Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ရနိုင်သောအခါ ဘုရားသခင်၏ မေတ္တာတော်က ရအောင် ယူပါ။

    ဗေရရှေဘ အရပ်တွင် ညအခါ ရူပါရုံ၌ ဘုရားသခင် ပေးတော်မူသော အမိန့်တော်ကို နားထောင်ခြင်းဖြင့် မိမိ၏ ဘေး၌ ဣဇက် နှင့်အတူ ခရီးထွက်သွားသော သစ္စာရှိ အာဗြဟံကို ကျွန်ုပ်သည် သတိရ၏။ မိမိ ပူဇော်ရမည် အရာကို ထင်ရှားစေမည်ဟု ဘုရားသခင်က မိမိအား ဖော်ပြတော်မူသော တောင်ကို သူသည် မိမိ၏ ရှေ့၌ မြင်နေရ၏။CCB2 160.2

    ဘုရားသခင် မိန့်တော်မူသောကြောင့်၊ ဣဇက်သည် မိမိ၏ သနားဖွယ်ကောင်းသော ဖခင်က မေတ္တာနှင့် ပြည့်ဝသော လက်များဖြင့် တုန်လှုပ်လျက် ကြိုးနှင့် ချည်နှောင်ခြင်း ခံရ၏။ သားသည် အဘ၏ ဖြောင့်မတ် တည်ကြည်မှုကို ယုံကြည်သောကြောင့်၊ ယဇ်ပူဇော်ခြင်း ခံယူရန် ဝန်ခံ၏။ သို့ရာတွင် အရာခပ်သိမ်းသည် အသင့် ရှိ၍ ဖခင်၏ ယုံကြည်ခြင်း နှင့် သား၏ ဝန်ခံမှုကို ပြည့်စုံစွာ စစ်ဆေး စုံစမ်းပြီးသောအခါ၊ မိမိ၏ သားကို သတ်ရန် အသင့်ရှိသော အာဗြဟံ၏ လက်ကို ဘုရားသခင်၏ ကောင်းကင်တမန်သည် တားဆီးထားလျက် ထိုမျှ လုံလောက်ပြီဟု သူ့အား ပြောဆို၏။ “သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ၏။ အကြောင်းမူကား၊ သင်၏ သား၊ သင်၌ တစ်ယောက်တည်းသော သားကို ငါတောင်း၍ သင်သည် ငါ့ကို မငြင်းဟု မိန့်တော်မူ၏။” က၊ ၂၂: ၁၂။CCB2 161.1

    အာဗြဟံ၌ ယုံကြည်ခြင်း ရှိကြောင်း ဖော်ပြသော ဤ အမှုသည် ကျွန်ုပ်တို့၏ အကျိုးအလို့ငှါ မှတ်တမ်းတင်ထားလျက် ရှိ၏။ မည်မျှ ကျဉ်းကြပ်၍ စိတ်ထိခိုက်ဖွယ် ဖြစ်သော်လည်း၊ ဘုရားသခင်၏ တောင်းဆိုချက်များ၌ ယုံကြည် အားထားမှု ရှိကြောင်း ကျွန်ုပ်တို့အား ကြီးမြတ်သော သင်ခန်းစာကို ၎င်းက သွန်သင်ပေး၏။ ၎င်းပြင် သားသမီးတို့အား မိဘများ နှင့် ဘုရားသခင်၏ အလိုတော်ကို လုံးလုံး ဝန်ခံခြင်း အကြောင်းကို သွန်သင်ပေး၏။ အာဗြဟံ၏ နားထောင်ခြင်းအားဖြင့်၊ ဘုရားသခင်အား ပေးလှူဖို့ ကျွန်ုပ်တို့အတွက် အဘယ်အရာမျှ အလွန်အမင် အဖိုးမထိုက်တန်သော အရာဟု မရှိကြောင်း ကျွန်ုပ်တို့ သင်ကြားရ၏။CCB2 161.2

    ဘုရားသခင်သည် မိမိ၏ သားတော်အား အသက်တာ၌ ရှုတ်ချခြင်း၊ ကိုယ်ကို ငြင်းပယ်ခြင်း၊ ဆင်းရဲခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ရခြင်း၊ ကဲ့ရဲ့ ပြစ်တင်ခံရခြင်း နှင့် လက်ဝါးကပ်တိုင်၌ ဝေဒနာ ခံစားရလျက် သေခြင်းတိုင်အောင် ခံစေခြင်းငှါ စွန့်တော်မူ၏။ သို့ရာတွင် “ဤမျှလောက်နှင့် လုံလောက်ပြီ။ သင်သည် အသေခံဖို့ မလို၊ ငါ၏ ချစ်သော သား” ဟူ၍ သတင်းစကားကို ယူဆောင်လာမည့် ကောင်းကင်တမန် တစ်ပါးမျှ ပေါ်မလာ။ ကောင်းကင်တမန်တပ်များသည် ဝမ်းနည်းခြင်းနှင့် စောင့်ကြည့်နေကြလျက် ဣဇက်၏ အမှုမှာကဲ့သို့ပင် ဘုရားသခင်သည် အဆုံး၌ ကိုယ်တော်၏ ရှက်ဖွယ် အသေခံ ခြင်း အမှုကို တားဆီးလိမ့်မည်ဟု မျှော်လင့်နေကြ၏။ သို့ရာတွင် ကောင်းကင်တမန်များတို့သည် ဘုရားသခင်၏ သားတော်ထံသို့ ထိုသို့သော သတင်းစကား တစ်စုံတစ်ခုကိုမျှ ယူဆောင်လာရန် အခွင့်မရကြချေ။ တရားစီရင်ရာ အခန်းမကြီးထဲ၌ လည်းကောင်း၊ ကရာနီကုန်းသို့ သွားရာလမ်းတွင် လည်းကောင်း ကိုယ်တော်သည် ရှုတ်ချ နှိပ်စက်ခြင်းကို ခံတော်မူရ၏။ ကိုယ်တော်သည် ပြက်ယာယ်ပြုခြင်း၊ ကျီစယ်ခြင်း၊ တံတွေးနှင့် ထွေးခြင်းတို့ကို ခံရ၏။ ကိုယ်တော်သည် လက်ဝါးကပ်တိုင်ပေါ်၌ ဦးခေါင်းညွတ်၍ သေဆုံးရသည်တိုင်အောင် မိမိကို မုန်းသော သူတို့၏ ကဲ့ရဲ့ ပြစ်တင်ခြင်း၊ ကြိမ်းမောင်း ဆဲဆိုခြင်း၊ ပြောင်လှောင် ပြက်ယာယ်ပြုခြင်းတို့ကို ခံတော်မူရ၏။CCB2 161.3

    ထိုသို့ မိမိ၏ သားတော်ကို ဤကဲ့သို့သော ဒုက္ခဆင်းရဲခြင်းတို့ကို ခံယူသွားစေဖို့ရန် ပေးတော်မူခြင်းထက် မိမိ၏ မေတ္တာတော်ကို ဘုရားသခင်သည် သာ၍ ကြီးကျယ်သော သက်သေဖြင့် ကျွန်ုပ်တို့အား ဖော်ပြနိုင်ဦးမည်လော။ ၎င်းပြင် လူအား ဘုရားသခင် ပေးတော်မူသော လက်ဆောင်သည် အခမဲ့ လက်ဆောင် ဖြစ်သကဲ့သို့ ဘုရားသခင်၏ မေတ္တာတော်သည် အကန့်အသတ် မရှိ အနန္တ ဖြစ်၏။ ထိုကြောင့် ကျွန်ုပ်တို့၏ ယုံကြည် အားထားမှု၊ ကျွန်ုပ်တို့၏ နားထောင်မှု၊ ကျွန်ုပ်တို့၏ စိတ်နှလုံး တစ်ခုလုံး နှင့် ကျွန်ုပ်တို့၏ ကြွယ်ဝသော ချစ်ခင် စွဲလမ်းမှုတို့ကို ဘုရားသခင်က တောင်းခံတော်မူခြင်း အမှုမှာလည်း အကန့်အသတ် မရှိ အနန္တ ဖြစ်၏။ လူသည် မိမိ တတ်နိုင်သမျှ အလုံးစုံကို ပေးလှူစေဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။ ကျွန်ုပ်တို့က အလိုတော်ကို ဝန်ခံခြင်း အမှုမှာ ဘုရားသခင် ပေးတော်မူသော ဆု၏ ပမာဏအတိုင်း အချိုးအစား ကျရမည်။ ၎င်းသည် ပြည့်စုံ၍ ဘာမျှ လိုလေသေး မရှိရ။ ကျွန်ုပ်တို့ အားလုံးသည် ဘုရားသခင်အား ကြွေးတင်နေသော သူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် မိမိတို့ ကိုယ်ကို ပြည့်စုံစွာ စိတ်ရော ကိုယ်ပါ ဆက်ကပ် ပူဇော်ခြင်း မပြုဘဲ ဘုရားသခင်နှင့် မတွေ့ဆုံနိုင်ဟု ဘုရားသခင်က အခိုင်အမာ မိန့်တော်မူ၏။ ဘုရားသခင်က ချက်ချင်း စိတ်ရော ကိုယ်ပါ နားထောင်ခြင်းကို အလို ရှိတော်မူ၏။ ဤမျှထက် လျော့နေလျှင် ဘုရားသခင်သည် လက်ခံတော်မမူ။ ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏ မေတ္တာတော် နှင့် နှစ်သက်တော်မူခြင်းကို ခံယူ ရရှိရန် အခွင့်အရေး ရှိပေသည်။ ဤ စာကို ဖတ်သော သူ အချို့တို့အတွက် မိမိ တို့၏ အသက်တာတွင် ဤ နှစ်သည် နောက်ဆုံးနှစ် ဖြစ်ကောင်း ဖြစ်လိမ့်မည်။ ဤ တောင်းပန်ချက်ကို ဖတ်ကြသော လူငယ်တို့ အထဲတွင်၊ သခင်ခရစ်တော်က စိတ်ပါစွာ ရှာဖွေ၍ ကိုယ်တော်၏ အလိုတော်ကို အားရဝမ်းမြောက်စွာ ဆောင်ရွက်သော သူတို့အား ပေးတော်မူသော ထိုငြိမ်သက်ခြင်းထက် လောက၏ ပျော်မွေ့ခြင်းကို မည်သူတို့သည် ဦးစွာ ရွေးချယ်လိုကြလိမ့်မည်နည်း။63T 368-370;CCB2 162.1