းဆုံး အကျိုးကို မျှော်မြင်သည်ကို သူတို့သည် သိရှိကြမည် အကြောင်း၊ ဖြည်းညှင်း၊ သတိပညာရှိလျက် ချစ်ခင်စွာ ပြုမူရမည်။ 6CT 335;CCB2 104.4

    စိတ် နှင့် ကိုယ်ခန္ဓာအတွက် များစွာ အကျိုး ဖြစ်ထွန်းစေသော ပျော်ရွှင်မှု အမျိုးမျိုး ရှိသည်။ ကောင်းစွာ ဝေဖန် ပိုင်းခြား သိနားလည်တတ်သော သူသည် အပြစ်ကင်းသည် သာမက၊ မှတ်သားဖွယ် ကောင်းသော ပျော်ရွှင်မှုတို့ကို ဖြစ်ပေါ်လာစေနိုင်သော နည်း အများကို တွေ့ရှိလိမ့်မည်။ လေဟာပြင်၌ သဘာဝတွင် ဘုရားသခင် ဖန်ဆင်းထားသော အရာများကို ကြည့်ရှုဆင်ခြင်လျက် ပျော်ရွှင်မှုကို ရှာဖွေခြင်းသည် အကျိုး အဖြစ်ထွန်းဆုံး နည်း ဖြစ်လိမ့်မည်။ 74T 653;CCB2 105.1

    မိမိအတွက်သာ အကျိုး ရှိသော ပျော်မွေ့ခြင်းသည် အခြား သူတို့အား အကျိုး ဖြစ်စေမည့် ပျော်မွေ့ခြင်းလောက် သူငယ်များ နှင့် လူငယ်တို့အဖို့ များစွာ ကောင်းကြီးမင်္ဂလာ ဖြစ်စေလိမ့်မည် မဟုတ်။ လူငယ်တို့သည် သဘာဝအားဖြင့် စိတ်အားထက်သန်လျက် စွဲမှတ်တတ်ကြသဖြင့်၊ သူတို့သည် အကြံဉာဏ်ပေးသည်ကို လျင်မြန်စွာ လိုက်နာတတ်ကြသည်။8Ed 212;CCB2 105.2

    ဆင်းရဲ ချမ်းသာမရွေး လူတိုင်း လိုက်စား ပြုလုပ်နိုင်သော ပျော်မွေ့ခြင်းမျိုးကို ဘုရားသခင်သည် စီမံထားတော်မူပြီ။ ၎င်းကား သန့်ရှင်းသော အကြံအစည်၊ ကိုယ်ကျိုး မရှာသော အပြုအမူတို့ကို ဖြစ်ပေါ်လာစေခြင်းတွင် တွေ့ရသော ပျော်မွေ့ခြင်း၊ ထောက်ထား စာနာသော စကားကို ပြောခြင်း၊ ကြင်နာသော အမှုတို့ကို ပြုခြင်းမှ ဖြစ်ပေါ်လာသော ပျော်မွေ့ခြင်း ဖြစ်သည်။ ထိုသို့သော အမှုတို့ကို ပြုသော သူတို့ထံမှ များစွာ ဝမ်းနည်းခြင်းအားဖြင့် မှောင်မိုက်နေသော သူတို့၏ အသက်တာကို သခင်ခရစ်တော်၏ အလင်းနှင့် ထွန်းတောက်စေကြပြီ။99T 57;CCB2 105.3

    လုံးလုံး လိုပင်မလိုအပ်သော ပျော်မြူးခြင်းကို ဖြစ်စေသော ကျွန်ုပ်တို့၏ လောကတွင် လိုအပ်၍ အသုံးပြုနိုင်သော အရာ များစွာ ရှိပေသည်။ ဦးနှောက်၊ အရိုး နှင့် ကြွက်သားတို့ကို သင့်တော်စွာ ကောင်းကျိုးအတွက် အသုံးပြုခြင်း၊ ကောင်းစွာ ဆင်ခြင် စဉ်းစား ပြုမူခြင်း အမှု၊ အကြံအစည်များကို ပြုလုပ်ခြင်း အမှုတွင် ၎င်းတို့သည် ခိုင်ခံ့ ခွန်အား ရှိလာကြ၏။ ထိုအကြံအစည်များသည် ဉာဏ်စွမ်းသတ္တိများ နှင့် ကိုယ်ကာယ အစိတ်အပိုင်းတို့၏ ခွန်အားတို့ကို တိုးပွားစေသဖြင့်၊ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေဖို့ အသုံးပြုဖို့ရန် ဘုရားသခင် ပေးထားတော်မူသော အစွမ်းသတ္တိတို့ကို ထိုဉာဏ်စွမ်းသတ္တိ နှင့် အင်္ဂါ အစိတ်အပိုင်းတို့၏ ခွန်အားတို့က လက်တွေ့ အသုံးပြုပေးကြလိမ့်မည်။10AH 509;CCB2 106.1

    မြို့ တစ်မြို့ သို့မဟုတ် ရွာ တစ်ရွာတွင် ရှိသော အိမ်ထောင် အများသည် စုပေါင်း၍ မိမိတို့၏ စိတ်ကို ပင်ပန်းစေသော အလုပ်အကိုင်ကို စွန့်ထားပြီးလျှင် တောရွာ တစ်ရွာ၊ အိုင်ကမ်းနား တစ်ခု သို့မဟုတ် သာယာလှပသော တောအုပ် တစ်ခုသို့ ခရီးထွက်ကြပါစေ။ သူတို့သည် အကောင်းဆုံး အသီးအနှံများ ပါရှိလျက် ကျန်းမာစေသော စားစရာ ရိုးရိုးကို ယူဆောင်သွား၍ သစ်ပင်ရိပ် အောက်တွင် ဖြစ်စေ၊ လေဟာပြင် ကောင်းကင် အောက်တွင် ဖြစ်စေ၊ စားစရာများကို တည်ခင်းရကြမည်။ စက်ဘီးစီး၊ မြင်းစီး၊ ကားစီးခြင်းဖြင့် လည်းကောင်း၊ ကိုယ်လက် လှုပ်ရှား ကစားခြင်းဖြင့် လည်းကောင်း၊ သာယာသော ရှုခင်းအားဖြင့် လည်းကောင်း၊ အစားအသောက်တို့ကို မြိန်ရှက်စွာ သုံးဆောင်နိုင်ကြလိမ့်မည် ဖြစ်၍ ရှင်ဘုရင်တို့ပင် သွားရည်ယိုရကြလိမ့်မည်။CCB2 106.2

    ထိုအခါတွင် မိဘ နှင့် သားသမီးတို့သည် အလုပ်အကိုင်၊ စိုးရိမ်ပူပန်ခြင်း၊ ရှုပ်ထွေးခြင်းတို့နှင့် ကင်းရှင်းစွာ နေရကြမည်။ မိဘတို့သည် မိမိတို့၏ သားသမီးတို့နှင့် ရောနှောနေကြလျက် သူတို့အား တတ်နိုင်သမျှ ပျော်ရွှင်အောင် ပြုလုပ်ပေးရကြမည်။ ထို နေ့ တစ်နေ့လုံး အားဖြည့်ခြင်းငှါ ပျော်ရွှင်စွာ နေရကြမည်။ အခန်းထဲတွင် အလုပ် လုပ်ရသော သူတို့အတွက် လေဟာပြင်တွင် ကိုယ်လက်လှုပ်ရှား ကစားခြင်း အမှုသည် ကျန်းမာခြင်းအတွက် အကျိုးရှိပေသည်။ တတ်နိုင်လျှင် လူတိုင်းပင် ဤ နည်းကို လိုက်နာရကြမည်။ ဘာမျှ ဆုံးရှုံးခြင်း မရှိဘဲ များစွာ အကျိုးခံစားရလိမ့်မည်။ သူတို့သည် အသစ်သော အသက် နှင့် ခွန်အားကို ရလျက် မိမိတို့၏ လုပ်ငန်းကို ပြန်သွားနိုင်ကြပြီး ရောဂါများကို ခုခံနိုင်ရန် သာ၍ ပြင်ဆင်ခြင်း ရရှိထားကြ၏။111T 514, 515;CCB2 106.3

    ရိုးရိုး ဘောလုံး ကစားခြင်းမျိုးကို ကျွန်ုပ်သည် အပြစ် မတင်ပါ၊ သို့ရာတွင် ရိုးရိုး ကစားရာ၌ပင် အလွန်အကျူး ကစားတတ်ကြသည်။CCB2 107.1

    ဤ ပျော်မြူးခြင်းတို့ နောက်၌ အမှန်ပင် ဖြစ်ပေါ်လာတတ်သော အကြောင်းခြင်းရာတို့မှာ ကျွန်ုပ်သည် အမြဲပင် တွန့်ဆုတ်သွားတတ်၏။ ၎င်းသည် ငွေ အကုန်အကျ များစေရာ၊ ထို ကုန်ကျငွေများကို သခင်ခရစ်တော်ထဲမှ ဝေးကွာလျက် ပျက်စီးနေသော ဝိညာဉ်များအား သမ္မာတရား အလင်းကို ပေးရာ၌ အသုံးပြုနိုင်ပေသည်။ တစ်ဆင့်ပြီး တစ်ဆင့် ကိုယ်ကို ချီးမြှောက်ခြင်းသို့ ရောက်စေသော ကိုယ် စိတ်ကြိုက်အတွက် ပျော်မြူးခြင်း နှင့် ငွေကြေးကုန်ကျခြင်း နှင့် ပျော်မွေ့ခြင်းအတွက် ဤ ကစားနည်းများကို လေ့ကျင့် သင်ကြားခြင်း အမှုတို့သည် ခရစ်ယာန် အကျင့်စာရိတ္တ၌ စုံလင်ခြင်းကို မဖြစ်စေတတ်သော အရာတို့၌ နှစ်သက် တပ်မက်ခြင်း အမှု ဖြစ်စေ၏။12AH 499;CCB2 107.2

    ကစား ပျော်မြူးခြင်း နှင့် ကိုယ်လက် လှုပ်ရှား ပရိစယပြုခြင်းတို့ကို ဂရုစိုက်နေခြင်းသည် မကြာမခဏ ပြုလုပ်နေကျ ကျောင်းလုပ်ငန်းတို့ကို အမှန်ပင် နှောင့်ယှက် တားဆီးလိမ့်မည်။ သို့ရာတွင် ဤသို့ နှောင့်ယှက်ခြင်း အမှုသည် အကယ်ပင် အနှောင့်အယှက် ဖြစ်စေမည် မဟုတ်။ ကိုယ်စိတ်နှလုံးကို ခွန်အားသစ်နှင့် ပြည့်စေရာ၌ လည်းကောင်း၊ ကိုယ်ကျိုးမရှာသော သဘောကို မွေးမြူရာ၌ လည်းကောင်း၊ သာမည ကိစ္စ နှင့် မိတ်ဆွေ အဖြစ် ပေါင်းသင်းခြင်း အမှုတို့တွင် ဆက်ဆံခြင်းဖြင့် တပည့် နှင့် ဆရာတို့ကို အတူတကွ စည်းလုံးစေခြင်း၌ လည်းကောင်း၊ အချိန်ကုန်ခံ၍ ကြိုးပမ်းမှုသည် အဆ တစ်ရာပင် ပြန်၍ အကျိုးပေးလိမ့်မည်။ လူငယ်တို့အဖို့ မကြာခဏ ပေးဥပဒ် ဖြစ်စေသော အကြောင်းရင်း ဖြစ်သည့် အငြိမ်မနေတတ်သော သတ္တိအတွက် ကောင်းကြီးမင်္ဂလာ တစ်ခုကို ထွက်ပေါ်လာစေနိုင်လိမ့်မည်။ မကောင်းသော အမှုအရာအတွက် ဘေးကင်း လုံခြုံစေရန်၊ စိတ်ထဲ၌ ပြည့်ဝနေစေခြင်းသည် မရေမတွက်နိုင်အောင် များပြားသည့် တားမြစ်ထားသော စည်းကမ်း ဥပဒေများထက် သာ၍ အကျိုးရှိပေသည်။13Ed 213;CCB2 107.3