Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူအပေါင်းတို့ အကြောင်း အကောင်း ထင်မှတ်ခြင်း။

    ကျွန်ုပ်တို့သည် မိမိတို့၏ ညီအစ်ကို တစ်ယောက် အကြောင်း ကဲ့ရဲ့ ပြစ်တင် ပြောဆိုသော စကားကို နားထောင်သောအခါ ကျွန်ုပ်တို့သည် ထိုကဲ့ရဲ့ပြစ်တင် စကားကို လက်ခံကြ၏။ “အို ထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်ရပါမည်နည်း။ သန့်ရှင်းသော တောင်တော်ပေါ်မှ အဘယ်သူ နေရပါမည်နည်း” ဟု မေးသောအခါ၊ ဆာလံဆရာက ဤကဲ့သို့ ပြန်ဖြေ၏။ “ဖြောင့်မတ်သော အကျင့်၊ တရားသော အမှုကို ပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံး ပါလျက် ပြောထသော၊ သူတစ်ပါး၏ အသရေကို ပျက်စေခြင်းငှါ ပြောဆိုခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သော သူ၏ အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော သူ။” ဆာလံ၊ ၁၅: ၁-၃။CCB2 132.1

    မိမိအား အခြားသူ၏ အပြစ် အကြောင်း ပြောပြသော သူတို့သည် အခွင့်သာသောအခါ မိမိ၏ အပြစ်ကိုလည်း အနှံ့အပြား သတင်းလွှင့်လိမ့်မည်ဟု လူတိုင်း သတိပြုကြလျှင်၊ အတင်းပြောခြင်း လုပ်ငန်းသည် ပပျောက်သွားလိမ့်မည်။ အခြားသူတို့ အကြောင်း မကောင်း သတင်းကို အမှန် သိလာသည် တိုင်အောင်၊ အခြားသော သူအပေါင်း၊ အထူးသည် ကျွန်ုပ်တို့၏ ညီအစ်ကိုများ အကြောင်း အကောင်း ထင်မြင်ဖို့ရန် ကျွန်ုပ်တို့သည် ကြိုးစားရကြမည်။ ကျွန်ုပ်တို့သည် မကောင်းသော သတင်းကို အလွယ်တကူ မယုံကြည်သင့်၊ ဤ သတိများသည် မနာလိုသောကြောင့် သို့မဟုတ် အထင်လွဲသောကြောင့် ဖြစ်လိမ့်မည်၊ သို့မဟုတ် အကြောင်းမှန်ကို ကား၍ ပြောဆိုခြင်း၊ တစ်ပိုင်းတစ်စ ကြားရခြင်းတို့ကြောင့်လည်း ဖြစ်တတ်သည်။ မနာလိုခြင်း နှင့် မယုံသင်္ကာ ဖြစ်ခြင်း အမှုတို့ကို တစ်ကြိမ် အခွင့်ပေးခဲ့လျှင် ၎င်းတို့သည် ဆူးလေပင်၏ ဆူးများကဲ့သို့ ပျံ့နှံ့သွားလိမ့်မည်။ ညီအစ်ကို တစ်ယောက်သည် လမ်းလွဲသွားလျှင်၊ ထိုအခါ သူ့အား သင်သည် အ ကယ်ပင် ဂရုစိုက် စိတ်ဝင်စားကြောင်းကို ပြရမည်။ သူ့အား ရွေးနှုတ်ဖို့ရန်အတွက် သခင်ခရစ်တော်သည် အနန္တ အဖိုးအခကို အပ်ပေးတော်မူခဲ့ကြောင်းကို သတိရလျက် သူ့ထံသို့ သွား၍ သူ နှင့်အတူ သူ့အတွက် ဆုတောင်းပေးလော့၊ ဤ နည်းအားဖြင့် သင်သည် ဝိညာဉ် တစ်ဦးကို သေခြင်းမှ ကယ်နှုတ်၍ မြောက်များစွာသော အပြစ်တို့ကို ဖုံးကွယ်ထားလိမ့်မည်။CCB2 132.2

    မုသား ပြောဆိုခြင်းတွင် ရုတ်တရက် စောင်းကြည့်ခြင်း၊ စကား တစ်ခွန်း ပြောခြင်း၊ သံနေသံထား ပြောင်းခြင်းတို့သည် အရေးကြီး၍ တစ်စုံတစ်ယောက်သော သူ၏ စိတ်နှလုံးထဲသို့ အထစ် ရှိသော မြှားကဲ့သို့ စူးဝင်သွားပြီး ကုသ၍ မရနိုင်သော အရာကို ဖြစ်စေတတ်သည်။ ထိုသို့အားဖြင့် ဘုရားသခင်သည် ကောင်းသော အမှုကို ပြီးမြောက်အောင် ပြုလုပ်စေလိုသော သူ တစ်စုံတစ်ယောက် အပေါ်၌ ယုံမှားခြင်း၊ အပြစ်တင်ခြင်းကို ပြုတတ်ကြ၍ သူ၏ သြဇာညောင်းမှုသည် ပြယ်သွားပြီး သူ၏ အသုံးကျခြင်းကို ပျက်စီးစေ၏။ အချို့သော တိရိစ္ဆာန်မျိုးတို့တွင်၊ တစ်ကောင်သည် ဒဏ်ရာရ၍ ကျဆုံးသွားလျှင်၊ ချက်ချင်း အခြားသော အကောင်များသည် ၎င်းကို ဝိုင်းအုံလာပြီး အပိုင်းပိုင်း ဖြစ်အောင် ကိုက်ဖြတ်ပစ်ကြ၏။ သခင်ခရစ်တော်၏ နာမတော်ကို ခံယူသော ယောက်ျား၊ မိန်းမတို့၌လည်း ထိုကဲ့သို့သော ရက်စက်သော သဘောမျိုး ရှိတတ်ကြသည်။ မိမိတို့ ကိုယ်တိုင်ထက် အပြစ် နည်းသော အခြားတို့ကို ကျောက်ခဲနှင့် ပေါက်ရန် သူတို့သည် ဖါရိရှဲတို့၏ သဘောမျိုးကို ပြကြ၏။ မိမိတို့ ကိုယ်တိုင်၏ အပြစ်ကို မမြင်စေရန်၊ သို့မဟုတ် ဘုရားသခင် နှင့် အသင်းတော်အတွက် စိတ်အားကြီးခြင်း အမှုအတွက် ဂုဏ်ယူရန် အခြားသော သူတို့၏ အပြစ် နှင့် ဆုံးရှုံးမှုတို့ကို ညွှန်ပြနေသော သူ အချို့ ရှိကြသည်။ 25T 58, 59;CCB2 133.1

    သခင်ခရစ်တော်၏ ကျွန်တော်၏ ရည်ရွယ်ချက်များ နှင့် အလုပ်အကိုင်တို့ကို ဝေဖန် အတင်းပြောနေခြင်း၌ ကုန်လွန်စေသော အချိန်ကို ဆုတောင်းခြင်းဖြင့် ကုန်လွန်စေသော် သာ၍ ကောင်း၏။ မကြာခဏ အပြစ် ရှာသော သူတို့သည် မိမိတို့ အပြစ် ရှာသော သူတို့နှင့် စပ်ဆိုင်၍ အမှန်ကို သိမြင်လျှင်၊ သူတို့သည် ထိုသူတို့ အကြောင်း ခြားနားသော ထင်မြင်ချက်ကို ရရှိလာလိမ့်မည်။ အခြားသူတို့ကို ဝေဖန် အပြစ် ရှာ၍ အပြစ်စီရင်နေမည့် အစား၊ လူတိုင်း ဤကဲ့သို့ ပြောဆိုလျှင် မည်မျှ သာ၍ ကောင်းမည်နည်း။ “ကျွန်ုပ်သည် မိမိ ကိုယ် တိုင် ကယ်တင်ခြင်း ရရှိဖို့ ကြိုးစားရမည်။ ကျွန်ုပ်၏ ဝိညာဉ်ကို ကယ်တင်ရန် ဆန္ဒ ရှိတော်မူသော ကိုယ်တော် နှင့် ကျွန်ုပ်သည် အတူတကွ ပူးပေါင်း လုပ်ဆောင်လျှင်၊ ကျွန်ုပ်သည် မိမိ ကိုယ်ကို ကြိုးစား၍ စောင့်ကြည့်နေရမည်။ မိမိ၏ အသက်တာမှ မကောင်းသော အရာ ရှိသမျှကို ပယ်ဖြတ်ရမည်။ ကျွန်ုပ်သည် သခင်ခရစ်တော်၌ အသစ်သော သတ္တဝါ ဖြစ်လာရမည်။ အပြစ် ရှိသမျှကို အောင်မြင်ရမည်။ ထိုနောက် ဆိုးသော အရာကို တိုက်လှန်နေသော သူတို့ကို အားနည်းအောင် ပြုလုပ်မည့် အစား၊ ခွန်အား ရှိစေသော စကားများဖြင့် ကျွန်ုပ်တို့သည် သူတို့ကို အားပေး တိုက်တွန်းနိုင်သည်။”CCB2 133.2