Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အမျက်ထွက်နေသောအခါ ဘယ်အခါမျှ ဆုံးမ ပြုပြင်ခြင်း မပြုနှင့်။

    သင်၏ သားသမီးများသည် သင်၏ စကားကို နားမထောင်လျှင်၊ သူတို့ကို ပြုပြင် ဆုံးမရမည်၊ ဆုံးမ ပြုပြင်ခြင်း မပြုမီ၊ သင် ကိုယ်တိုင် သွားပြီး၊ သင့် သားသမီး၏ စိတ်ကို နူးညွတ်၊ နှိမ့်ချစေရန်၊ သူတို့နှင့် ပြုမူရာတွင် ဉာဏ်ပညာကို ပေးတော်မူစေရန် ထာဝရဘုရားအား ဆုတောင်းလော့။ ဤ နည်းသည် ဘယ်အခါမျှ မပျက်ကွက်ကြောင်း ကျွန်ုပ်တို့ သိရှိရသည်။ မိဘတို့၏ စိတ်နှလုံးသည် ဒေါသ နှင့် ဖုံးလွှမ်းနေလျှင် သင်သည် သင်၏ သားသမီးအား ဝိညာဉ် အရာတို့ကို နားလည်စေရန် မပြုလုပ်နိုင်။CCB2 184.1

    သင်သည် မေတ္တာနှင့် သင်၏ သားသမီးကို ဆုံးမ ပြုပြင်ရမည်။ သင်သည် အမျက်ထွက်လာ၍ သူတို့ကို ဒဏ်ပေးရသည် တိုင်အောင် သူတို့အား မိမိတို့ သဘောအတိုင်း နေစေရန် ခွင့်မပြုနှင့်။ ထိုသို့ ဆုံးမခြင်း အမှုဖြင့် ပြုပြင်ပေးမည် အစား အဆိုးကိုသာ ဖြစ်စေ၏။CCB2 184.2

    မှားယွင်းနေသော သားသမီးအား အမျက်ထွက်နေခြင်းသည် အဆိုးကို တိုးပွားစေ၏။ ၎င်းအားဖြင့် သားသမီးတွင် အလွန် ဒေါသထွက်စေလျက် သင်သည် သူ့ကို ဂရုမစိုက်ဟု သူ့အား ထင်မြင်စေ၏။ သင်သည် သူ့ကို ဂရုစိုက်လျှင် ထိုသို့ သူ့ကို ပြုမူနိုင်လိမ့်မည် မဟုတ်ဟု သူသည် ကိုယ်တိုင် တွေးတောလိမ့်မည်။CCB2 184.3

    ၎င်းပြင် ဤ သားသမီးများအား ဆုံးမ ပြုပြင်သော နည်းလမ်းကို ဘုရားသခင်သည် သိမြင်တော်မမူဟု သင် ထင်သလား။ ဘုရားသခင် သိတော်မူ၏။ ၎င်းပြင် တွန်းလှန် ငြင်းပယ်ခြင်းထက် အောင်မြင်ခြင်း ရရှိရန် နည်းဖြင့် ဆုံးမ ပြုပြင်ခြင်း အလုပ်ကို ပြုလျှင် မည်ကဲ့သို့ ကောင်းကျိုး ခံစားရမည်ကိုလည်း ဘုရားသခင် သိတော်မူ၏။24CG 244; 245;CCB2 184.4