Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကိုယ်ကိုကိုယ် စစ်ဆေး ဝေဖန်ခြင်းသာလျှင် လက်တွေ့ အဖိုးတန်သော အရာ ဖြစ်၏။

    ခရစ်ယာန်ဟု ခေါ်နေသော သူ အပေါင်းတို့သည် အခြားသူတို့၏ အမှားများ အကြောင်းကို ပြောဆိုနေမည့် အစား၊ မိမိတို့ ကိုယ်တိုင်၏ အမှားများကို ပြုပြင်ရန် ဝေဖန် စစ်ဆေးခြင်း သတ္တိတို့ကို အသုံးပြုကြလျှင်၊ ယနေ့ အသင်းတော်တွင် သာ၍ ကျန်းမာ ကောင်းမွန်သော အခြေအနေ၌ ရှိနေလိမ့်မည်။ သခင်ဘုရားသည် မိမိ၏ ကျောက်မြတ် ရတနာများကို ပြင်ဆင်တော်မူသော အခါ၊ မှန်ကန်၊ ပွင့်လင်း၍ ဖြောင့်မှန်သော သူတို့ကို နှစ်သက်သော လက္ခဏာနှင့် ကြည့်ရှုတော်မူမည်။ ထိုသို့သော သူတို့အဖို့ သရဖူများကို ပြုလုပ်ရာ၌ ကောင်းကင်တမန်များကို စေခိုင်းတော်မူပြီးလျှင်၊ ကြယ်ကဲ့သို့သော ရတနာဖြင့် ပြီးသော ဤ သရဖူများ အပေါ်တွင် ဘုရားသခင်၏ ပလ္လင်တော် အပေါ်မှ အလင်းရောင်ခြည်သည် ပြန်၍ ပေါ်လာလိမ့်မည်။CCB2 142.2

    ထာဝရဘုရားသည် မိမိ လူများကို စစ်ဆေး စုံစမ်းလျက် ရှိ၏။ သင်၏ ချို့တဲ့သော အကျင့်အတွက် သင်သည် ပြင်းထန်စွာ ဝေဖန် စစ်ဆေးနိုင်၏။ သို့သော် အခြားသူတို့ အပေါ်၌ သင်သည် ကြင်နာ၊ သနား၍ ယဉ်ကျေးခြင်း ရှိပါစေ။ ကျွန်ုပ်သည် စိတ်ကောင်း နှလုံးကောင်း ရှိပါသလော၊ သို့မဟုတ် မရိုးသား မမှန်ကန်သော စိတ်သဘောနှင့် ပြည့်ဝနေသလောဟု နေ့တိုင်း မေးမြန်း စုံစမ်းပါ။ ဤ အချက်၌ လှည့်စားခြင်း အပေါင်းနှင့် ကင်းလွတ်စေရန် ထာဝရဘုရားကို တောင်းပန်လော့။ ထာဝရ အကျိုးကျေးဇူးများနှင့် သက်ဆိုင်၏။ အများသော သူတို့သည် လောကီဂုဏ်အသရေကို လိုချင်တပ်မက်၍ လောကီ အမြတ်အစွမ်းတို့ကို မက်မောနေကြစဉ်၊ ချစ်သော ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်၏ မေတ္တာတော်ကို အမှန် ရရှိရန် စိတ်အားကြီးစွာ ရှာဖွေနေကြလျက်၊ ကျွန်ုပ်အား ခေါ်ဖိတ်ခြင်း နှင့် ရွေးကောက်ခြင်းကို အမှန် သိရှိရန် မည်သူသည် ကျွန်ုပ်ကို ညွှန်ပြမည်နည်းဟု ကြွေးကြော်နေပါသလော။CCB2 142.3

    စာတန်မာရ်နတ်သည် လူ အသီးအသီးတို့၏ ကျူးလွန်ခြင်း အပြစ်များကို သေချာစွာ လေ့လာနေပြီးနောက် သူတို့အား သွေးဆောင် ဖြားယောင်းခြင်း အမှုကို အစပြု လုပ်ကိုင်လေသည်။ ကျွန်ုပ်တို့သည် အပြင်းထန်ဆုံးသော စုံစမ်းခြင်းကို ခံနေရသော်လည်း၊ ကျွန်ုပ်တို့သည် ထာဝရဘုရား၏ စစ်ပွဲများကို ယောက်ျားပီသစွာ တိုက်လှန်ကြလျှင် အောင်မြင်ခြင်း ရရှိကြလိမ့်မည်။ လူအပေါင်းတို့သည် ဘေးဒုက္ခနှင့် ရင်ဆိုင်နေရကြသည်။ သို့ရာတွင် သင်သည် နှိမ့်ချခြင်းနှင့် လည်းကောင်း၊ ဆုတောင်းခြင်းနှင့် လည်းကောင်း ကျင့်ကြံ ပြုမူလျှင်၊ သင်သည် စုံစမ်း စစ်ဆေးခြင်း အမှုထဲမှ ရွှေစင်၊ သြဖိရ ရွှေစင်ထက်ပင် သာ၍ အဖိုးထိုက်တန်သကဲ့သို့ ဖြစ်လာလိမ့်မည်။ သင်သည် သတိမပြု၊ ဆုမတောင်းဘဲ နေလျှင်၊ သင်သည် အသံမြည်သော တံပိုးခရာကဲ့သို့ လည်းကောင်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့ လည်းကောင်း ဖြစ်လိမ့်မည်။ 105T 96-98.CCB2 143.1