Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၃။—အဝတ်အထည်နှင့် ပတ်သက်သော အကြံဉာဏ်။

    အခြားသော အရာခပ်သိမ်းမှာ ကဲ့သို့ပင် အဝတ်အထည်၌လည်း ကျွန်ုပ်တို့သည် မိမိတို့၏ ဖန်ဆင်းရှင်၏ ဂုဏ်တော်ကို ထင်ရှားအောင် ပြုလုပ်ဖို့ အခွင့်အရေး ရရှိကြပါသည်။ ကျွန်ုပ်တို့၏ အဝတ်အထည်များကို သေသပ် သန့်ရှင်း၍ ကျန်းမာခြင်းနှင့် ညီညွတ်စေခြင်းငှါ သာမက၊ သင့်တော်လျောက်ပတ်စေခြင်းငှါ ဘုရားသခင်က အလိုရှိတော်မူ၏။CCB2 144.1

    ကျွန်ုပ်တို့၏ အသွင်အပြင်သည် အကောင်းဆုံး လက္ခဏာ၌ ရှိစေရန် ကျွန်ုပ်တို့သည် ကြိုးစားရကြမည်။ တဲတော်၌ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရာ၌၊ ဘုရားသခင်၏ ရှေ့တော်၌ အမှုဆောင်ရွက်ကြသော သူတို့၏ ဝတ်လုံများ အကြောင်းနှင့် ပတ်သက်၍ ဘုရားသခင်က အရာခပ်သိမ်းတွင် သေချာစွာ အမိန့်ပေးထားတော်မူ၏။ ထိုနည်းအားဖြင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော သူတို့၏ အဝတ်အထည်များနှင့် စပ်ဆိုင်၍ မိမိ နှစ်သက်ဖွယ် ဖြစ်သော အရာတို့ကို ဖော်ပြထားကြောင်း ကျွန်ုပ်တို့ သင်ကြားရကြသည်။ အာရုန်၏ ဝတ်လုံနှင့် ပတ်သက်၍ အလွန် ထူးခြား သေချာစွာ စီမံညွှန်ကြားထားတော်မူ၏။ အကြောင်းကား သူ၏ အဝတ်သည် ပုံပမာ ဖြစ်၏။ ထိုအတူ သခင်ခရစ်တော်၏ တပည့်များ ဝတ်ဆင်သော အဝတ်သည် ပုံပမာ ဖြစ်ရမည်။ ကျွန်ုပ်တို့သည် အရာခပ်သိမ်းတွင် ဘုရားသခင်၏ ကိုယ်စားတော်များ ဖြစ်ရကြမည်။ ကျွန်ုပ်တို့၏ အသွင်အပြင်သည် အရာရာတွင် သေသပ်၊ သန့်ရှင်း၍ ဣန္ဒြေ ရှိခြင်းဖြင့် ထူးခြားရမည်။CCB2 144.2

    သဘောဝ၏ အရာများ ဖြစ်သော ပန်းများ၊ တောနှင်းပန်းများအားဖြင့်၊ ကောင်းကင်ဘုံရှင်သည် လှပတင့်တယ်ခြင်းကို တန်ဖိုးထားကြောင်း သခင်ခရစ်တော်က ပုံပမာ ပြတော်မူ၏။ ဣန္ဒြေရှိသော ယဉ်ကျေးခြင်း၊ ရိုးသားခြင်း၊ သန့်ရှင်းခြင်း၊ သင့်တော်ခြင်း အားဖြင့် ကျွန်ုပ်တို့၏ အဝတ်တန်ဆာများကို ဘုရားသခင် နှစ်သက်တော်မူဖွယ် ဖြစ်စေရမည်။ 1CG 413;CCB2 144.3