Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁) - ယေရုရှလင်မြို့ကြီး၏ ကံကြမ္မာကိုခန့်မှန်းခြင်း

    သခင်ယေရှုဟာသံလွင်တောင်ပေါ်မှနေပြီးတော့ ယေရုရှလင်မြို့ ကိုကြည့်ရှုတော်မူ၏။ သလင်းကျောက်ဖြင့်တည်ဆောက်ထားတဲ့ မြို့ရိုးများ၊ ခမ်းနားကြီးကျယ်တဲ့ ဗိမာန်တော် အဆောက်အအုံများ၊ ရွှေရောင်ထနေတဲ့ နန်းမျှော်စင်နှင့်ပြဿဒ် စသည့်မြင်ကွင်းများကို မြင်တွေ့ရသူအစ္စရေး အမျိုးသားများဟာ ပီတိဖြာဝေကာ ဂုဏ်ယူမဆုံး တပြုံးပြုံး ဖြစ်နေကြပါတယ်။ သို့ရာတွင် ထိုမြင်ကွင်းကို ကြည့်တော် မူသည့် ယေရှုသခင်သည် စိတ်တော်တွင် အတွေးတစ်ခုဝင်လာကာ “ငိုကြွေးတော်မူ၏” လုကာ ၁၉:၄၁။HFB 1.1

    မကြာမီအချိန်အတွင်းရင်ဆိုင်ရမည့် ဂေသရှေမန်ဝေဒနာနှင့် ကရာနီကပ်တိုင် တို့ကြောင့် မျက်ရည်ကျတော်မူသည်မဟုတ်။ ထောင် ပေါင်းများစွာသော ယေရုရှလင်မြို့သားများ၏ အနာဂတ်ကံကြမ္မာကို ကြိုတင်မြင်တွေ့နေရသောကြောင့် ကိုယ်တော်မျက်ရည် ကျတော်မူခြင်း ဖြစ်သည်။HFB 1.2

    နှစ်ပေါင်းတစ်ထောင်မက ရွေးချယ်ခြင်းခံရသောအစ္စရေး လူမျိုးများအပေါ် ရစ်ပတ်ခဲ့သည့် ဘုရားသခင်၏ မစကူညီခြင်းဆိုင်ရာ မြင်ကွင်းကြီးသည် သခင်ယေရှုရှေ့မှောက်တွင် ထင်ဟပ်လာပါသည်။ ယေရုရှလင်မြို့ဟာ အခြားမြို့များထက် ဂုဏ်ပြုတော်မူခြင်းကို ခံခဲ့ရသည်။ ‘‘ထာဝရဘုရားသည် ဇိအုန်မြို့ကိုရွေးကောက်၍ အမြဲနေတော်မူရာဖို့ အလိုတော်ရှိသည်။’’ ဆာလံ ၁၃၂:၁၃။ သန့်ရှင်းသောပုရောဖက်များသည် သတိပေးစကားများကိုသုံးကာ ခေတ်အဆက်ဆက် ဆုံးမ ခဲ့ကြသည်။ ဘုရားသခင်၏ သိုးသငယ်ကိုပြညွှန်သည့် ယဇ်ကောင်များ ၏အသွေးကိုလည်း နေ့စဉ်ပူဇော်ခဲ့ကြပြီ။HFB 1.3

    အစ္စရေးများသည် ဘုရားသခင်အပေါ် ကျေးဇူးသစ္စာစောင့်သိ ခဲ့ကြမည်ဆိုလျှင် ယေရုရှလင်မြို့တည်းဟူသော ဘုရားသခင် ရွေးချယ် ထားသော ထိုမြို့သည် ထာဝရရှိနေပေလိမ့်မည်။ သို့သော် ဖခင် တစ်ဦး၏မေတ္တာမက ကြီးမားသောမေတ္တာနှင့် ရစ်ပတ်ခဲ့သော်လည်း ထိုလူမျိုး၏အတိတ်ရာဇဝင်သည် ဖေါက်ပြန်မှု၊ ပုန်ကန်မှုများနှင့်သာ ပြည့်ဝနေ၏။ တောင်းပန်ခယ၊ ဆုံးမသွန်သင်ခြင်းများနှင့် မအောင် မြင်သည့်အဆုံးတွင် ဘုရားသခင်သည် ခေါင်းမာသောထိုမြို့ကို အသနားခံရန် နှလုံးသည်းပွတ်ဖြစ်တော်မူသည့်သားတော်ကို စေလွှတ် တော်မူခဲ့သည်။HFB 2.1

    သခင်ယေရှုသည် လောကတွင်ရှိစဉ်အခါ “မာရ်နတ်ညှဉ်းဆဲ သောသူအပေါင်းတို့အား ချမ်းသာကိုပေးလျက်၊ ကျေးဇူးပြုလျက်၊” “မျက်စိ ကန်းသောသူတို့အား အလင်းကိုပေးလျက်၊ ခြေမစွမ်းသောသူတို့အား လှမ်းသွားနိုင်သောအခွင့်ကိုပေးလျက်၊ နူနာစွဲသောသူများအား သန့်ရှင်းခြင်း အခွင့်ကိုပေးလျက်၊ နားမကြားသောသူများအား သောတအာရုံကိုပေးလျက်၊ သေသောသူများအား ထမြောက်ခြင်း အခွင့်ကိုပေးလျက်၊ ဆင်းရဲသော သူတို့အား ဝမ်းမြောက်စရာ သတင်းကိုကြားပြောလျက်” ထိုလူမျိုးတို့တွင် သုံးနှစ်သုံးမိုးထွက်ဝင်တော် မူခဲ့၏။HFB 2.2

    ကိုယ်ပိုင်အိမ်ရာဟူ၍ ပြစရာမရှိခဲ့သောကိုယ်တော်သည် လူသား များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက်၊ လူသားများအပေါ် ကျရောက်မည့်ဆိုးကျိုးများကို ဖေါ်ပြရန် အတွက်၊ ထာဝရအသက် ဆုကျေးဇူးကို လက်ခံကြဖို့ လူသားများအား အသနားခံရန်အတွက် လောကတွင် အသက်ရှင်နေထိုင်တော်မူခဲ့ရသည်။ စိတ်နှလုံးခိုင်မာ သောထိုသူများ၏ တုံ့ပြန်မျုများသည် မဟာမေတ္တာတော်အရှင်၏ စိတ်နှလုံးကို အထူးထိခိုက်စေပါသည်။ အကြောင်းမှာ ထိုသူတို့သည် အကောင်းဆုံး မိတ်ဆွေနှင့် တစ်ပါးတည်းသောမစရှင်အား ကျောခိုင်းကာ မဟာမေတ္တာတော်အရှင်၏ တောင်းဆိုချက်များကို မထီမဲ့မြင် ပြုခဲ့ကြပါသည်။HFB 2.3

    မျှော်လင့်ခြင်းနှင့် ခွင့်လွှတ်ခြင်းအတွက် သတ်မှတ်ထားသော အချိန်များသည် အလျင်အမြန် ကုန်ဆုံးလျက်ရှိသည်။ အယူဝါဒ လွဲမှားခြင်းနှင့် ပုန်ကန်ခြင်းများ ကျူးလွန်ခဲ့သော ရာစုနှစ် အဆက်ဆက် စုစည်းခဲ့သည့် ဒုက္ခဆင်းရဲတိမ်တိုက်ကြီးသည် ထိုဒုစရိုက်လူစုအပေါ်ကျရောက်အံ့ ဆဲဆဲရှိချေပြီ။ ကျရောက်တော့မည့်ကြမ္မာဆိုးမှ ကယ်တင်နိုင်သည့် တစ်ပါးတည်းသော ကယ်တင်ရှင်ကို ငြင်းပယ်စော်ကားကာ မကြာမီတွင် ကပ်တိုင်တင်၍ သတ်ကြပေတော့မည်။HFB 3.1

    သခင်ယေရှုသည် ယေရုရှလင်မြို့ကြီးကို ကြည့်နေစဉ်တွင် ပင်ထိုမြို့ နှင့်တကွ အစ္စရေးလူမျိုးတစ်မျိုးလုံးအပေါ်သို့ ကျရောက် တော့မည့်ကြမ္မာဆိုးကို မြင်တွေ့တော်မူ၏။ မကြာမြင့်မီအချိန်မှစ၍ ဘုရားသခင်စံမြန်းရာနေရာအဖြစ်မှ ရပ်စဲခြင်းခံရတော့မည့် ယေရုရှလင် မြို့ပေါ်သို့ ဓါးများဖြင့်လွှမ်းမိုးထားသည့် အဖျက်ကောင်းကင်တမန်ကို ကိုယ်တော်မြင်တွေ့တော်မူ၏။ မကြာမြင့်မီအချိန် အတောအတွင်း၌ ဗိုလ်ချုပ်တိုက်တပ်စ်နှင့် ၎င်း၏စစ်တပ်က သိမ်းပိုက်တော့မည့် နေရာမှနေ၍သန့်ရှင်းရာဌာနတော်ကို ကိုယ်တော်လှမ်းကြည့်လိုက်ရာ မြို့တော်၏မြို့ရိုးများကို တိုင်းတစ်ပါးသားများ ဝန်းရံနေသည်ကို မျက်ရည်စို့နေသောမျက်ဝန်းတွင် ခပ်မွှားမွှားမြင်တွေ့နေရပြီး တိုင်းတစ်ပါး စစ်တပ်များ၏ စစ်ချီသံများကိုလည်းကောင်း၊ ရန်သူများ ဝန်းရံထားသည့် မြို့တော်တွင်းရှိ မိခင်များ၏ အော်ဟစ်ငိုကြွေးသံများနှင့်အစာတောင်း နေသည့်ကလေးငိုသံများကိုလည်းကောင်း နားတော်တွင်ကြားယောင်နေရ ပါသည်။ ၎င်းပြင် သန့်ရှင်းရာအိမ်တော်၊ လှပသောနန်းတော်၊ တင့်တယ်သော မျှော်စင်ပြဿဒ်များသည် မီးဟုန်းဟုန်း တောက်ကာ ပျက်စီးသွားသည် ကိုလည်း အမြင်ရူပါရုံတွင် အထင်သား ပေါ်လွင်နေပါသည်။ ကိုယ်တော်သည် နိုင်ငံအရပ်ရပ်သို့ ခေတ်အဆက်ဆက် ကွဲလွင့်သွားကြမည့် ပဋိညာဉ်နှင့် စပ်ဆိုင်သော အစ္စရေး များကိုအမြင်အာရုံတွင်တွေ့မြင်ကာ သနားကြင်နာသော စိတ်ဖြင့် “အိုယေရုရှလင်မြို့၊ သင်သည် ပုရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိ ရာသို့စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကိုစုရုံး စေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ” ဟု ဝမ်းနည်းပက်လက်မြွက်ဆိုခဲ့၏။HFB 3.2

    မယုံကြည်ခြင်းနှင့်ပုန်ကန်ခြားနားခြင်းများအားဖြင့် စိတ်ခိုင်မာသော လောကသားများ၊ ဘုရားသခင်၏ ပြစ်ဒဏ်စီရင်မှုကို ပြေးတွေ့နေသော လောကီသားများ၏သင်္ကေတများကို ယေရုရှလင်မြို့၏ဖြစ်ရပ်များတွင် ကိုယ်တော်မြင်တွေ့နေရပါသည်။ ထိုကြောင့် ဆင်းရဲဒုက္ခနှင့်ရင်ဆိုင်ကြ ရတော့မည့် လောကသားတစ်ဦးစီအတွက် ကိုယ်တော်သည် စိတ်နှလုံး ညှိုးငယ်တော်မူ၏။ ထိုဒုက္ခဆင်းရဲခြင်းများမှ ၎င်းတို့ ကင်းလွတ်သွားကာ ကယ်တင်ခြင်းရရှိသွားစေဖို့ရန် မိမိ၏အသက်တော်ကိုပင် စွန့်ရန်ဆန္ဒ ပြင်းပြနေတော်မူပါသည်။HFB 4.1

    ကောင်းကင်ဗိုလ်ခြေအရှင်သည် မျက်ရည်ကျတော်မူ၏။ အပြစ် ကျူးလွန်သူတစ်ဦးအား ပညတ်တော်လွန်ကျူးခြင်း၏ ဆိုးကျိုးများမှ ကယ်တင်ရန်မည်မျှခက်ခဲသည် ဆိုသည့်အချက်ကို ဤမြင်ကွင်းက ဖေါ်ပြနေ ပါသည်။ ယေရုရှလင်မြို့ကြီးအား ဘုရားသခင် ဖျက်ဆီးပစ်လိုက်အောင် ကျူးလွန်ခဲ့သည့်ဒုစရိုက်မျိုးကို ဤကမ္ဘာကြီးကလည်း ကျူးလွန်နေသည်ကို ယေရှုအရှင်မြင်တွေ့တော်မူခဲ့သည်။ ယုဒများ၏ အကြီးမားဆုံးသော အပြစ် ဒုစရိုက်မှာ ခရစ်တော်ကို ငြင်းပယ်ခြင်းဖြစ်သကဲ့သို့ ဤကမ္ဘာကြီး၏ အကြီးမား ဆုံးသော ဒုစရိုက်မှုမှာ နိုင်ငံတော် ၏အုတ်မြစ်ဖြစ်သော ပညတ်တော်ကို ငြင်းပယ်ခြင်းဖြစ်လိမ့်မည်။ အပြစ်၏ချုပ်နှောင်မှုအောက်တွင် ဒုတိယသေခြင်း ကို ရင်ဆိုင်ရန် စီရင်ချက်ချခြင်းခံရမည့် လူများစွာတို့သည် သမ္မာတရား၏ ဖွင့်ဆိုချက် များကိုနားထောင် လိုက်လျှောက်ရန် ငြင်းဆန်ကြလိမ့်မည်။ Rom, 7:12, John 14:15. ယေရှုသခင်အသက်ပေးပြီးချစ်တဲ့ သောတရှင်များ ခင်ဗျား−ချစ်ခြင်း မေတ္တာကို အခြေခံထားတဲ့ ပညတ်တော်များကို အမွန်အမြတ်ထားသူများ ဖြစ်အောင် ဘုရားသခင် ကောင်းချီးချပေးပါစေလို့ ဆုတောင်းပေးရင်း −နိဂုံးချုပ်− (ဆုတောင်း)။HFB 5.1