Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဝိညာဉ်ကို ဖျက်ဆီးသော စာပေများက ဖတ်ရှုခြင်း။

    စာပုံနှိပ်တိုက်များမှ မြောက်များစွာသော စာပေများကို အမြဲသဖြင့် ရိုက်နှိပ် ဖြန့်ဖြူးနေသဖြင့် လူကြီး နှင့် လူငယ်တို့၌ စာပေတို့ကို အလျင်အမြန် နှင့် အပေါ်ယိကလောက် ဖတ်ရှုတတ်သော အလေ့အကျင့် ရှိလာကြသဖြင့်၊ စိတ်ထဲ၌ တတ်မြောက်သော အကြံအစည်တို့ကို ဆက်သွယ်ကြည့်တတ်သော သတ္တိကို ယုတ်လျော့လာစေ၏။ ထိုမျှမကသေး၊ အဲဂုတ္တုပြည်၏ ဖါးများကဲ့သို့ တိုင်းပြည်တွင် နှံ့ပြားနေသော စာစောင် နှင့် စာအုပ်များသည် ရိုးနေလျက် ပျင်းစရာ ကောင်းပြီး စိတ်ဓါတ်ကို အားနည်းစေသည် သာမက မသန့်ရှင်းလျက် ယုတ်ညံ့ကြ၏။ ၎င်းတို့သည် စိတ်ကို ထုံထိုင်း ပျက်စီးစေသည် သာမက ဝိညာဉ်ကိုလည်း ပျက်စီးဆုံးပါးစေ၏။3Ed 189, 190;CCB2 123.1

    ကလေးများ နှင့် ပျိုရွယ်သူတို့ကို ပညာသင်ပေးရာ၌ ယခုအခါ ဒဏ္ဍာရီ၊ ပုံပြင် နှင့် လုပ်ကြံရေးထားသော ဝတ္ထုတို့ကို အများအပြား အသုံးပြုနေကြသည်။ ဤ သဘောမျိုး ပါဝင်သော စာအုပ်များကို စာသင်ကျောင်းများတွင် အသုံးပြုနေကြလျက် အများသော အိမ်တို့တွင် ၎င်းစာအုပ်တို့ကို တွေ့ရသည်။ ခရစ်ယာန် မိဘတို့သည် အမှားများနှင့် ပြည့်နေသော စာအုပ်များကို အသုံးပြုဖို့ မိမိတို့၏ သားသမီးများတို့ကို မည်ကဲ့သို့ အခွင့် ပြုနိုင်မည်နည်း၊ သားသမီးများက မိမိတို့ မိဘများက သွန်သင်သော အရာတို့နှင့် ဆန့်ကျင်ဖက် ဖြစ်သော ပုံဝတ္ထုတို့၏ အနက်အဓိပ္ပါယ်ကို မေးမြန်းကြသောအခါ၊ ဝတ္ထုများမှာ မမှန်ကြောင်း ဖြေဆိုရလေ၏။ သို့ရာတွင် ဤ နည်းဖြင့် ၎င်းတို့ကို အသုံးပြုခြင်း၏ ဆိုးကျိုးကို ပယ်ရှားမပစ်ချေ။ ဤ စာအုပ်များတွင် ဖော်ပြထားသော ထင်မြင်ချက်တို့သည် သားသမီးတို့အား လမ်းမှားကို ပြပေး၏။ ၎င်းတို့သည် အသက်တာ၏ မှားသော အထင်အမြင်တို့ကို ဖော်ပြသဖြင့်၊ အကယ်မဟုတ်သော အရာတို့ကို အလိုရှိသော ဆန္ဒကို ဖြစ်ပေါ်ပွားများစေ၏။ သမ္မာတရားမှ လွဲသွားစေသော အရာများ ပါရှိသော စာအုပ်များကို ကလေးများ၊ ပျိုရွယ်သူများ၏ လက်ထဲတွင် ဘယ်အခါမျှ မထားမရှိစေရ။ ကျွန်ုပ်တို့၏ သားသမီးများအား ပညာသင်ကြားနေစဉ်အခါတွင် အပြစ်၏ မျိုးစေ့များ ဖြစ်သည်ဟု ထင်ရှားစေ ဖော်ပြသော ထင်မြင်ချက်များကို မရရှိကြပါစေနှင့်။4CT 384, 385;CCB2 123.2

    ကျွန်ုပ်တို့က အမြဲသဖြင့် စောင့်ရှောက် ကာကွယ်ပေးဖို့ သင့်သော ဘေးဥပဒ် ဖြစ်စေသော အခြား အကြောင်းရင်း တစ်ခုမှာ မယုံကြည်သော စာရေးဆရာတို့၏ စာပေများကို ဖတ်ရှုခြင်း ဖြစ်သည်။ ထိုသို့သော အလုပ်မျိုးတို့ကို သမ္မာတရား၏ ရန်သူက နှိုးဆော် အားပေးသဖြင့်၊ စိတ်ဝိညာဉ်ကို ဘေးဥပဒ် မဖြစ်စေဘဲ မည်သူမျှ ထိုစာအုပ်များကို မဖတ်နိုင်။ ၎င်းစာအုပ်များအားဖြင့် စိတ်ထဲ၌ ထိခိုက်ခြင်း ခံရသော သူ အချို့တို့သည် နောက်ဆုံး၌ ပြုပြင်၍ ရနိုင်သည်မှာ မှန်ပေ၏။ သို့ရာတွင် ၎င်းတို့၏ မကောင်းသော တန်ခိုး အာနိသင်ကို စမ်းသပ်ကြည့်ဖူးသော သူအပေါင်းတို့သည် စာတန်၏ နေရာသို့ မိမိတို့ ကိုယ်ကို ရောက်ရှိနေစေသဖြင့် စာတန်သည် မိမိ၏ အခွင့်အရေးကို အထူးသဖြင့် အသုံးပြုလေ၏။ သူတို့သည် သူ၏ သွေးဆောင်ခြင်းတို့ကို လက်ခံသောအခါ၊ သူတို့၌ ၎င်းတို့ကို တားဆီး ခုခံနိုင်အောင် ဝေဖန်နိုင်သော ဉာဏ် နှင့် ခွန်အား မရှိချေ။ ညှို့၍ ပြုစားတတ်သော တန်ခိုးအားဖြင့်၊ မယုံကြည်ခြင်း နှင့် သစ္စာ ပျက်ခြင်း သဘောတို့သည် သူတို့၏ စိတ်ထဲ၌ စွဲမြဲလာလေ၏။5CT 135, 136;CCB2 124.1