Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စာအုပ်တို့တွင် အကောင်းဆုံး စာအုပ်။

    လူတစ်စုံတစ်ယောက်၏ ဘာသာရေး အတွေ့အကြံ အကြောင်းကို အားလပ်ချိန်တွင် ဖတ်ဖို့ရန် သူ ရွေးချယ်သော စာအုပ်၏ သဘောအားဖြင့် ထင်ရှားစေ၏။ ကျန်းမာ ကောင်းမွန်သော စိတ်သဘော နှင့် ဘာသာရေး အခြေခံ တရားများ ရရှိမည် အကြောင်း ပျိုရွယ်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်နှင့် မိတ်ကျွမ်းဝင်လျက် နေထိုင်ရမည်။ သခင်ခရစ်တော်အားဖြင့် ကယ်တင်ရာ လမ်းကို ညွှန်ပြလျက် ကျမ်းစာအုပ်သည် သာ၍ မြင့်မြတ် ကောင်းမွန်သော အသက်တာအတွက် ကျွန်ုပ်တို့၏ လမ်းပြ ဖြစ်၏။ ရေးထားခဲ့သမျှသော စာပေတို့တွင် စိတ်ပါဝင်စားဖွယ် အကောင်းဆုံး ဖြစ်၍ အကောင်းဆုံး သွန်သင် လမ်းပြသော ရာဇဝင် နှင့် ကိုယ်တိုင်၏ အတ္ထုပ္ပတ္တိများသည် ၎င်းစာအုပ်တွင် ပါဝင်၏။ လုပ်ကြံရေးသော ဝတ္ထုများကို ဖတ်ရှုခြင်းဖြင့် မိမိတို့၏ စိတ်ကူးကို လွဲမှားခြင်း မဖြစ်စေသော သူတို့သည် ကျမ်းစာအုပ်ကို စိတ်ပါဝင်စားဖွယ် အကောင်းဆုံး စာအုပ် အဖြစ် တွေ့ရှိရလေသည်။CCB2 126.1

    ကျမ်းစာအုပ်သည် စာအုပ် အပေါင်းတို့တွင် အကောင်းဆုံး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အဖိုးထိုက်သော ဘဏ္ဍာတို့ကို ပိုင်ဆိုင်ရရှိ၍ ကောင်းမြတ်သော အကျင့် အပေါင်းနှင့် လုံးလုံး ပြည့်ဝမည် အကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်သည် နှစ်သက်လျက် အခွင့်ရသောအခါတိုင်း ၎င်းကို စေ့စေ့ ရှာဖွေ ဖတ်ရှုလျှင်၊ သခင်ယေရှုသည် သင့်ကို မိမိ အထံတော်သို့ ဆွဲယူနေတော်မူသည်ကို သင်သည် အသေအချာ သိရှိ ယုံကြည်နိုင်လိမ့်မည်။ ကိုယ်တော်၏ ပညတ်နှင့် ညီညွတ်မည် အကြောင်း၊ သခင် ခရစ်တော်၏ သင်ခန်းစာများကို နားလည်ရန် မကြိုးစားဘဲ၊ ကျမ်းစာကို အမှတ်မဲ့ ဖတ်ရှုခြင်းသည် မလုံလောက်သေးပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဘဏ္ဍာများ ရှိသဖြင့်၊ သမ္မာတရား တည်းဟူသော တွင်းနက်ထဲသို့ ရောက်သည်တိုင်အောင် အလွန် နက်စွာ ဆင်းမှာသာ ၎င်းကို တွေ့ရှိနိုင်လိမ့်မည်။CCB2 126.2

    ဇာတိပကတိ စိတ်သဘောသည် သမ္မာတရားကို ငြင်းပယ်၏။ သို့ရာတွင် ပြောင်းလဲသော ဝိညာဉ်၌ အံ့သြဖွယ် ပြောင်းလဲခြင်း ဖြစ်လာ၏။ အပြစ်သား တစ်ဖက်၌ သက်သေခံသော သမ္မာတရားကို ဖော်ပြသဖြင့်၊ အထက်က စွဲလမ်းခြင်း မရှိသော စာအုပ်သည် ယခု ဝိညာဉ်၏ အစာ၊ အသက်တာ၏ ဝမ်းမြောက်ခြင်း နှင့် စိတ်သက်သာစရာ ဖြစ်လာ၏။ သန့်ရှင်းသော စာမျက်နှာတို့တွင် ဖြောင့်မတ်ခြင်း၏ တရားနေမင်းသည် ထွန်းလင်း၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းစာမျက်နှာများအားဖြင့် ဝိညာဉ်အား မိန့်တော်မူ၏။CCB2 127.1

    မရေရာသော စာပေတို့ကို ဖတ်ခြင်း အမှု၌ နှစ်သက်သော သူတို့သည် ယခု မြဲမြံသော အနာဂတ္တိစကားကို ဂရုစိုက် လေ့လာကြပါစေ။ သင်၏ ကျမ်းစာအုပ်ကို ယူ၍ ဓမ္မဟောင်း နှင့် ဓမ္မသစ်ကျမ်းတို့၏ သန့်ရှင်းသော မှတ်တမ်းတို့ကို အသစ်သော စိတ်ပါဝင်စားခြင်းနှင့် အစပြု လေ့လာ ဖတ်ကြည့်ပါ။ သင်သည် မကြာခဏ သာ၍ ကြိုးစားအားထုတ်လျက် ကျမ်းစာအုပ်ကို လေ့ကျက် ဖတ်ရှုလျှင်၊ ၎င်းသည် သာ၍ တင့်တယ် ဖတ်ချင်ဖွယ် ဖြစ်လာ၍ မရေရာသော စာပေ ဖတ်ရှုခြင်း၌ သင်သည် စွဲလမ်းမှု နည်းပါးသွားလိမ့်မည်။ ဤ အဖိုးထိုက်တန်သော စာစောင်ကို သင်၏ စိတ်ထဲ၌ အမြဲ စွဲလမ်းလျက် နေပါစေ။ ၎င်းသည် သင့်အဖို့ မိတ်ဆွေ တစ်ဦး နှင့် လမ်းပြသော သူ ဖြစ်လာလိမ့်မည်။8MYP 273, 274.CCB2 127.2