Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လုံးလုံး အနားယူခြင်း နှင့် ကိုယ်ကျိုးအတွက် ပျော်ရွှင်မြူးတူးခြင်း။

    ပျိုရွယ်သော သူတို့သည် မိမိတို့ ခံစားရသော အခွင့်အရေး အားလုံးအတွက်၊ မိမိတို့၏ အချိန်ကို တိုးတက် ကောင်းမွန်အောင် အသုံးပြုရေးအတွက်၊ မိမိတို့၏ စွမ်းရည် သတ္တိများကို မှန်ကန်စွာ အသုံးပြုရေးအတွက် တာဝန်ကို ယူရကြမည်ကို သတိပြုရကြမည်။ ကျွန်ုပ်တို့၌ အပျော်အပါး လိုက်စားခြင်း သို့မဟုတ် အားဖြည့်ရန် ကစား ပျော်ရွှင်ခြင်း မရှိကြဘူးလား။ ကျွန်ုပ်တို့သည် ပြောင်းလဲခြင်း တစ်စုံတစ်ခုမျှ မရှိဘဲ၊ အမြဲ အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်နေရကြမည်လားဟု သူတို့က မေးမြန်းကြလိမ့်မည်။18CT 337;CCB2 111.1

    ခွန်အားကို ပြင်းထန်စွာ အားစိုက်ရ၍ ကိုယ်ကာယ လှုပ်ရှားစေသော အလုပ်မှ တစ်ခါတစ်ရံ ပြောင်းလဲခြင်း တစ်စုံတစ်ခု ပြုလုပ်ပေးဖို့ အလွန် လိုပေသည်။ ထိုသို့အားဖြင့် သာ၍ ကြီးစွာ အောင်မြင်ခြင်း နှင့် အလုပ်အကိုင်ကို တစ်ဖန် ပြန်၍ ကြိုးစားလျက် လုပ်ဆောင်နိုင်လိမ့်မည်။ သို့ရာတွင် ကိုယ်ကာယ ခွန်အားနှင့် သက်ဆိုင်၍ လုံးလုံး အနားယူနေဖို့ မလို၊ သို့မဟုတ် ထိုသို့ အနားယူခြင်းသည် အကောင်းဆုံး အကျိုးကိုပင် ပေးနိုင်လိမ့်မည် မဟုတ်။ အလုပ် တစ်မျိုးတွင် ပင်ပန်းလာသော အခါ၌ပင် သူတို့သည် မိမိတို့၏ အဖိုးတန်သော အချိန်ကို ပေါ့ဆစွာ မကုန်လွန်စေရ။ ထိုအခါ အလွန် အားကုန်ခန်းခြင်းကို မဖြစ်စေဘဲ၊ မိမိတို့၏ မိခင် နှင့် နှမများအဖို့ ကောင်းကျိုးပေးသော အလုပ် တစ်ခုခုကို ရှာကြံ ပြုလုပ်နိုင်သည်။ သူတို့ ဆောင်ရွက်ရသော အကြမ်းဆုံး ဝန်ထုပ်ကို မိမိတို့ ကိုယ်တိုင် ယူဆောင်ခြင်းဖြင့်၊ သူတို့၏ စိုးရိမ်ပူပန်ခြင်းတို့ကို ပေါ့ပါးသွားစေရာ၌၊ အခြေခံ တရားမှ ဖြစ်ပေါ်လာ၍ မိမိတို့အား မှန်သော ဝမ်းမြောက်ခြင်းကို ပေးသော ထိုပျော်မွေ့ခြင်းမျိုးကို သူတို့သည် တွေ့ရှိနိုင်လိမ့်မည်။ ၎င်းပြင် သူတို့၏ အချိန်ကို အကျိုးဖြစ်ထွန်းအောင် အမြဲ အသုံးပြုနိုင်သဖြင့်၊ သူတို့သည် ပြောင်းလွှဲခြင်းဖြင့် အမြဲ ခွန်အား အသစ်ကို ရရှိ၏။ ၎င်းပြင် အချိန် ရှိသမျှသည် တစ်စုံတစ်ယောက်အဖို့ ကောင်းကျိုးကို ဖြစ်စေမည် အကြောင်း အချိန်ကို ချည်းနှီးမကုန်လွန်စေပါ။193T 223;CCB2 111.2

    ကိုယ်ခန္ဓာ ကျန်းမာရေးကို စောင့်ထိန်းထားရန် ကိုယ်ကျိုးအတွက် အပျော်အပါး လိုက်စားဖို့ လိုသည်ဟု အများက ပြောဆိုကြသည်။ စိတ် နှင့် ကိုယ်ခန္ဓာသည် အပြောင်းအလွှဲအားဖြင့် ခွန်အားသစ်နှင့် ပြည့်ဝလာ သောကြောင့်၊ ကိုယ်ခန္ဓာအား အကောင်းဆုံး တိုးပွားလာစေခြင်းငှါ အတွက် ပြောင်းလဲခြင်းကို လိုသည်မှာ မှန်ပေသည်။ သို့ရာတွင် ပျိုရွယ်သူတို့ နေ့စဉ် ပြုအပ်သော နေ့စဉ် တာဝန်များကို အမှုမထားဘဲ မှားယွင်းသော အပျော်အပါး လိုက်စားခြင်းဖြင့် ဤ ရည်ရွယ်ချက်ကို မရနိုင်။20AH 508;CCB2 112.1

    ကျွန်ုပ်တို့သည် မှား၍ အတု ဖြစ်သော အပျော်အပါးများကို ရှောင်ကြဉ်၍ မြင်းပွဲ၊ ဖဲကစားခြင်း၊ ထီထိုးခြင်း၊ ဆုရရန် တိုက်ခိုက်ခြင်း၊ အရက်သောက်ခြင်း နှင့် ဆေးလိပ်၊ ဆေးတံသောက်ခြင်းတို့ကို ပယ်ရှားထားစဉ်၊ ကျွန်ုပ်တို့သည် သန့်ရှင်းမြင့်မြတ်၍ မြှင့်တင်ပေးသော အပျော်အပါးမျိုးကို ရှာကြံရကြမည်။ 21AH 499;CCB2 112.2

    ကြောက်စရာ အကောင်းဆုံးသော နေရာ တစ်ခုကား ကပွဲရုံ နှင့် ရုပ်ရှင်ရုံများ ဖြစ်သည်။ အများထင်ကြသည်အတိုင်း ၎င်းတို့သည် အကျင့်သီလတို့ကို သွန်သင်လမ်းပြပေးသော နေရာ ဖြစ်ရမည် အစား၊ ၎င်းတို့သည် မကောင်းသော အကျင့်ဆိုးတို့ကို ဖြစ်ပေါ်လာစေတတ်သော နေရာများ ဖြစ်ကြသည်။CCB2 112.3

    ဤ အပျော်အပါးများအားဖြင့် ဆိုးသွမ်းသော အကျင့် နှင့် အပြစ်ရှိသော ဝါသနာ အထုံများကို တိုးပွား ခိုင်မြဲလာစေတတ်သည်။ ယုတ်ညံ့သော သီချင်းများ၊ ကာမဂုဏ်ကို နှိုးဆော်သော အပြုအမူများ၊ အပြောအဆိုများ နှင့် အမူအရာ အခြေအနေတို့သည် စိတ်ကူးဉာဏ်များကို ပျက်စီးစေလျက် အကျင့်သီလကို ညံ့ဖျင်းစေ၏။ ဤကဲ့သို့သော ပြပွဲ ပျော်ပွဲမျိုးများသို့ သွားလေ့ရှိသော ပျိုရွယ်သူတို့သည် အခြေခံ တရား၌ ပျက်စီး ယိုယွင်းလာတတ်ကြသည်။ ကျွန်ုပ်တို့၏ တိုင်းပြည်တွင် ကပွဲရုံ၊ ရုပ်ရှင်ရုံတို့လောက် စိတ်ကူးဉာဏ်ကို အဆိပ် ဖြစ်စေလျက် ဘာသာတရားရေး၌ စိတ်စွဲလမ်းမှုကို ဖျက်ဆီး၍ ငြိမ်သက်သော ပျော်မွေ့ခြင်း နှင့် အသက်တာ၏ တည်ကြည် ဟုတ်မှန်သော အရာတို့ကို နှစ်သက်သော သဘောကို တုံးစေအောင် တန်ခိုးကြီး သြဇာညောင်းသော အ ရာ မရှိချေ။ အရက်သောက်လိုသော ဆန္ဒသည် ၎င်းကို ဆက်လက် အသုံးပြုခြင်းဖြင့် တိုး၍ ခိုင်မြဲလာသကဲ့သို့၊ ဤ ရှုခင်းများကို နှစ်သက်သော သဘောသည် ကာမဂုဏ် လိုက်စားမှု အမျိုးမျိုးဖြင့် တိုးပွားလာ၏။ ဘေးကင်း လုံခြုံသော နည်းလမ်း တစ်ခုကား ကပွဲရုံ၊ ဆက်ကပ်ပွဲမှ စ၍ အပျော်အပါး အမျိုးမျိုး ရှိသော နေရာကို ရှောင်ကြဉ်ခြင်းတည်း။22CT 334, 335;CCB2 112.4

    အပျော်အပါးကို နှစ်သက်သော သူတို့က ဘုရားသခင် ရှေ့တော်၌ ရိုသေသော ဝမ်းမြောက်ခြင်း နှင့် ဒါဝိဒ်မင်း၏ ကခုန်ခြင်းသည် ခေတ်အလျောက် ကခုန်ခြင်းကို ထောက်ခံ အတည်ပြုသည်ဟု ပြောဆိုကြသည်၊ သို့ရာတွင် ဤကဲ့သို့ ဆင်ခြေပေးခြင်းမှာ မဆီလျော်ချေ။ ကျွန်ုပ်တို့၏ ခေတ်ကာလတွင် ကပွဲများသည် မိုက်မဲ မသင့်တော်သော အမှုများ၊ သန်းခေါင်ကျော်တိုင်အောင် ပျော်ရွှင်မြူးတူးခြင်းပင် ဖြစ်ကြသည်။ ထိုသို့ ပျော်ပါးခြင်းအားဖြင့် ကျန်းမာရေး နှင့် အကျင့်စာရိတ္တတို့ကို ပျက်စီး ဆုံးပါးစေတတ်သည်။ လူချင်း တွဲဖက်၍ ကခုန်ခြင်း ပြုရာ ကပွဲရုံသို့ မကြာခဏ သွားတတ်သော သူတို့သည် ဘုရားကို ဆင်ခြင် အောက်မေ့၍ ရိုသေကိုင်းညွတ်ခြင်း မရှိကြ။ သူတို့ လူစုများတွင် ဆုတောင်းခြင်း၊ ကျေးဇူးတော် ချီးမွမ်းခြင်း အမှုများကို ခေတ်မဆန်ဟု သဘောထားကြသည်။ ဤ စုံစမ်းခြင်းကို အသေအချာ ပယ်ဖြတ်ဖို့ ဆုံးဖြတ်ရမည်။ သန့်ရှင်းသော အရာတို့ကို နှစ်သက် စွဲလမ်းသော စိတ်ကို ဆုတ်လျော့စေတတ်၍ ဘုရားသခင်၏ အမှုတော်၌ အားရ ဝမ်းမြောက်ခြင်း သဘောကို နည်းပါးသွားစေသော အပျော်အပါးမျိုးတို့ကို ခရစ်ယာန်တို့သည် ရှာဖွေလိုက်စားခြင်း မပြုအပ်။ ပဋိညာဉ် သေတ္တာတော်ကို ရွှေ့ပြောင်းသောအခါ၌ ဘုရားသခင်အား ဝမ်းမြောက်စွာ ချီးမွမ်းရာတွင် တီးမှုတ်၊ ကခုန်ခြင်း အမှုသည် ခေတ်ကာလ၏ ကပွဲများနှင့် အနည်းငယ်မျှ မတူချေ။ တစ်မျိုးသည် ဘုရားသခင်ကို သတိရ၍ သန့်ရှင်းသော နာမတော်ကို ချီးမြောက်ခြင်း ဖြစ်၏။ အခြား တစ်မျိုးမှာ လူတို့အား ဘုရားကို မေ့၍ ရှုတ်ချစေရန် စာတန်က စီမံကြံစည်ထားခြင်း ဖြစ်သည်။ 23PP 707;CCB2 113.1

    ကရုဏာတော်ကို ဖော်ပြနေသေးစဉ်၊ ပေးထားသော စုံစမ်း စစ်ဆေးရာ ကာလသည် အားလပ်ခွင့် ရရှိသော နေ့ကြီး တစ်နေ့ ဖြစ်သကဲ့သို့ လည်းကောင်း၊ မိမိတို့သည် ဤ လောကကြီးတွင် မိမိတို့၏ ပျော်ရွှင်မြူးတူးရေးအတွက်သာ တည် ရှိနေရသကဲ့သို့ လည်းကောင်း ပျိုရွယ်သူတို့သည် အများအားဖြင့် စိတ်ထကြွစေသော အပျော်အပါးများအားဖြင့် မိမိတို့ ကိုယ်ကို နှစ်သိမ့်စေခြင်းငှါ ပြုကျင့်နေတတ်ကြသည်။ လောကီ အပျော်အပါးတို့တွင် စိတ်ချမ်းသာမှုကို ရှာဖွေရန် နှင့် ဤ အပျော်အပါးများသည် ဘေး မဖြစ်၊ အပြစ်ကင်း၍ ကျန်းမာရေးအတွက် အရေးကြီးကြောင်း မိမိတို့ ကိုယ်တိုင် ကြိုးစား ရှင်းလင်းပြစေရန် သွေးဆောင် လမ်းပြဖို့ စာတန်သည် အထူးသဖြင့် ကြိုးစား အားထုတ်နေခဲ့ပြီ။241T 501;CCB2 113.2

    အများသော သူတို့သည် ဘုရား၏ နှုတ်ကပတ်တော်က တားမြစ်ထား၍ အကျင့်ယုတ်စေသော လောကီ အပျော်အပါးများကို စိတ်အားကြီးစွာ လိုက်စားနေကြသည်။ ထိုသို့အားဖြင့် သူတို့သည် ဘုရားသခင်နှင့် အဆက်အသွယ်ပြတ်နေလျက် ကာမဂုဏ် ပျော်ပါးခြင်းကို နှစ်သက်သော လောကီသားများနှင့် တန်းတူ ဖြစ်နေကြ၏။ မြေကြီးကို ရေလွှမ်းမမိုးမီ ခေတ်ရှိ လူများ နှင့် လွင်ပြင်တွင် ရှိသော သောဒုံမြို့၊ နှင့် ဂေါမောရမြို့ ရှိ လူတို့အား ဖျက်ဆီးသော အပြစ်ဒုစရိုက်မျိုးသည် ယခုခေတ်၌လည်း ရှိနေသေး၏။ ရုပ်ဆင်းတု ကိုးကွယ်သူများ၊ ခရစ်ယာန် ခေါ်ဝေါ်နေကြသော လူအများတို့တွင် သာမက၊ လူသား ကြွလာတော်မူခြင်းကို မျှော်လင့်နေကြသည်ဟု ပြောဆိုနေကြသော လူများတို့တွင်လည်း ဤ အပြစ်မျိုး ရှိနေ၏။ ဘုရားသခင်သည် ဤ အပြစ်များကို မိမိ ရှေ့တော်၌ မြင်ရသကဲ့သို့ သင်တို့အား ဖော်ပြရမည် ဆိုလျှင်၊ သင်တို့သည် ရှက်ခြင်း ကြောက်ရွံ့ခြင်းနှင့် ပြည့်ဝနေကြလိမ့်မည်။25218;CCB2 114.1

    စိတ်ထကြွစေသော ပျော်ရွှင်မှု နှင့် နှစ်သက်ဖွယ် ဖြစ်သော ပွဲလမ်းသဘင်တို့ကို မက်မော တောင့်တခြင်း အမှုသည် ဘုရားသခင်၏ လူများ နှင့် အထူးသဖြင့် ပျိုရွယ်သော သူများအဖို့ သွေးဆောင်ခြင်း နှင့် ထောက်ချောက် ဖြစ်သည်။ အနာဂတ် ကာလတွင် မကြာမီ ဖြစ်ပေါ်လာမည့် ရှုခင်းအတွက် ကြည်ညိုစွာ ပြင်ဆင်နေခြင်း အလုပ်မှ လူတို့၏ စိတ်ကို ဆွဲဆောင်ရန် စာတန်သည် အမြဲသဖြင့် ပြင်ဆင်နေ၏။ လောကီဆန်သော သူတို့အားဖြင့်၊ သတိမရှိသော သူတို့အား လောကီ ပျော်မွေ့ခြင်းကို ပါဝင် လိုက်စားစေရန် စာတန်သည် စိတ်ထကြွစေသော အရာတို့ကို အမြဲ ကြိုးစား၍ ဖော်ပြထား၏။ လောကကို နှစ်သက်လာအောင် သွေးဆောင်နေသော ပြပွဲများ၊ ဟောပြောပွဲများ နှင့် မကုန် နိုင်အောင် များပြားသော ပျော်ရွှင်ပွဲသဘင်များ ရှိကြသည်၊ ဤကဲ့သို့ လောကနှင့် ပေါင်းဖော် ဆက်ဆံခြင်းဖြင့် ယုံကြည်ခြင်းသည် အားနည်းလာ၏။CCB2 114.2

    လောကီ အပျော်အပါးကို လိုက်စားသော သူတို့ကို ဘုရားသခင်သည် မိမိ၏ တပည့်တော်များ အဖြစ် ပိုင်ဆိုင်တော်မမူ။ ကိုယ်ကိုကိုယ် ငြင်းပယ်သော သူ၊ ဣန္ဒြေရှိလျက် နှိမ့်ချ၍ သန့်ရှင်းစွာ နေထိုင်သော သူတို့သာလျှင် သခင်ယေရှု၏ တပည့်တော်စစ်များ ဖြစ်ကြသည်၊ ၎င်းပြင် ထိုကဲ့သို့သော သူတို့သည် လောကကို ချစ်သော သူတို့ နှင့်အတူ ပေါ့ဆ၍ အကျိုးမရှိသော စကားတို့ကို မပြောမဆိုနိုင်ကြ။ 26CT 325, 328;CCB2 115.1

    သင်သည် အမှန်ပင် သခင်ခရစ်တော် ပိုင်ဆိုင်သော သူ ဖြစ်လျှင်၊ ကိုယ်တော်အတွက် သက်သေခံဖို့ အခွင့်အရေးများ ရရှိလိမ့်မည်။ သင်သည် အပျော်အပါး ပြုလုပ်သော နေရာများသို့ ခေါ်ဖိတ်ခြင်း ခံရလိမ့်မည်။ ထိုအခါ သင်သည် သခင်ဘုရားအတွက် သက်သေခံနိုင်သော အခွင့်ကို ရရှိလိမ့်မည်။ သင်သည် ထိုအခါ သခင်ခရစ်တော် ဘက်၌ သစ္စာစောင့်လျှင်၊ မလာမရောက်နိုင်ခြင်းကြောင့် အခွင့်လွှတ်ဖို့ သင်သည် ပြောဆိုမနေဘဲ၊ သင်သည် ဘုရားသခင်၏ သားသမီး ဖြစ်ကြောင်းကို ထင်ရှား ယဉ်ကျေးစွာ ဖော်ပြလိမ့်မည်။ ၎င်းပြင် သင်၏ အခြေခံ တရားများက၊ သင်၏ သခင်ဘုရားအား ကြွရောက်စေရန် သင် မခေါ်ဖိတ်နိုင်သော နေရာ တစ်စုံတစ်ခုသို့ တစ်ကြိမ်မျှပင် သင့်အား သွားရောက်စေရန် ခွင့်ပြုလိမ့်မည် မဟုတ်။ 27 AH 519;CCB2 115.2

    ခရစ်ယာန် ပျော်မြူးခြင်းအတွက် သခင်ခရစ်တော်၏ တပည့်တော်များ ပေါင်းသင်းခြင်း အမှုများ နှင့် အပျော်အပါး၊ ပွဲလမ်းသဘင်တို့အတွက် လောကီသားများ စုရုံးကြခြင်း အမှုများသည် ထူးခြားစွာ ခြားနားလိမ့်မည်။ ဆုတောင်းခြင်း၊ သခင်ခရစ်တော် အကြောင်း နှင့် သန့်ရှင်းသော အရာများ အကြောင်း ပြောဆိုခြင်း အမှုများ အစား လောကကို နှစ်သက်သော သူတို့၏ နှုတ်မှ ရိုင်းစိုင်း မိုက်မဲစွာ ရယ်မောခြင်း နှင့် ပေါ့ဆသော စကားများတို့ကို ကြားရလိမ့်မည်။ သူတို့၏ စိတ်ကူးကား လူအများနှင့် အကြီးအကျယ် ပျော်ကြူး ခြင်း ဖြစ်သတည်း။ သူတို့၏ ပျော်ပွဲသဘင်များသည် မိုက်မဲ အကျိုးမရှိခြင်းနှင့် အစပြု၍ အနတ္တ၌ အဆုံးသတ်၏။28AH 512.CCB2 115.3