Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသုံးဝင်သော အသက်တာ၏ လုပ်ငန်းတို့ကို သွန်သင်ပေးဖို့ အရေးကြီးခြင်း။

    ဣသရေလ လူတို့လက်ထက်က နည်းတူ၊ ယခုခေတ်၌လည်း လူငယ်တို့အား အသုံးဝင်သော အသက်တာ၏ လုပ်ငန်း တာဝန်များကို သွန်သင် နည်းပြပေးရမည်။ အသီးအသီးတို့သည် လက်မှု အလုပ်အကိုင်နှင့် ဆိုင်သော အတတ်ပညာ တချို့ကို သင်ကြား နည်းခံထားရမည်။ ထိုနည်းအားဖြင့် အလိုရှိသောအခါ အသက်မွေးမှုနှင့် ဆိုင်သော အလုပ်အကိုင် တစ်ခုကို ရရှိနိုင်ကြသည်။ အသက်တာ၏ အပြောင်းအလဲများအတွက် စိတ်ချရသည် သာမက၊ ကိုယ်ကာယ ကြီးပွားရေး စိတ်ဉာဏ် ကြီးပွားရေး နှင့် အကျင့်စာရိတ္တ ကြီးပွားရေးများအတွက် အားကိုးရသဖြင့်၊ ဤ အရာသည် လိုအပ်သော အရာ ဖြစ်သည်။CCB2 210.1

    ကျွန်ုပ်တို့၏ ကျောင်းများတွင် စက်မှုလက်မှု လုပ်ငန်း အမျိုးမျိုးကို သင်ကြားပေးသင့်သည်။ စက်မှုလက်မှုပညာ သင်ကြားရေးတို့တွင် စာရင်းအင်း ပညာ၊ လက်သမားအတတ် နှင့် လယ်ယာ လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သော လုပ်ငန်း အပေါင်း ပါဝင်အပ်သည်။ ပန်းဘဲလုပ်ငန်း၊ ပန်းချီပညာ၊ ဖိနပ်ချုပ်ပညာ၊ အချက်အပြုတ် သင်တန်း၊ မုန့်ဖုတ် သင်တန်း၊ အဝတ်လျှော်နည်း၊ အထည်အဝတ် ဖါထေးခြင်းနည်း၊ လက်နှိပ်စက်ရိုက်နည်း နှင့် စာပုံနှိပ်ပညာတို့ကို သင်ကြားပေးရန် ပြင်ဆင်ခြင်း ပြုလုပ်ထားရမည်။ တပည့်တော်တို့သည် အသုံးဝင်သော အသက်တာ၏ လုပ်ငန်းများကို ကောင်းစွာ တတ်မြောက်ကြမည် အကြောင်း၊ ဤကဲ့သို့ စက်မှုလက်မှု လုပ်ငန်းများကို သွန်သင်ပေးခြင်း အမှုကို မိမိတို့ အစွမ်းသတ္တိ ရှိသမျှ အသုံးချပေးရမည်။CCB2 210.2

    ကျောင်းသူတို့သည် အများသော အတတ်ပညာတို့ကို လက်တွေ့ သင်ကြားနိုင်မည် အကြောင်း၊ သူတို့အတွက် လုပ်ငန်း များစွာ စီမံထားပေးရမည်။ သူတို့အား အဝတ်ချုပ် လုပ်ငန်း နှင့် ဥယျာဉ် စိုက်ပျိုးရေး လုပ်ငန်းကို သင်ကြား ပေးရမည်။ ပန်းပင်များ နှင့် စတော်ဘယ်ရီမှ စသော အပင်ငယ်ကလေးများကို စိုက်ပျိုးပေးရမည်။ ထိုနည်းအားဖြင့် အသုံးဝင်သော လုပ်ငန်းများကို သင်ကြားပေးနေစဉ်၊ သူတို့သည် ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် အပြင်အပ၌ ကိုယ်လက် လှုပ်ရှားခြင်း ပရိစယကိုလည်း ရရှိကြလိမ့်မည်။31CT 307-312;CCB2 210.3

    စိတ်သည် ကိုယ်ကာယ၌ သြဇာညောင်းခြင်း နှင့်တကွ ကိုယ်ကာယသည် စိတ်ပေါ်၌ သြဇာညောင်းခြင်း အကြောင်း လေးနက်စွာ သိရှိအပ်သည်။ စိတ်ဉာဏ် လှုပ်ရှားမှုအားဖြင့် ထောက်ပံ့မှု ရရှိသော ဦးနှောက်၏ လျှပ်စစ် တန်ခိုးသည် ကိုယ်ခန္ဓာ တစ်ခုလုံးကို အသက်ရှင် သန်စွမ်းစေ၏။ ၎င်းပြင် ထိုသို့အားဖြင့် ရောဂါ ဝေဒနာများကို ခုခံ ကာကွယ်ရာ၌ အဖိုးတန်သော အကူအညီ တစ်ခု ဖြစ်စေ၏။CCB2 211.1

    ကျမ်းစာတွင် ကိုယ်ခန္ဓာ ကျန်းမာရေးနှင့် စပ်ဆိုင်၍ ကျွန်ုပ်တို့ ဆင်ခြင်အပ်သော သမ္မာတရား တစ်ခု ရှိ၏။ ၎င်းကား၊ “စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏” ဟူသော အချက် ဖြစ်၏။32Ed 197;CCB2 211.2

    ကလေးသူငယ်များ နှင့် ပျိုရွယ်သူတို့၌ ကျန်းမာခြင်း၊ ဝမ်းမြောက် ရွှင်မြူးခြင်း၊ ဖျတ်လတ်ခြင်း နှင့် ကောင်းစွာ ကြီးပွားသော ကြွက်သား နှင့် ဦးနှောက်များ ရှိရန်၊ သူတို့သည် လေကောင်း လေသန့် ရရှိနိုင်သော အပြင်ဘက်မှ များစွာ နေ၍ အချိန် မှန်မှန် စီမံ ပြုလုပ်ထားသော အလုပ်အကိုင် နှင့် ပျော်ရွှင်မှု ရှိရမည်။ ကျောင်းတွင် နေရလျက် စာကိုသာ လေ့ကျက်နေရသော ကလေးသူငယ် နှင့် ပျိုရွယ်သူတို့၌ သန်မာ ကောင်းမွန်သော ကိုယ်ကာယ မရရှိနိုင်။ ကိုယ်ကာယ လှုပ်ရှားမှု မရှိဘဲ၊ စာလေ့ကျက်ရာ၌ ဦးနှောက်ကို အသုံးချခြင်းဖြင့် ဦးနှောက်သို့သာ သွေးများကို ရောက်ရှိစေသဖြင့်၊ ကိုယ်ခန္ဓာ တစ်ခုလုံး၌ သွေး သွားလာ လှုပ်ရှားမှုကို မညီမညွတ် ဖြစ်စေ၏။ ဦးနှောက်၌ သွေးများစွာ ရှိနေလျက် ခြေဖျား လက်ဖျားမှ စသော ကိုယ်ကာယ၏ အစွန်အဖျားများတွင် သွေး အနည်းငယ်သာ ရှိစေ၏။ ကလေးသူငယ်များ နှင့် ပျိုရွယ်သူများအတွက် စာကျက်ရန် အချိန် နာရီကို ကန့်သတ်ထားရမည်။ ထိုနောက် အခြား အချိန်တွင် ကိုယ်ကာယ လှုပ်ရှားစေသော လုပ်ငန်းကို လုပ်စေရမည်။ ၎င်းပြင် စားသောက်ခြင်း၊ အဝတ်ဝတ်ခြင်း၊ အိပ်စက်ခြင်း အကျင့်ဓလေ့များတွင် ကိုယ် ကာယနှင့် ဆိုင်သော ဥပဒေများနှင့် ညီညွတ်စေလျှင်၊ သူတို့သည် ကာယ နှင့် စိတ်ကျန်းမာရေးတို့ကို မထိခိုက်စေဘဲ ပညာကို ရရှိနိုင်သည်။33CT 83;CCB2 211.3