Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဝတ်ဆင်ပုံ၏ သြဇာညောင်းမှု။

    အဝတ်တန်ဆာ၌ မက်မောခြင်းသည် အကျင့်စာရိတ္တကို ပျက်စေ၍၊ ဣန္ဒြေစောင့်ခြင်း၊ စိတ်သဘော တည်ငြိမ်ခြင်းအားဖြင့် ထူးခြားသော ခရစ်ယာန် အမျိုးသမီးနှင့် ဆန့်ကျင်ဖက် ဖြစ်စေ၏။ အဝတ်တွင် ပြစား၍ အလွန်အကျူး ခေတ်ဆန်ခြင်းသည် မကြာခဏ ဝတ်ဆင်သူ၏ စိတ်ထဲ၌ တပ်မက်ခြင်းကို အားပေး၍ မြင်ရသော သူတို့၏ စိတ်ထဲ၌ ဆိုးယုတ်သော ကာမဂုဏ်စိတ်ကို ထကြွလာစေတတ်၏။ အဝတ်တန်ဆာ၌ ကြွားဝါခြင်း၊ စိတ်နေမြင့်ခြင်းသည် အကျင့်စာရိတ္တ ပျက်စီးခြင်း ဖြစ်စေတတ်သည်ကို ဘုရားသခင်သည် သိမြင်တော်မူ၏။74T 645;CCB2 149.1

    ကျွန်ုပ်၏ ပျိုရွယ်သော ညီမများအား ရိုးရိုး နှင့် ဟန်မဆောင်သော အဝတ်ကို ဆင်ယင်ဖို့ ကျွန်ုပ် ထောက်ခံပါသည်။ သင်၏ အဝတ်တန်ဆာ နှင့် အပြုအမူတို့တွင် ရိုးသားခြင်းမှ လွဲ၍၊ အခြား မည်သည့် နည်းနှင့်မျှ သင်၏ အလင်းကို အခြားသူတို့ အပေါ်၌ မထွန်းတောက်ပါစေနှင့်။ ထာဝရ အရာဝတ္ထုများနှင့် နှိုင်းယှဉ်လျက် ဤ ဘဝ၏ အရာဝတ္ထုများ အပေါ်၌ သင်သည် သင့်တော်စွာ တန်ဖိုးထားကြောင်း လူအပေါင်းတို့အား ဖော်ပြနိုင်သည်။ 83T 376;CCB2 149.2

    မယုံကြည်သော သူတို့ အပေါ်၌ သြဇာညောင်းမည် အကြောင်း၊ အများသော သူတို့သည် လောကီသားများကဲ့သို့ ဝတ်ဆင်တတ်ကြသည်။ သို့ရာတွင် ဤ နေရာ၌ သူတို့သည် ဝမ်းနည်းဖွယ် အမှားကို ပြုနေကြသည် သူတို့၌ မှန် ကန်၍ ကယ်တင်လိုသော သြဇာညောင်းမှု ရှိလိုပါက၊ မိမိတို့၏ ဝန်ခံ ပြောဆိုနေသည် အတိုင်းနေထိုင်ပြုမူလျက် မိမိတို့၏ ဖြောင့်မတ်သော အကျင့်အားဖြင့် မိမိတို့၏ ယုံကြည်ခြင်း တရားကို ပြပြီးလျှင်၊ ခရစ်ယာန် နှင့် လောကီသားတို့ စပ်ကြားတွင် ခြားနားခြင်း ရှိကြောင်း ထင်ရှားစွာ ဖော်ပြပါစေ။ အပြောအဆို၊ ဝတ်ဆင်ပုံ၊ အပြုအမူ အနေအထိုင်တို့အားဖြင့် ဘုရားသခင်၏ အကြောင်းကို ပြောပြရကြမည်။ ထိုအခါ ကျွန်ုပ်တို့ ပတ်ဝန်းကျင်၌ ရှိသော အရာ အပေါင်းတို့တွင် သန့်ရှင်းသော သြဇာညောင်းမှုကို သက်ရောက်စေလိမ့်မည်။ ၎င်းပြင် မယုံကြည်သော သူတို့ကပင် သူတို့သည် သခင်ယေရှု နှင့်အတူ ရှိနေကြပြီ ဖြစ်ကြောင်းကို သိရှိနားလည်လာကြ လိမ့်မည်။ သမ္မာတရားဘက်၌ မိမိတို့သည် သြဇာညောင်းမှုကို အလိုရှိကြလျှင်၊ မိမိတို့ ဝန်ခံ ပြောဆိုသည်အတိုင်း နေထိုင်ကြလျက် ထိုနည်းအားဖြင့် နှိမ့်ကျစွာ ပုံသက်သေပြတော်မူသော အရှင်၏ နည်းနာကို လိုက်နာပါ။ 94T 633, 634;CCB2 149.3

    ကျွန်ုပ်၏ ညီမများ၊ ဆိုးသော အကျင့်၏ လက္ခဏာများကိုပင် ရှောင်ကြဉ်ပါ။ ဤ လျင်မြန်သော ခေတ်ကာလကြီးတွင် ပျက်စီးခြင်း အငွေ့အသက်များ ဖုံးအုပ်နေစဉ် သင်သည် သင့်ကိုယ်ကို ကာကွယ် စောင့်ရှောက်ထားခြင်း မပြုလျှင်၊ ဘေး မကင်းပေ။ အကျင့်သီလ နှင့် ကာဣန္ဒြေ ရှိခြင်း အမှုသည် အလွန့်အလွန် တွေ့ခဲသော အရာ ဖြစ်၏။ မြင့်မြတ်သော ဝန်ခံချက်ကို ပြုလျက် သခင်ခရစ်တော်၏ တပည့်များ ဖြစ်ကြသည် အလျောက် သင်တို့သည် အဖိုးများစွာ ထိုက်တန်သော ဣန္ဒြေစောင့်စည်းခြင်း အမှုကို ကျင့်ဆောင်မည် အကြောင်း ကျွန်ုပ်တို့က တောင်းပန် နှိုးဆော်ပါသည်။ ဤ အရာသည် သင်၏ အကျင့်သီလကို စောင့်ထိန်းပေးလိမ့်မည်။CCB2 150.1

    ဣန္ဒြေ ရှိသော အမှုအရာ အသွင်အပြင် နှင့်တကွ အဝတ်တန်ဆာတွင် ဣန္ဒြေရသော ရိုးသားမှု ရှိခြင်းဖြင့် မိန်းမပျို၏ ပတ်ဝန်းကျင်တွင် သန့်ရှင်း ကြည်ညိုဖွယ် လက္ခဏာကို မြင်၍ ၎င်းအခြေအနေကပင်လျှင် သူမအား ထောင်ပေါင်းများစွာသော ဘေးဥပဒ်များမှ ကာကွယ်ထားလိမ့်မည်။10CG 417,CCB2 150.2

    အဝတ်တန်ဆာတွင် ရိုသားခြင်းအားဖြင့်၊ သိမြင်တတ်သော မိန်းမသည် အကောင်းဆုံး အခွင့်အရေးကို ရရှိသည်ဟု ထင်ရ၏။CCB2 150.3

    ခရစ်ယာန်များ ဆင်ယင်သင့်သည်အတိုင်း ဝတ်ဆင်ပါ။ ဘုရားဝတ်၌ မွေ့လျော်၍ ကောင်းသော အကျင့်များနှင့် ပြည့်စုံသည်ဟု ဆိုသော မိန်းမများနှင့် သင့်တော်သည်အတိုင်း သင်တို့ ကိုယ်ကို ရိုးရိုးသားသား ဝတ်ဆင်ပါ။CCB2 151.1

    မမှန်သော ဖက်ရှင်ကို လိုက်စားနေသော သူအများတို့သည် သဘာဝ ရိုးသားမှုကို နှစ်သက်ခြင်း မရှိကြဘဲ အတု ဖြစ်သော အရာကို မက်မောနေကြသည်။ သူတို့သည် အချိန် နှင့် ငွေကို လည်းကောင်း၊ ဉာဏ်စွမ်းသတ္တိကို လည်းကောင်း၊ ဝိညာဉ်၏ မှန်သော မြင့်မြတ်ခြင်းကို လည်းကောင်း စွန့်လွှတ်ကြလျက် ခေတ်ဆန်သော ဖက်ရှင်ကို လုံးလုံး လိုက်စားနေကြ၏။CCB2 151.2

    ပျိုရွယ်သူတို့၊ ခေတ်ဖက်ရှင်အလိုက် ဝတ်ဆင်လိုသော သဘော၊ ဇာ နှင့် ရွှေတန်ဆာ၊ အတု ဖြစ်သော အရာများကို ဆင်ယင်လိုသော သဘောသည် အခြားသူတို့အား သင်၏ ဘာသာတရား၊ သို့မဟုတ် သင် ဝန်ခံ ပြောဆိုနေသော သမ္မာတရားကို ထောက်ခံ အားပေးလိမ့်မည် မဟုတ်။ ဝေဖန်ပိုင်းခြားတတ်သော သူတို့က ပြင်ပအားဖြင့် သင့် ကိုယ်ကို လှပအောင် ပြုပြင်ဆင်ယင်ရန် ကြံစည်မှုများကို အားနည်းသော စိတ်သဘော နှင့် ကြွားဝါသော စိတ်နှလုံး၏ လက္ခဏာ သက်သေကဲ့သို့ မှတ်ယူကြလိမ့်မည်။11CG 421;CCB2 151.3

    ကလေးသူငယ် နှင့် ပျိုရွယ်သူတိုင်း အပြစ် ကင်းစင်စွာနှင့် ရရှိနိုင်သော အဝတ် တစ်မျိုး ရှိသည်။ ၎င်းသည် သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။ လောကီ အဖွဲ့အစည်းများ၏ စံနမူနာအတိုင်း မိမိတို့၏ အဝတ်များကို ပြုပြင် ဝတ်ဆင်ရာ၌ စိတ်ပါ၊ ကြိုးစားသလောက၊ ဤ ဝတ်လုံကို ရရှိရန် စိတ်ပါ ကြိုးစားကြလျှင်၊ မကြာမီ သူတို့သည် သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်လုံကို ဝတ်ဆင်ရလျက် သူတို့၏ နာမည်များကို အသက် စာစောင်ထဲမှ ပယ်ရှားပစ်လိမ့်မည် မဟုတ်။ “အို ဘုရားသခင်၊ အကျွန်ုပ် အထဲ၌ စင်ကြယ်သော နှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံ တည်ကြည်သော သဘောကို အသစ် ပြုပြင်တော်မူပါ” ဟု မိခင်များ နှင့်တကွ ပျိုရွယ်သူတို့ နှင့် ကလေးသူငယ်တို့သည် ဆုတောင်းဖို့ လိုပေသည်။ (ဆာ၊ ၅၁: ၁၀။) ဤကဲ့သို့ စိတ်နှလုံး ဖြူစင်ခြင်း နှင့် နှစ်သက်ဖွယ်သော သဘောတို့သည် ယခု ဘဝ၊ နောင် ထာဝရ ဘဝ နှစ်ခုစလုံး အတွက် ရွှေထက်သာ၍ အဖိုးထိုက်တန်ပေသည်။ စိတ်နှလုံး ဖြူစင်သော သူတို့သာလျှင် ဘုရားသခင်ကို ဘူးမြင်ရကြလိမ့်မည်။ 12CG 417, 418. CCB2 151.4