Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကြောက်ရွံ့စရာအကောင်းဆုံးရာဇဝတ်မှုများ

    စိန့်ဘာသောလမွဲ လူအစုလိုက်အပြုံလိုက်သတ်ပွဲကြီးသည် ကြောက်စရာ ရာစုနှစ်များအတွင်း ဖြစ်ပွားခဲ့သော ကြောက်စရာဖြစ်ရပ်များတွင် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်များ၏ တိုက်တွန်းချက်အရ ပြင်သစ်ဘုရင်သည် ခွင့်ပြုမိန့်ကို ထုတ်ပြန်ပေးခဲ့သည်။ ညကြီးမင်းကြီးမှ ထိုးသည့်ခေါင်းလောင်းသံကလေးသည် လူသတ်သမားများ အတွက် အချက်ပေးသည့်အရာတစ်ခုဖြစ်ခဲ့သည်။ မိမိတို့ရှင်ဘုရင်၏ ဂုဏ်သိက္ခာကိုကိုးစားလျက် မိမိတို့၏နေအိမ်များတွင် အိပ်မောကျနေသည့် ပရိုတက်စတင့်များစွာတို့ကို အိမ်မှဆွဲထုတ်ကာ သတ်ဖြတ်ခဲ့ကြပါသည်။HFB 284.2

    ထိုလူသတ်ပွဲကြီးကို ပဲရစ်မြို့တွင် ခုနစ်ရက်တိတိကျင်းပခဲ့သည်။ ဘုရင့်အမိန့်အရ ပရိုတက်စတင့်များရှိနေသည့်မြို့ရွာများအထိတိုင် လူသတ်ပွဲ အစီအစဉ်ကိုတိုးချဲ့ခဲ့ကြသည်။ လူချမ်းသာ၊ လူဆင်းရဲများ၊ လူကြီးလူငယ် ကျားမအပါအဝင် ပြင်သစ်၏ တန်ဖိုးရှိသောလူပေါင်း ၇၀,၀၀၀ တို့သည် သေပွဲ ဝင်ခဲ့ကြရပါသည်။HFB 285.1

    ‘‘ထိုလူသတ်ပွဲသတင်းကို ရောမကရရှိသောအခါ အသင်းတော် ခေါင်းဆောင်ကြီးများသည် အတိုင်းမသိဝမ်းမြောက်ခဲ့ကြပါသည်။ လော်ရိန်း ဂိုဏ်းချုပ်ကြီးက ထိုသတင်းကိုပေးပို့သူအား ပေါင် (၁၀၀၀) ဆုချခဲ့သည်။ စိန့်အင်ဂျဲလိုက အမြောက်ပစ်၍ အလေးပြုခဲ့သည်။ မျှော်စင်တိုင်းမှ ခေါင်းလောင်းများကို ထိုးခဲ့ကြသည်။ မီးရှူး၊ မီးပန်းများကြောင့် ညကာလသည် နေ့အချိန်နှင့်ပင်တူနေပါသည်။ ဂရီဂိုရီ (၁၃) သည် ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်နှင့် ဂုဏ်သရေရှိပုဂ္ဂိုလ်များခြံရံလျက် တီဒီအမ်ဂါထာရွတ်နေသည့် လော်ရိန်း ဂိုဏ်းချုပ်ရှိရာ စိန့်လူးဝစ်ဘုရားရှိခိုးကျောင်းသို့သွားခဲ့ပါသည်။ အစုလိုက်သတ်ပွဲ၏ အထိမ်းအမှတ်အဖြစ် သတ္တုပြားများကိုရိုက်ခတ်ကြ ပါသည်။ သန့်ရှင်းသောရဟန်းမင်းသည် ထိုသတင်းကိုရသောအခါ ဘုရားသခင်ကို ချီးမွမ်းရန် စိန့်လူးဝစ်ဘုရားကျောင်းသို့သွားခဲ့သော ထိုနေ့သည် ဝမ်းမြောက်ဖွယ်ရာနေ့တစ်နေ့ဖြစ်ကြောင်း ပြင်သစ်လူမျိုးဂိုဏ်းအုပ်တစ်ဦးက ပြောခဲ့သည်။HFB 285.2

    စိန့်ဘာသောလမွဲလူသတ်ပွဲကို ဖြစ်မြောက်အောင် တိုက်တွန်းခဲ့သော ထိုဝိညာဉ်သည် တော်လှန်ရေးမြင်ကွင်းများတွင်လည်း ဦးဆောင်ခဲ့ပါသည်။ ခရစ်တော်ကို အယောင်ဆောင်သမားတစ်ဦးအဖြစ် ကြေညာကာ ‘‘ရွံစရာ ကောင်းသောထိုသူကို ချေမှုန်းကြ’’ ဟု ဟစ်အော်ကြသည်။ သူတို့ဆိုလိုသည်မှာ ဘုရားကိုစော်ကားသူခရစ်တော်နှင့် ဆိုးယုတ်ခြင်းများသည် လက်တွဲနေသည်ဟူ၍ဖြစ်သည်။ ဤအရာအားလုံးတွင် သူတို့သည် စာတန်ကိုကိုးကွယ်နေကြကာ ဖြူစင်သန့်ရှင်း၍ အတ္တမဲ့မေတ္တာရှင် ခရစ်တော်ကို ကပ်တိုင်တင်နေကြခြင်းဖြစ်သည်။HFB 285.3

    ‘‘အနက်ဆုံးသောတွင်းထဲက တက်သောသားရဲသည် သူတို့ကို စစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုလည်းသတ်လိမ့်မည်။’’ ဗျာ၊ ၁၁:၇။ ပြင်သစ်တော်လှန်ရေးကာလအတွင်း အုပ်စိုးခဲ့သော ဘုရားမဲ့ဝါဒီသည် ဘုရားသခင်နှင့် နှုတ်ကပတ်တော်ကို ထိုကဲ့သို့စစ်ပြိုင်ခဲ့ပါသည်။ အမျိုးသား လွှတ်တော်က ထာဝရဘုရားအား ကိုးကွယ်ခြင်းကို ဖျက်သိမ်းခဲ့သည်။ သမ္မာကျမ်းစာများကိုစုသိမ်းကာ လူထုရှေ့တွင်မီးရှို့ပစ်ခဲ့သည်။ အပတ်စဉ် နားနေရမည့်နေ့ရက်ကိုဘေးဖယ်ကာ ထိုနေ့အစား (၁၀) ရက်မြောက်သော နေ့တိုင်းကို ပျော်ရွှင်ဖွယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ နှစ်ခြင်းမင်္ဂလာနှင့် ပွဲတော်မင်္ဂလာများကို ပိတ်ပင်တားမြစ်ခဲ့သည်။ သေခြင်းကို ထာဝရ အိပ်ပျော်ခြင်းအဖြစ် သင်္ချိုင်းဂူများတွင် စာကပ်ခဲ့ကြသည်။HFB 286.1

    လွတ်လပ်ရေးနှင့် နိုင်ငံတော်အတွက် ဝတ်ပြုကိုးကွယ်ပွဲကျင်းပခြင်းမှ လွဲ၍ အခြားကိုးကွယ်ပွဲများကိုတားမြစ်ခဲ့သည်။ ၎င်းတို့ခန့်အပ်ထားသည့် ပဲရဏ်ဂိုဏ်းအုပ်ကိုခေါ်ထုတ်လာကာ မိမိနှစ်ပေါင်းများစွာသွန်သင်ခဲ့သော ဘာသာအယူဝါဒသည် ဂိုဏ်းအုပ်တို့၏ အတတ်ပညာအရသာဖြစ်ပြီး ရာဇဝင် တွင်သော်လည်းကောင်း၊ သမ္မာကျမ်းစာတွင်လည်းကောင်း အခြေအမြစ် မရှိကြောင်း လူထုအစည်းအဝေးပွဲတွင် ထိုဘုရင်ကကြေညာစေခဲ့သည်။HFB 286.2

    ‘‘မြေကြီးပေါ်မှာနေသောသူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကိုပြုကြလိမ့်မည်။ တစ်ယောက်ကို တစ်ယောက် လက်ဆောင်ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပုရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာနေသောသူတို့ကို ပြင်းစွာ နှောင့်ယှက်ညှဉ်းဆဲကြသည်ဟု ငါ့အားပြောဆိုလေ၏။’’ ဗျာ၊ ၁၁:၁၀။ ဘုရားကို မခန့်လေးစားပြုသောပြင်သစ်နိုင်ငံသည် ဘုရားသခင့်သက်သေခံ နှစ်ပါး၏ ဆုံးမသံများကို နှုတ်ပိတ်ခဲ့ကြရာ သမ္မာတရား၏ နှုတ်ကပတ်တော်များမှာ သူမ၏လမ်းများပေါ်တွင် လဲသေလျက်ရှိ၏။ ထိုကြောင့် ပညတ်တော်ကို မုန်းတီးသူများတို့သည် ဝမ်းမြောက်ဝမ်းသာ ရှိကြကာ လူတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ကို လူသိရှင်ကြား အန်တုစော်ကားခဲ့ကြသည်။HFB 287.1