Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဂျွန်နောက်စ်

    ဟာမီတန်နှင့် ဝစ်ဟတ်တို့သည် အခြားယုံကြည်သူတပည့်တော်များ နည်းတူ ကပ်တိုင်တွင် အသက်ပေးခဲ့ကြပါသည်။ သို့ရာတွင် ဝစ်ဟတ်၏မီးပုံမှ မီးအားဖြင့် နှုတ်ပိတ်ခြင်းငှာ မစွမ်းနိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွန်းခဲ့ပါသည်။ ထိုသူမှာ ဂျွန်နောက်စ်ဖြစ်ပြီး ဘုရားသခင်၏ လမ်းပြမှု အောက်တွင် စကော့တလန်ရှိရဟန်းမင်းအဖွဲ့နှင့် အသေကြေတိုက်ပွဲ ဝင်မည့်သူဖြစ်သည်။HFB 260.3

    ဂျွန်နောက်စ်သည် ရိုးရာဓလေ့များကိုကျောခိုင်းကာ နှုတ်ကပတ် တော်မှ အမှန်တရားများကို မှီဝဲလာပါသည်။ ဝစ်ဟတ်၏ သွန်သင်ချက်များကြောင့် ရောမကိုကျောခိုင်းကာ ဒုက္ခသည် ပြုပြင် ပြောင်းလဲရေးသမားများနှင့်ပူးပေါင်းရန် သူဆုံးဖြတ်ချက်ချခဲ့ပါသည်။HFB 260.4

    တရားဟောပေးရန် မိတ်ဆွေများက တိုက်တွန်းခဲ့သော်လည်း ထိုတာဝန်ကိုထမ်းဆောင်ရန် ရွံ့တွန့်တွန့်ဖြစ်နေပါသည်။ ရက်ပေါင်းများစွာ ချီတုံချတုံဖြစ်နေခဲ့ပြီးနောက် သူသဘောတူခဲ့ပါသည်။ စိတ်ရင်းမှန်သော ထိုသူသည် တစ်ခါတရားဟောပြီးသည်နှင့် မည်သူ့မျက်နှာကိုမှမထောက် တော့ဘဲမလျော့သောဇွဲသတ္တိဖြင့် ဆက်တိုက်ဟောကြားပါတော့သည်။ စကော့တလန်ဘုရင်မနှင့် မျက်နှာချင်းဆိုင်ရင်ဆိုင်ရသော အချိန်တွင်လည်း ချော့လို့မပျော့သလို ခြောက်လို့မကြောက်ခဲ့သူတစ်ဦးဖြစ်သည်။ နိုင်ငံတော်မှ တားမြစ်ထားသည့် အယူဝါဒတစ်ခုကိုလက်ခံရန် သွန်သင်ခဲ့သည့်အတွက် အစိုးရမင်းများ၏ အုပ်စိုးခြင်းကိုဝန်ခံရမည်ဆိုသည့် ဘုရားသခင်၏ ပညတ်တော်ကို ဂျွန်နောက်စ်ချိုးဖောက်ပြီဟု ထိုဘုရင်မကဆိုပါသည်။ ထိုအခါHFB 261.1

    ဂျွန်နောက်စ်က ‘‘အာဗြဟံရဲ့သားသမီးတွေဟာ ဖါရောဘုရင်ရဲ့ အယူဝါဒကို လက်ခံမယ်ဆိုရင် ထိုသူတွေဟာ ဘယ်သူ့ကိုဝန်ခံသူတွေ ဖြစ်လာကြမလဲ။ ကမ္ဘာပေါ်မှာကော ဘယ်အယူဝါဒက လွှမ်းမိုးနေသလဲ။ ဘုရင်မကြီးခင်ဗျား၊ တမန်တော်ခေတ်တုန်းက လူသားတွေဟာ ရောမနိုင်ငံရဲ့အယူဝါဒကို လက်ခံရမယ်ဆိုရင် ထိုအချိန်တုန်းက ဘယ်ဘာသာအယူဝါဒက ကမ္ဘာကြီးကို လွှမ်းမိုးသွားပါမလဲခင်ဗျား’’ ဟု ခိုင်မာစွာတုံ့ပြန်အဖြေပေးခဲ့ပါသည်။HFB 261.2

    ထိုအခါ ဘုရင်မကြီးမေရီက ‘‘သင်က သမ္မာကျမ်းစာကို တစ်မျိုးအနက်ဖွင့်တယ်။ သူတို့က (ရောမအသင်းတော်) တစ်မျိုးအနက် ဖွင့်တယ်။ တို့က ဘယ်သူ့ကိုယုံရမှာလဲ။ ဘယ်သူကမှန်တယ်လို့ ဘယ်သူ့ကို ဆုံးဖြတ်ခိုင်းရမလဲ’’ ဟုမေးလာရာ-HFB 261.3

    ‘‘သင်သည် ဘုရားသခင်ကိုယုံရမည်လို့ ကျမ်းစာထဲမှာ ရှင်းရှင်း ကလေးဖွင့်ဆိုထားပါတယ်။’’ ‘‘နှုတ်ကပတ်တော်ဟာ ရိုးရိုးရှင်းရှင်းကလေးပါ။ တစ်နေရာမှာဖေါ်ပြထားတာ မထင်ရှားရင်တောင်မှ ထိုကျမ်းချက်ကို တစ်နေရာမှာရှေ့နောက်ညီညွတ်တဲ့ ဝိညာဉ်တော်ဘုရားသခင်က သေချာစွာ ရှင်းပြထားပါတယ်’’ ဟု ဂျွန်နောက်စ် အဖြေပေးခဲ့ပါသည်။HFB 262.1

    အကြောက်အရွံ့ကင်းသော ထိုပြုပြင်ပြောင်းလဲရေးသမားသည် အသက်အန္တရာယ်ကိုစိုးရိမ်ရလင့်ကစား မဆုတ်မနစ်သော ဇွဲသတ္တိဖြင့် စကော့တလန်အား ရဟန်းမင်း၏ ဩဇာရိပ်မှလွတ်မြောက်သည်အထိ သဘောထားမပြောင်းဘဲ လုပ်ဆောင်ခဲ့သည်။HFB 262.2

    အင်္ဂလန်တွင် ပရိုတက်စတင့်ခရစ်ယာန်အယူဝါဒကို နိုင်ငံတော် ဘာသာအဖြစ် တည်ထောင်လိုက်ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းမှုများကို လုံလုံးရပ်မသွားစေကာမူ နည်းပါးမှုတော့ရှိသွားပါသည်။ ရောမ၏ လုပ်နည်းလုပ်ဟန်နှင့်တကွ ရဟန်းမင်းကြီး၏ကြီးစိုးမှုကို ငြင်းပယ်ခဲ့ကြသော်လည်း ၎င်း၏နေရာတွင် အသင်းတော်၏ ခေါင်းဆောင်အဖြစ် ရှင်ဘုရင်က တာဝန်ယူလာသဖြင့် ဧဝံဂေလိတရားတော်၏ စင်ကြယ်မှုများ အကြီးအကျယ်ပျက်စီးလာသည်။ ဘာသာရေးလွတ်လပ်ခွင့် ဆိုသည်ကို နားမလည်နိုင်အောင်ဖြစ်နေသေးသည့် ရောမကအသုံးပြုခဲ့သည့် ရက်စက်မှုများကို ပရိုတက်စတင့် ဘုရင်များကပင် ပြန်လည်အသုံးပြုလာကြရာ ဩတ္တပ္ပစိတ်၏ လှုံ့ဆော်မှုနှင့်အညီ ဘုရားသခင်ကိုကိုးကွယ်ဝတ်ပြုခွင့်များကို အသိအမှတ်မပြုခဲ့ကြချေ။ ရှင်ဘုရင်နှင့် ဘဘောထားချင်း မတိုက်ဆိုင်သူ များသည် နှစ်ပေါင်းများစွာ နှိပ်စက်မှုများကိုခံစားခဲ့ကြရသည်။HFB 262.3