Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃) - ရှေးဦးအသင်းတော်တွင်းဝိညာဉ်ရေးအမှောင်ထု

    ခရစ်တော်၏ “နေ့ရက်မရောက်မီ ဖေါက်ပြန်သင်းခွဲခြင်းသည် အလျင်ဖြစ်၍ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏သားသည် ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင်ဟူ၍လည်းကောင်း၊ ဘုရားဟူ၍လည်းကောင်း ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက် ပြု၍ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့် ဘုရားသခင်၏ ဗိမာန် တော်၌ ဘုရားသခင်ကဲ့သို့ထိုင်၍ ဘုရားသခင်ဖြစ်ယောင်ဆောင်လျက် ကိုယ်ကို ပြသောသူ ဖြစ်သတည်း။” “ဝှက်ထားလျက်ရှိသော ထိုအဓမ္မ အရာသည် ယခုပင်ပြုပြင်ဆဲရှိ၏” ဟူ၍ ပေါလုဖွင့်ဆိုခဲ့ပါသည်။ ၂သက် ၂:၃-၄၊ ၇။ ရဟန်းမင်းကြီး၏အာဏာတန်ခိုးကြီးထွားရန် လမ်းဖွင့်ပေးသည့် မှားယွင်းမှုများသည် ရှေးဦးအချိန်များမှစ၍ပင် အသင်းတော်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း ထိုတမန်တော်ကြီးတွေ့မြင် ခဲ့သည်။HFB 30.1

    “ဝှက်ထားလျက်ရှိသောအဓမ္မအရာ” သည် ၎င်း၏လှည့်ဖြား မှုဆိုင်ရာ လုပ်ဆောင်ချက်များကို တဖြည်းဖြည်းချင်းလုပ်ဆောင်လာပါ သည်။ ဗာဟီရဝါဒ၏ စိုးမိုးမှုအောက်တွင် ဖြစ်ပေါ်လာသောကြမ်းတမ်းသည့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် အခိုက်အတန့်အားဖြင့် ထိန်းချုပ် ထားနိုင်ခဲ့သော တစ်ပါးအမျိုးသားများ၏ အကျင့်ဓလေ့များသည် ခရစ်ယာန်အသင်းတော်ထံသို့ ရောက်ရှိလာပါသည်။ နှိပ်စက်ညှဉ်းပန်း ခြင်းကာလ ကျော်လွန်သွားသောအချိန်တွင် ခရစ်တော်၏ရိုးစင်းမှုကို ဘေးဖယ်ကာ ဗာဟီရယဇ်ပုရောဟိတ်များ၏ဟန်ပန်များကို အတုခိုး ကျင့်သုံးလာပါသည်။ ကွန်စတန်တင်း၏ အမည်ခံသက်သက်ပြောင်း ပြောင်းလဲမှုကြောင့် ဗာဟီရဝါဒီများဝမ်းမြောက်ခဲ့ကြပါသည်။ ယခုတွင်မူ အသင်းတော်၏ စင်ကြယ်မှုများအလျင်အမြန်ပျက်ယွင်းကာ ဗာဟီရဝါဒသည် အောင်ပန်းဆင်နေပါသည်။ သူမ၏ယုံကြည်ချက်များနှင့် အယူသီးမှုများကို ခရစ်ယာန်ယုံကြည်ခြင်းနှင့် ပူးပေါင်းလက်ခံကျင့်သုံး နေကြပါသည်။ ဗာဟီရဝါဒနှင့် ခရစ်ယာန်အယူဝါဒအကြား အလျော့အတင်းလုပ်ကာ ပူးပေါင်းလိုက်သဖြင့် ကြိုတင်အနာဂတ်ပြုထားသည့် “ဒုစရိုက်လူ” ပေါ်ထွန်းလာခဲ့ပါသည်။ ကမ္ဘာပလ္လင်ပေါ်တွင်ထိုင်ကာ အလိုရှိသည့်အတိုင်း လုပ်ဆောင်ရန် စာတန်ကြိုးစားခဲ့သောအရာများတွင် မှားယွင်းသော အယူဝါဒကို တည်ထောင်နိုင်ခြင်းသည် စာတန်၏အထူးခြား အပြောင်မြောက်ဆုံးလက်ရာဖြစ် သည်။HFB 30.2

    ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် အသင်းအုပ်များအပေါ် အုပ်ချုပ်ခွင့် အာဏာကို ပုပ်ရဟန်းမင်းကြီး၌ အပ်နှင်းထားသည်ဆိုသည့် အချက်မှာ ရောမအသင်းတော်၏အဓိက ယုံကြည်ချက်များတွင် တစ်ချက်ပါအဝင် ဖြစ်သည်။ ထိုမျှသာမက ပုပ်ရဟန်းမင်းကြီးအား ထာဝရပုပ်ဘုရားသခင် (Lord God the Pope) ဟူ၍လည်းကောင်း၊ အမှားအယွင်းနှင့်အမြဲတမ်း ကင်းသူဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ကြပါသည်။ တောထဲတွင် ခရစ်တော်အား စုံစမ်းစဉ်က စာတန်တောင်းဆိုခဲ့သောအရာများကို ယခုအချိန်တိုင် ရောမအသင်းတော်မှတစ်ဆင့် ရဟန်းမင်း တောင်းဆိုလျက်ရှိရာ လူထုကြီးက သူ့အား ဝတ်ပြုကိုးကွယ်နေကြပါသည်။HFB 31.1

    ထိုတောင်းဆိုချက်များနှင့် ရင်ဆိုင်နေရသောယုံကြည်သူ ခရစ်ဘာန်များအနေဖြင့် စာတန်တောင်းဆိုသောအချိန်တွင် ခရစ်တော် ဖြေရှင်းတော်မူခဲ့သလို “သင်၏ဘုရားသခင်၊ ထာဝရဘုရားကိုကိုးကွယ် ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်” ဟူ၍ ဖြေရှင်းကြပါသည်။ (လုကာ ၄:၈)။ ဘုရားသခင်သည် မည်သူ့ကိုမျှ အသင်းတော်ဦးခေါင်း အဖြစ် မခန့်အပ်ခဲ့ဖူးရာ ပုပ်ရဟန်းမင်းကြီး၏ ဩဇာလွှမ်းမိုးမှုသည် သမ္မာကျမ်းစာနှင့် ဆန့်ကျင်နေပါသည်။ သို့ဖြစ်၍ ပုပ်ရဟန်းမင်း၌ အသင်းတော်အပေါ် စိုးမိုးအုပ်ချုပ်ရန် မတရားရယူထားသည့် အာဏာမှလွဲ၍ အခြားမည်သည့် အာဏာတန်ခိုးမျှမရှိပါချေ။ သို့နှင့်ရောမယုံကြည်သူများသည် “သန့်ရှင်းသူတို့၌ အထက်မှအပ်ပေးခဲ့သော ယုံကြည်ခြင်း” ကိုကျောခိုင်းကာ စစ်မှန်သော အသင်းတော်မှ မိမိတို့ သဘောအတိုင်း ခွဲထွက်ခဲ့ကြပါသည်။HFB 31.2

    ရင်ဆိုင်တော်မူရသမျှတိုက်ခိုက်မှုတိုင်းကို “ကျမ်းလာသည်ကား” ဟုဖွင့်ဆိုလျက် သမ္မာကျမ်းစာကို ဒိုင်းလွှားအဖြစ် အစဉ် တစိုက်ခရစ်တော် အသုံးပြုသွားမည်ကို သမ္မာကျမ်းစာဖေါ်ပြချက်များအရ စာတန်သိရှိထားသည်။ ထိုကြောင့် လူအပေါင်းတို့အား လမ်းလွှဲစေရန်နှင့် ပုပ်ရဟန်းမင်းဩဇာကြီးစိုး လာစေရန်အတွက် သမ္မာကျမ်းစာ ကိုလူအပေါင်းမသိကျိုးကျွံပြုအောင် လုပ်ရမည်ကို စာတန်သိထားသည်။ မွန်မြတ်သော သမ္မာတရားများကို ဖုံးကွယ်နှိပ်ကွပ်ထားရမည်။ ထိုကြောင့် ရောမအသင်းတော်က သမ္မာကျမ်းစာ ပုံနှိပ်ထုတ်ဝေမှုကို နှစ်ပေါင်းများစွာတားမြစ်ခဲ့သည်။ အသင်းသားများကိုလည်း ကျမ်းစာဖတ်ခွင့်မပြုခဲ့ချေ။ ၎င်းတို့၏ဟန်ဆောင်လှည့်ဖြားမှုကို ဆက်လက် ထိန်းသိမ်းရန် ဘုန်းတော်ကြီးများကသာ သမ္မာကျမ်းစာကိုဖတ်ကာ အနက်ဖွင့်ပေးခဲ့ကြသည်။ ဤနည်းအားဖြင့် ကမ္ဘာကြီးတစ်ခုလုံးက ပုပ်ရဟန်းမင်းအား ကမ္ဘာပေါ်ရှိဘုရားသခင်၏ ကိုယ်စားလှယ်တော် ကြီးအဖြစ် အသိအမှတ်ပြုလာကြပါသည်။HFB 32.1