Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မနာလိုသော သူသည် အခြားသူတို့၌ အကောင်းကို မမြင်။

    ကျွန်ုပ်တို့၏ ရှုပ်ထွေးခြင်း အမှုများ နှင့် စိတ်ပျက်စရာ အမှုများတို့အား မိမိတို့၏ စိတ်ဝိညာဉ်ကို ဖျက်ဆီး၍ ကျွန်ုပ်တို့အား စိတ်ဆိုး၍ သည်းမခံစေအောင် ပြုလုပ်စေဖို့ အခွင့် မပေးသင့်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ပြစ်မှားကြမည်ကို စိုးရိမ်သဖြင့်၊ ရန်တွေ့ စကားများခြင်း၊ မကောင်း ထင်မှတ်ခြင်း သို့မဟုတ် မကောင်း ပြောဆိုခြင်းများ မရှိကြစေနှင့်။ ညီမောင်၊ သင်၏ စိတ်ထဲ၌ မနာလို ငြူစူခြင်း နှင့် ရမ်းဆ၍ မကောင်း ပြောခြင်း အမှုများ ဝင်ရောက်စေလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ မတည်မနေနိုင်။ သခင်ခရစ်တော်၌ ရှိသော ပြည့်စုံခြင်းကို ရှာဖွေလော့။ အကြံအစည်၊ အပြောအဆို၊ အပြုအမူတိုင်းတွင် ကိုယ်တော်၏ အကြောင်းကို ထင်ရှားပါစေ။ တမန်တော်တို့ လက်ထက်၌ သူတို့ အားလုံးကို စိတ်သဘော တစ်ညီတစ်ညွတ်တည်း ဖြစ်စေခဲ့သော ချစ်ခြင်းမေတ္တာ၏ နှစ်ခြင်းကို သင်သည် နေ့တိုင်း လိုနေ၏။ ဤ မေတ္တာသည် ကိုယ်၊ စိတ် နှင့် ဝိညာဉ်အား ကျန်းမာခြင်းကို ဖြစ်စေလိမ့်မည်။ ဝိညာဉ် အသက်တာကို ခိုင်ခံ့စေသော ပတ်ဝန်းကျင် နှင့် သင်၏ ဝိညာဉ်ကို ဝိုင်းထားပါ။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ရဲရင့်ခြင်း၊ ချစ်ခြင်းမေတ္တာတို့ကို ပြုစုပေးပါ။ ဘုရားသခင်၏ ငြိမ်သက်ခြင်း ချမ်းသာသည် သင်၏ စိတ်နှလုံးထဲ၌ စိုးမိုးပါစေ။48T 191;CCB2 134.1

    မနာလိုခြင်းသည် စိတ်သဘော ပြောင်းလွဲသည် သာမက၊ စိတ်မချမ်းသာသော အမှု ဖြစ်၍ ၎င်းသည် စွမ်းရည်သတ္တိ အပေါင်းကို ရှုပ်ထွေးသွား စေ၏။ ၎င်းသဘောသည် စာတန်မှ အစပြု၏။ သူသည် ကောင်းကင်၌ ပထမဦးဆုံး နေရာတွင် နေလို၏။ ၎င်းပြင် သူ အလိုရှိသော တန်ခိုး နှင့် ဘုန်းစည်းစိမ် အပေါင်းကို မရနိုင်သောကြောင့်၊ သူသည် ဘုရားသခင်၏ အုပ်စိုးခြင်း အာဏာစက်ကို ပုန်ကန်၏။ သူသည် ကျွန်ုပ်တို့၏ ပထမ မိဘ နှစ်ပါးကို အပြစ် ပြုစေရန် သွေးဆောင်၍ ထိုသို့အားဖြင့် သူတို့ နှင့် လူမျိုး အပေါင်းတို့ကို ပျက်စီးစေလေ၏။CCB2 134.2

    မနာလိုတတ်သော သူသည် အခြားသူ၏ ကောင်းမြတ်သော အရည်အချင်း နှင့် မြင့်မြတ်သော အပြုအမူတို့ကို မကြည့်မမြင်လို။ သူသည် အလွန် ကောင်းမြတ်သော အရာတို့ကို အမြဲ ရှုတ်ချ၍ အလွဲ ဖော်ပြရန် အသင့် ရှိတတ်သည်။ လူတို့သည် ခဏခဏ အခြားသော အပြစ်များကို ဝန်ချ တောင်းပန်၍ စွန့်ပယ်တတ်ကြ သော်လည်း၊ မနာလိုသော သူထံမှ မျှော်လင့်စရာ အနည်းငယ်မျှလောက်သာ ရှိ၏။ လူ တစ်စုံတစ်ယောက်အား မနာလိုခြင်းကား ထိုသူသည် မိမိထက် သာလွန်ကြောင်း ဝန်ခံခြင်း ဖြစ်သောကြောင့်၊ မနာလိုသော သူအား မိမိ အပြစ်ကို သိမြင်စေရန် ကြံစည် ကြိုးစားလျှင်၊ မိမိ တပ်မက်သော အရာအတွက် သာ၍ပင် အမျက်ဒေါသ ထွက်လာသဖြင့် သူသည် အမြဲလိုပင် ကုသ ပြုပြင်ပေး၍ မရဘဲ နေလိမ့်မည်။CCB2 135.1

    မနာလိုတတ်သော သူသည် သွားလေရာရာ၌ အဆိပ်ကို နှံ့ပြားစေ၍ မိတ်ဆွေများကို ကွဲပြားစေလျက် ဘုရားသခင် နှင့် လူကို မုန်း၍ ပုန်ကန်ရန် နှိုးဆော်၏။ သူသည် မိမိ ကိုယ်တိုင် အလွန် ကောင်းမြတ်သော အခြေအနေသို့ ရောက်အောင်၊ ကိုယ်ကို ငြင်းပယ်လျက် ရဲရင့်သော စိတ်နှင့် ကြိုးပမ်းမှု မပြုဘဲ၊ မိမိ နေမြဲနေရာ၌ ရပ်နေပြီးလျှင်၊ အခြားသူတို့၏ ကြိုးပမ်းမှုကြောင့် ရှိသော အကျိုးကို ယုတ်လျော့စေခြင်းဖြင့်၊ မိမိ ကိုယ်ကို အကောင်းဆုံး နှင့် အမြတ်ဆုံးဟု အများ ထင်မှတ်စေရန် ကြိုးစား၏။CCB2 135.2

    အကျိုးပျက်စေသော အမှုကို နှစ်သက်တတ်သော လျှာ၊ သတင်းကို ကြားပြောလော့၊ ငါသည် တစ်ဆင့် ကြားပြောမည်ဟု သတိ မရှိဘဲ ပြောသော လျှာသည် ငရဲမီးကို လျှို့နေသည်ဟု တမန်တော် ယာကုပ်က ဖော်ပြထား၏။ ၎င်းသည် မီးစများကို အဘက်ဘက်သို့ နှံ့ပြားသွားစေ၏။ အတင်းပြောသော သူ သည် အပြစ်ကင်းသော သူကို ရှုတ်ချသည်ကို အဘယ်သို့ ဂရုစိုက်လိမ့်မည်နည်း။ မိမိတို့၏ ဝန်ထုပ်အောက်၌ နစ်နေသော သူတို့၌ မျှော်လင့်ခြင်း နှင့် ရဲရင့်ခြင်းကို သူသည် ဖျက်ဆီးသော်လည်း၊ သူသည် မိမိ၏ မကောင်းသော အလုပ်ကို ရပ်ထားမည် မဟုတ်။ သူသည် အတင်းပြောခြင်းကို နှစ်သက်သော ဝါသနာကိုသာ ဂရုစိုက်၏။ ခရစ်ယာန်ဟု ခေါ်ဝေါ်နေသော သူတို့ပင်လျှင် သန့်ရှင်း၊ ဖြောင့်မတ်၊ မြင့်မြတ်၍ နှစ်သက်ဖွယ်သော အရာတို့ကို မကြည့်မမြင်လိုဘဲ၊ မနှစ်သက်ဖွယ်သော အရာ၊ မသင့်တော်သော အရာ မှန်သမျှကို လိုက်လံ ဆည်းပူး၍ လောကအား တစ်ဆင့် သတင်းလွှင့်ကြ၏။55T 56, 57;CCB2 135.3