Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျွန်ုပ်တို့ သဘောမတူဘဲ စာတန်သည် စိတ်ထဲသို့ မဝင်နိုင်။

    ကျွန်ုပ်တို့ မခံနိုင်သော စုံစမ်းခြင်းမျိုးကို တွေ့ကြုံရမည် မဟုတ်၊ သို့ရာတွင် စုံစမ်းခြင်းတိုင်းတွင် လွတ်မြောက်ရာလမ်းကို ပေးတော်မူမည်ဟု ဘုရားသခင်က စီမံထားတော်မူ၏။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် လုံးလုံး အသက်ရှင်ကြလျှင် ကျွန်ုပ်တို့သည် စိတ်ကို ကိုယ်ကျိုးအတွက် စဉ်းစားစေဖို့ အခွင့်ပေးကြမည် မဟုတ်။CCB2 117.4

    စာတန်သည် စိတ်ထဲသို့ ဝင်ရောက်နိုင်သော လမ်းကို တွေ့နိုင်လျှင်၊ သူသည် တောပင်များကို စိုက်ပျိုး၍ များစွာ ပေါက်ပွားလာစေရန် ပြုလုပ်လိမ့် မည်။ ကျွန်ုပ်တို့သည် စာတန်အား ဝင်ရောက်လာစေဖို့ တံခါးဖွင့် မပေးကြလျှင်၊ မည်သည့် နည်းနှင့်မျှ သူသည် အကြံအစည်၊ အပြောအဆို နှင့် အပြုအမူတို့ကို မစိုးမိုးနိုင်။ ဖွင့်ပေးလျှင် သူသည် ဝင်ရောက်လာ၍ စိတ်နှလုံးထဲ၌ ကြဲထားသော ကောင်းသော မျိုးစေ့များကို ကောက်ယူသွားလျက် သမ္မာတရားအားဖြင့် အကျိုး မဖြစ်ထွန်းစေခြင်းငှါ သူသည် ပြုလုပ်လိမ့်မည်။CCB2 117.5

    စာတန်၏ အကြံပေးချက်တို့ကို လိုက်နာခြင်းဖြင့် ရရှိမည့် အကျိုးအပြစ်တို့ကို ကျွန်ုပ်တို့သည် တွေးတောနေခြင်းဖြင့် ဘေးမကင်းချေ။ အပြစ်သည် ၎င်းတို့ကို လိုက်စားသော ဝိညာဉ်တိုင်းအဖို့ ရှုတ်ချခြင်း နှင့် ဘေးဒုက္ခ ဖြစ်ပေသည်။ သို့ရာတွင် ၎င်းသည် သဘာဝအလျောက် ချည်နှောင်၍ လှည့်ဖြားတတ်၏။ ၎င်းပြင် ကျွန်ုပ်တို့ကို မြှောက်ပင့်၍ သွေးဆောင်တတ်၏။ ကျွန်ုပ်တို့သည် စာတန်၏ နေရာသို့ စွန့်စားသွား စွန့်စားသွားဝံ့ကြလျှင်၊ ကျွန်ုပ်တို့သည် သူ၏ တန်ခိုးမှ ကာကွယ်ထားခြင်းကို ရရှိမည်ဟု ဂတိထားတော်မမူ။ ထိုကြောင့် ကျွန်ုပ်တို့၏ တာဝန်ကား၊ သွေးဆောင်သော သူသည် ကျွန်ုပ်တို့ထံသို့ ဝင်ရောက်နိုင်သော လမ်းရှိသမျှကို ပိတ်ဆို့တားဆီးခြင်းတည်း။CCB2 118.1

    ခရစ်ယာန်တိုင်းသည် စိတ်နှလုံးထဲသို့ စာတန် ဝင်ရောက်နိုင်သော အဝင်ဝ ရှိသမျှကို အမြဲ စောင့်ရှောက် ကာကွယ်ထားရမည်။ သူသည် ဘုရားသခင်၏ အကူအညီအတွက် ဆုတောင်း၍ တစ်ချိန်တည်း၌ပင် အပြစ် ပြုလုပ်လိုသော ဆန္ဒ ရှိသမျှကို ဇွဲကောင်းကောင်းနှင့် တားဆီးရမည်။ ရဲရင့်ခြင်း၊ ယုံကြည်ခြင်း၊ ကြိုးစား အားထုတ်၍ လုပ်ဆောင်ခြင်းအားဖြင့် သူသည် အောင်မြင်နိုင်၏။ သို့ရာတွင် အောင်မြင်ခြင်းကို ရရှိဖို့ရန် သခင်ခရစ်တော်သည် သူ၏ အထဲ၌ တည်နေတော်မူရ၍ သူသည် သခင်ခရစ်တော်၌ တည်နေရမည်ကို သူသည် သတိပြုပါစေ။CCB2 118.2

    လောကတွင် ပြုကျင့်နေကြသော ဆိုးသွမ်းသော အမှုတို့ကို ကျွန်ုပ်တို့သည် မမြင်နိုင်သော နေရာ၌ မိမိတို့ ကိုယ်တိုင် နှင့် မိမိတို့၏ သားသမီးများကို နေရာချထားရန် တတ်နိုင်သမျှအတိုင်း ပြုလုပ်ရကြမည်။ ဤ ကြောက်စရာကောင်းသော အရာတို့သည် ကျွန်ုပ်တို့၏ စိတ်ထဲသို့ မဝင်နိုင်မည် အကြောင်း မိမိတို့ မျက်စိ၏ စက္ခုအာရုံ နှင့် နား၏ သဒ္ဒအာရုံတို့ကို သေချာစွာ စောင့်ရှောက် ကာကွယ်ထားရကြမည်။ ချောက်ကမ်းပါး၏ အစွန်းနားတွင် မည်မျှ နီးကပ်စွာ လျှောက်နိုင်၍ ဘေးကင်းနိုင်မည်ဟု မကြံစည်ပါနှင့်။ ဘေးရောက်စေသော ပထမဦးဆုံး လမ်းကို ရှောင်ကြဉ်ပါ။ ဝိညာဉ်၏ အကျိုးခံစားမှုကို မထီလေးစား မပြုလုပ်သင့်။ သင်၏ မူရင်း အရာမှာ သင်၏ အကျင့်စာရိတ္တ ဖြစ်သည်။ ရွှေဘဏ္ဍာကဲ့သို့ ၎င်းကို စောင့်ရှောက် ပြုစုလော့။ အကျင့်စာရိတ္တ၌ ဖြူစင်ခြင်း၊ ကိုယ်ကိုကိုယ် ရိုသေ ထောက်ထားခြင်း၊ တားဆီး ကာကွယ်နိုင်ရန် ခွန်အားကြီးသော တန်ခိုးသတ္တိတို့ကို မြဲမြံ ခိုင်မာစွာ မွေးမြူရမည်။ သီးသန့် ကာကွယ်ထားသော နေရာမှ အနည်းငယ်မျှ ထွက်ခွာ မသွားရ။ အရောဝင်ခြင်း အမှု တစ်ခု၊ သတိကင်းခြင်း အမှု တစ်ခုအားဖြင့် စုံစမ်းသွေးဆောင်ခြင်းသို့ လမ်းဖွင့်ပေးသဖြင့်၊ ဝိညာဉ်သည် ဘေးရောက်၍ ခုခံ တားဆီးနိုင်သော သတ္တိသည် အားနည်းသွားနိုင်၏။1AH 401-404.CCB2 118.3