Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခရစ်တော်ကိုရန်ငြိုးထားခြင်း

    ‘‘ကျွန်ုပ်တို့၏သခင်ဘုရားကို ကပ်တိုင်တင်သောနေရာလည်းဖြစ်၏။’’ ဤအနာဂတ္တိစကားသည် ပြင်သစ်ပြည်၌ ပြည်စုံခဲ့၏။ သမ္မာတရားသည် အခြားမည်သည့်နိုင်ငံမှာမှ ပြင်သစ်ထက်ဆိုးသော ရက်စက်သည့်ဆန့်ကျင်မှု များကို မရင်ဆိုင်ခဲ့ရချေ။ ပြင်သစ်နိုင်ငံသည် ဧဝံဂေလိတရားကို လက်ခံသူများအား နှိပ်စက်ညှဉ်းပန်းကာ တပည့်တော်များ အားဖြင့် ခရစ်တော်ကို ပုဂ္ဂိုလ်ရေးကပ်တိုင်တင်ခဲ့ကြသည်။HFB 282.2

    သူတော်စင်များ၏သွေးများသည် ရာစုနှစ်တစ်ခုပြီးတစ်ခု ဆက်တိုက် သွန်းခဲ့ကြရသည်။ ပိမွန်တောင်တန်းများထက်ဝယ် ခရစ်တော်အတွက် သက်သေခံရင်း ဝေါလ်ဒင်းဆီးများအသက်ပေးခဲ့ကြသလို ပြင်သစ်မှ အဘီဂျင်းဆီးများသည်လည်း အသက်ပေးကာ သက်သေခံခဲ့ကြသည်။ ထိုတပည့်တော်များသည် သေသည်တိုင်အောင် ရက်စက်စွာအနှိပ်စက်ခံကြ ရပါသည်။ ရှင်ဘုရင်မှစ၍ မှူးကြီးမတ်ရာများ၊ မင်းသမီးများနှင့် ၎င်းတို့၏ နောက်ပါများသည် ထိုအာဇာနည်များ၏ ဒုက္ခဆင်းရဲခြင်းကို ကိုယ်တိုင်မြင်တွေ့ ခဲ့ကြရသည်။ သူရသတ္တိနှင့်ပြည့်စုံသော ဟူဂနောက်များသည်လည်း အမဲလိုက်သလို အလိုက်ခံကြရကာ သေပွဲဝင်ခဲ့ကြရပါသည်။HFB 283.1

    ၁၈ ရာစုနှစ်တွင် ပြင်သစ်ပြည်၌ ဆက်လက်အသက်ရှင်နေကြသည့် ရှေးခရစ်ယာန်များ၏ သားမြေးများသည် တောင်ပိုင်းရှိတောင်များတွင် ပုန်းအောင်းပြီး ဘိုးဘေးများ၏ ယုံကြည်ခြင်းကို အမွန်အမတ်ထားကာ ပြုစု ပျိုးထောင်ခဲ့ကြပါသည်။ ထိုသူများသည် ကျွန်သင်္ဘောများတွင် ရာသက်ပန် ကျွန်များအဖြစ် ဖမ်းဆီးချုပ်နှောင်ကာ နှိပ်စက်ခြင်းကိုခံကြရပါသည်။ ပြင်သစ်ပညာတတ်ယုံကြည်သူများသည် ဓါးပြများ၊ လူသတ်သမားများနှင့် အတူ သံကိုးများနှင့် အချည်ခံရရုံတင်မကဘဲ ကြောက်ရွံ့ဖွယ်နှိပ်စက်မှုများ ကိုလည်းခံကြရသည်။ တချို့မှာဒူးထောက်ဆုတောင်းနေစဉ် သွေးအေးအေးဖြင့် ပစ်သတ်ခြင်းကိုခံခဲ့ကြရသည်။ ဓါးများ၊ ပုဆိန်များ၊ ကပ်တိုင်များ မြင်ကွင်းများဖြင့် ပြည့်ဝနေသော ပြင်သစ်ပြည်ကြီးသည် အမှောင်ကျနေသော တောကြီးအသွင်သို့ ကူးပြောင်းသွားခဲ့ပါသည်။HFB 283.2

    ‘‘မည်သည့်အမှောင်ခေတ်မှာမှ မပြဌာန်းခဲ့ဖူးသော ဤရက်စက်ကြမ်း ကြုတ်မှုများကို ပြဌာန်းခဲ့ကြသော်လည်း လူးဝစ် (၁၄) လက်ထက်တွင် ခေတ်ကောင်းတစ်ခု အစပျိုးလာခဲ့ပါသည်။ သိပ္ပံပညာကိုပျိုးထောင်လာ ပါသည်။ စာပေများတိုးတက်လာပါသည်။ တရားရုံးအကြီးအကဲများနှင့် မြို့တော်အကြီးအကဲများသည် ပညာတတ်အာဝဇ္ဇန်းကောင်းသူများဖြစ်ပြီး နူးညံ့သိမ်မွေ့ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့နှင့်ဆိုင်သော ကျေးဇူးတော်များကို များစွာအကျိုးသက်ရောက်စေခဲ့သည်။HFB 284.1