Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆွီဒင်၌အမှုတော်ကြီးပွားတိုးတက်လာခြင်း

    ဝစ်တင်းဘတ်ကျောင်းထွက်တချို့ကာ ဆွီဒင်ရှိရောင်းရင်းများအတွက် အသက်စမ်းရေကိုသယ်ဆောင်ခဲ့ကြပါသည်။ ဆွီဒင်မှပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်နှစ်ဦးဖြစ်သော အိုလာနှင့် လော်ရင်းတီးယပ်ပက်ထရီတို့သည် လူးသာနှင့် မက္ကလန်သန်တို့လက်အောက်တွင် လေ့လာခဲ့ကြပါသည်။ အိုလာသည် လူးသာကဲ့သို့ စကားပြောကောင်းကောင်းဖြင့် လူအများကိုဆွဲဆောင်နိုင်သလို လော်ရင်းတီးယပ်သည်လည်း မက္ကလန်သန်ကဲ့သို့ အတွေးအခေါ်ကောင်း၍ တည်ငြိမ်သူတစ်ဦးဖြစ်သည်။ သူတို့နှစ်ယောက်စလုံးသည် မလျော့သောဇွဲသတ္တိဖြင့် ပြည့်စုံသူများ ဖြစ်ကြသည်။ ကာတိုလိတ်ဂိုဏ်းချုပ်များက မသိနားမလည်သည့် အယူသီး ပုဂ္ဂိုလ်များအား ဆွပေးမှုကြောင့် အိုလာသည် အကြိမ်ပေါင်းများစွာ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပါသည်။ သို့ရာတွင် ရောမကိုတိုက်လှန်နေ သူများကို ကြိုဆိုကာ ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းအပေါ် အကာအကွယ်ပေးရန် ဆုံးဖြတ်ထားသည့် ထိုဘုရင်က အိုလာတို့အား စောင့်ရှောက်ခဲ့ပါသည်။HFB 252.1

    ဘာသာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ ယုံကြည်ချက်များကို ကာကွယ်နိုင်စွမ်းရှိသောအိုလာသည် ဆွီဒင်ဘုရင်နှင့် နိုင်ငံခေါင်းဆောင်များ ရှေ့မှောက်မှာပင် ‘‘ဘိုးဘေးတွေရဲ့သွန်သင်ချက်တွေဟာ ကျမ်းစာနဲ့ကိုက်ညီရင် ကျွန်ုပ်တို့လက်ခံကြရမယ်။ ယုံကြည်ခြင်းနဲ့ဆိုင်သည့် အရေးပါတဲ့ သွန်သင်ချက် တွေကို လူတိုင်းနားလည်နိုင်အောင် ကျမ်းစာထဲမှာ ရှင်းရှင်းကလေး ဖေါ်ပြထားတယ်’’ ဟု ဖွင့်ဆိုခဲ့ပါသည်။HFB 253.1

    ဘာသာရေးပြုပြင်ပြောင်းလဲရေးသမားများသည် မည်သည့် လူစားများဖြစ်ကြောင်းကို ဤအချက်က ကျွန်ုပ်တို့အားထင်ရှားစေပါသည်။ ထိုသူများသည် ပညာမဲ့များမဟုတ်ကြပါ။ ဂိုဏ်းဂဏအစွဲကြီးသူများ မဟုတ်ကြပါ။ အငြင်းသန်သူများလည်း မဟုတ်ကြပါ။ သူတို့သည် နှုတ်ကပတ်တော်ကို လေ့လာပြီး သမ္မာကျမ်းစာက ပေးအပ်သည့် လက်နက်အစုံကို တပ်ဆင်အသုံးပြုတတ်သူများ ဖြစ်ကြပါသည်။ ရောမအသင်းတော်မှ အာဏာပိုင်များနှင့် ရောမအသင်းတော်ကျောင်းများမှ စကားဖန်ထိုးတတ်သူများအပေါ် အေးအေးဆေးဆေး အောင်ပွဲဆင်ခဲ့သူ များလည်းဖြစ်ကြသည်။HFB 253.2

    ဆွီဒင်ဘုရင်သည် ပရိုတက်စတင့်ယုံကြည်ချက်များကိုလက်ခံခဲ့ပြီး ဆွီဒင်လွှတ်တော်ကလည်းထောက်ခံကြောင်း ကြေညာခဲ့သည်။ ထိုညီအစ်ကို နှစ်ယောက်သည် ဘုရင်၏ဆန္ဒအရ သမ္မာကျမ်းစာကို ဆွီဒင်ဘာသာဖြင့် ဘာသာပြန်ဆိုခဲ့သည်။ တရားဟောဆရာများသည် သမ္မာကျမ်းစာကို ရှင်းလင်း တင်ပြရန်နှင့် ကျောင်းများတွင် ကျမ်းစာကိုသင်ပေးရန် တစ်နိုင်ငံလုံးသို့ လွှတ်တော်အမိန့်ထုတ်ခဲ့သည်။HFB 253.3

    ထိုနိုင်ငံသည် ရောမအသင်းတော်၏နှောင့်ယှက်မှုများ မခံရသဖြင့် တစ်ခါမှမရခဲ့ဖူးသော အောင်မြင်မှုများကို ရရှိခဲ့ပါသည်။ တစ်ရာစုအကြာတွင် ဥရောပမှ တစ်နိုင်ငံတည်းသော အကူအညီပေးရဲသူ ထိုနိုင်ငံကလေးသည် အနှစ် (၃၀) ကြာစစ်ပွဲတွင် ရုန်းကန်နေရသည့် ဂျာမနီပြည်ကို ကယ်ဆယ်ခဲ့ပါသည်။ ဥရောပမြောက်ပိုင်းရှိ နိုင်ငံအားလုံးသည် ရောမအသင်းတော်၏ ရက်စက်မှု အောက်တွင် ကျရောက်တော့မည့်ပုံပေါ်နေပါသည်။ ပရိုတက်စတင့်များအား ဘာသာရေးလွတ်လပ်ခွင့်ရရန်နှင့် ပြုပြင်ပြောင်းလဲရေးကို လက်ခံခဲပြီးသည့် နိုင်ငံများမှာ ဩတ္တပ္ပစိတ်လွတ်လပ်ခွင့်ပြန်လည်ရရှိစေရန် ဆွီဒင်စစ်သားများက ဂျာမနီကိုကူညီနိုင်ခဲ့ကြပါသည်။HFB 254.1

    *****