Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၄။—ပျိုရွယ်သူတို့အား နှိုးဆော်ခြင်း။

    ပျိုရွယ်သော မိတ်ဆွေများတို့၊ သင် စိုက်ပျိုးသော အရာကို သင်သည် ရိတ်ရလိမ့်မည်။ ယခုအချိန်သည် သင့်အဖို့ စိုက်ပျိုးရန် အချိန် ဖြစ်သည်။ အဘယ်အရာကို ရိတ်သိမ်းရမည်နည်း။ သင်သည် အဘယ်အရာကို စိုက်ပျိုးသနည်း၊ သင် ပြောဆိုသော စကား ရှိသမျှ၊ သင် ပြုလုပ်သော အပြုအမူ မှန်သမျှသည် အကောင်းအဆိုးကို သီးစေမည့် မျိုးစေ့ ဖြစ်၍ စိုက်ပျိုးသူအဖို့ ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်းကို ဖြစ်စေလိမ့်မည်။ မျိုးစေ့ကြဲသည် အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ ဘုရားသခင်သည် သင့်အား ကြီးစွာသော အလင်း နှင့် များစွာသော အခွင့်အရေးတို့ကို ပေးထားတော်မူပြီ။ အလင်းကို ပေးခဲ့ပြီးနောက်၊ သင့် ဘေးဥပဒ်များကို သင့် ရှေ့၌ ဖော်ပြပြီးနောက်၊ တာဝန်သည် သင့် တာဝန် ဖြစ်လာ၏။ ဘုရားသခင်က သင့်အား ပေးတော်မူသော အလင်းကို သင် ပြုမူသည် နည်းအတိုင်း သင်သည် ဝမ်းမြောက်ခြင်း သို့မဟုတ် အမင်္ဂလာအတွက် သင်သည် ချိန်ခွင်လျှာကို ပြုပြင်ပေးရလိမ့်မည်။ သင်သည် သင့် ကိုယ်တိုင်အတွက် သင်၏ ကံကြမ္မာကို စီမံ ဖန်တီးရလိမ့်မည်။CCB2 153.1

    သင်တို့ အားလုံးသည် အခြားသော သူတို့ အပေါ်၌ စိတ်သဘောတွင် လည်းကောင်း၊ အကျင့်စာရိတ္တတွင် လည်းကောင်း အကောင်း နှင့် အဆိုးအတွက် သြဇာညောင်းခဲ့ကြပြီ။ သင် မကြာမီက သြဇာညောင်းခဲ့သော အမှု အကြောင်း ကောင်းကင် စာစောင်များတွင် မှတ်တမ်းတင်ထားလေပြီ။ ကောင်ကင်တမန်တစ်ပါးသည် သင် နှင့်အတူ ပါရှိလျက် သင်၏ အပြောအဆို အပြုအမူများကို မှတ်တမ်းတင်နေ၏။ သင်သည် နံနက် အိပ်ရာမှ ထသောအခါ၊ သင်၏ အားကိုးရာမဲ့ ဖြစ်နေခြင်း အကြောင်းကို လည်းကောင်း၊ ဘုရားသခင် ထံတော်မှ ခွန်အားကို သင် အလိုရှိနေကြောင်းကို လည်းကောင်း သင်သည် သိရှိပါသလော။ ၎င်းပြင် သင်သည် နှိမ့်ချခြင်း နှင့် သင်၏ ကောင်းကင်ခမည်းတော်အား သင်၌ လိုနေသော အရာကို စိတ်ပါစွာ ဖော်ပြသလော။ ထိုသို့ ပြုလျှင် ကောင်းကင်တမန်သည် သင်၏ ဆုတောင်းချက်များကို မှတ်သားထား၍ သင်သည် မသိဘဲ အမှားကို ပြုမိ၍ အခြားသော သူအား အမှားကို ပြုစေရန် သြဇာညောင်းခဲ့ခြင်းဖြင့် သင်သည် ဘေးဥပဒ် နှင့် ကြုံတွေ့နေရသောအခါ၊ ဤ ဆုတောင်းချက်တို့သည် အယောင်ဆောင်သော နှုတ်ခမ်းများမှ ထွက်လာသည် မဟုတ်လျှင်၊ သင့်ကို ကာကွယ် စောင့်ရှောက်နေသော ကောင်းကင်တမန်သည် သင့် အနားမှာ ရှိလျက် သင့်အား သာ၍ ကောင်းသော လမ်းကို လိုက်ရန် နှိုးဆော်ပြီးလျှင် သင့်အတွက် သင် ပြောရမည့် စကားများကို ရွေးချယ်ပေးပြီးနောက် သင်၏ အပြုအမူတို့ကို ပြုပြင်ပေးလိမ့်မည်။CCB2 153.2

    သင်သည် ဘေးဥပဒ်ထဲ၌ မရှိဟု ထင်လျှင်၊ ၎င်းပြင် စုံစမ်းခြင်းကို တားဆီး ကာကွယ်ရန် အကူအညီ နှင့် ခွန်အားကို ရရှိရန် ဆုမတောင်းဘဲ နေလျှင်၊ သင်သည် အမှန်ပင် လမ်းလွဲသွားလိမ့်မည်။ သင်၏ တာဝန်ကို မေ့လျော့နေခြင်းအတွက် ကောင်းကင်၌ ဘုရားသခင်၏ စာစောင်တွင် ရေးမှတ်ထားလိမ့်မည်။ ၎င်းပြင် တရားစီရင်သော နေ့ရက်၌ သင့်ကို ချိန်ကြည့်သောအခါ လျော့နေကြောင်း တွေ့ရမည်။CCB2 154.1

    သင်တို့ ပတ်လည်တွင် ဘာသာရေး၌ သွန်သင်ပေးခြင်း ခံရသော သူ အချို့ ရှိကြသည်။ ၎င်းပြင် လက်တွေ့ အသက်တာ၌ ပျက်စီးခြင်းသို့ ရောက်သွားသည် တိုင်အောင် အလိုလိုက်ခြင်း၊ ချော့မော့ခြင်း၊ မြှောက်ပင့်ခြင်း၊ ချီးမွမ်းခြင်း ခံရသော သူ အချို့ ရှိသေး၏။ ကျွန်ုပ် သိရှိသော လူများ အကြောင်းနှင့် ပတ်သက်၍ ကျွန်ုပ် ပြောဆိုနေပါသည်။ သူတို့၏ အကျင့်စာရိတ္တများသည် အလိုလိုက်ခြင်း၊ မြှောက်ပင့်ခြင်း၊ ပျင်းရိတတ်ခြင်းအားဖြင့် ယိုယွင်းလာသဖြင့် သူတို့သည် ဤ ဘဝ၌ အသုံးမကျ ဖြစ်ရကြ၏။ ဤ အသက်တာ၌ပင် သူတို့သည် အသုံးမကျ ဖြစ်ကြလျှင်၊ အလုံးစုံတို့သည် ဖြူစင် သန့်ရှင်း၍ အားလုံးတို့၌ ညီညွတ်သော အကျင့်စာရိတ္တများ ရှိကြသော အသက်တာ ဘဝ၌ ကျွန်ုပ်တို့သည် အဘယ်အရာကို မျှော်လင့်နိုင်ကြမည်နည်း။ ဤ သူတို့အတွက် ကျွန်ုပ်သည် ဆုတောင်းခဲ့ပြီ။ သူတို့အား ကိုယ်တိုင် ပြောပြခဲ့ပြီ။ အခြားသော သူတို့အား စိတ်နေမြင့်ခြင်း၊ အဝတ်တန်ဆာ၌ မက်မောခြင်း နှင့် ထာဝရကာလ၏ အကျိုးကျေးဇူး အကြောင်း ဂရုမစိုက်ဘဲ နေခြင်း သဘောများ ရှိလာအောင် သူတို့သည် သြဇာညောင်းကြမည်ကို ကျွန်ုပ် သိမြင်နိုင်သည်။ ဤ လူစားမျိုးအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ကား၊ မိမိတို့၏ အကျင့်များကို သူတို့သည် သတိပြုလျက် မိမိတို့၏ မာန နှင့် စိတ်နေမြင့်နေခြင်းကို ဘုရားသခင့် ရှေ့ တော်၌ နှိမ့်ချပြီးလျှင်၊ မိမိတို့၏ အပြစ်ကို ဝန်ချ တောင်းပန်ပြီးနောက် စိတ်နှလုံး ပြောင်းလဲခြင်း အမှုပင် ဖြစ်သည်။ 13T 363, 364;CCB2 154.2