Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဥပုသ်တော်နေ့ပြောင်းလဲလာပုံ

    ပုပ်ရဟန်းအဖွဲ့သည် “ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်” ဟု အနာဂတ္တိစကားတွင် ဖော်ပြထားပါသည်။ ဒံ ၇:၂၅။ ရုပ်တုကိုးကွယ်ခြင်းအတွက် အစား ထိုးရန်ကြိုးစားမှုများ၊ ရုပ်ကြွင်းများကို ကိုးကွယ်ခြင်းများသည် ခရစ်ယာန် ဝတ်ပြုကိုးကွယ်မှုများတွင် တဖြည်းဖြည်းဝင်ရောက်လာပါသည်။ အထွေထွေ ကောင်စီမှရုပ်တုကိုးကွယ်မှုကို နောက်ဆုံးတွင် အတည်ပြုခဲ့ပါသည်။ ရောမအသင်းတော်သည် ပညတ်တော်ဆယ်ပါးမှဒုတိယပညတ်တော် တည်းဟူသော ရုပ်တုကိုးကွယ်ခြင်းကို တားမြစ်သည့် ပညတ်ကိုဖယ်ထုတ်ကာ ဒဿမပညတ်တော်ကို ပညတ်နှစ်ခုဖြစ်အောင် ဖန်တီးလိုက်ခြင်းဖြင့် ပညတ်တော်အရေအတွက်ကို မပျက်အောင် စီစဉ်ခဲ့ပါသည်။HFB 33.1

    ဆက်ကပ်မှုမရှိသော အသင်းတော်ခေါင်းဆောင်များသည် ဘုရားသခင် ကောင်းချီးပေး၍ သန့်ရှင်းစေခဲ့သောဥပုသ်တော်နေ့ကို ဘေးဖယ်ထားရန် စတုတ္ထပညတ်တော်ကို ပြုပြင်ပြောင်းလဲပစ်ကာ သတ္တမနေ့ဥပုသ်အစား တစ်ပါးအမျိုးသားများ ဝတ်ပြု ကိုးကွယ်သည့် ‘နေ’ ကိုကိုးကွယ်သောနေ့ဖြင့် အစားထိုးမြှောက်စားခဲ့ပါသည်။ ဥပုသ်နေ့အစစ်အမှန်ကို ပထမရာစုနှစ် တစ်ခုလုံး ခရစ်ယာန်အားလုံးက စောင့်ထိန်းခဲ့ကြပါသည်။ တနင်္ဂနွေနေ့တွင်မူ ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်းအတွက် ပွဲနေ့များကျင်းပခဲ့ပါသည်။ ထိုနေ့၌ ဘာသာရေးအခမ်းအနားများကို ကျင်းပခဲ့သော်လည်း ပျော်ပွဲများကျင်းပရာ နေ့တစ်နေ့အဖြစ်သာ သတ်မှတ်ခဲ့ကြပြီး သတ္တမနေ့ကိုမူ ဥပုသ်နေ့ အဖြစ်ရိုသေစွာစောင့်ထိန်းခဲ့ကြပါသည်။ HFB 33.2

    သခင်ယေရှုပထမအကြိမ် ကြွမလာမီအချိန်ကတည်းက ကျပ်တည်းသော စည်းမျဉ်းများကိုဖန်တီးကာ ဥပုသ်စောင့်ခြင်းကို ဝန်တစ်ခုအသွင်သို့ ယုဒလူများ လုပ်ဆောင်ရန် စာတန်လမ်းပြခဲ့ပါသည်။ ယခုတွင် ထိုအချက်ကလေးကို အခွင့်ကောင်းယူကာ စစ်မှန်သောဥပုသ်ကို ယုဒဥပုသ်ဟု သူမထီမဲ့မြင်ဖွင့်ဆိုနေပါသည်။ ခရစ်ယာန်များသည် တနင်္ဂနွေနေ့ကို ပျော်ရွှင်စရာနေ့တစ်နေ့အဖြစ် ယေဘုယျအားဖြင့် ဆက်လက် စောင့်ထိန်းနေစဉ် ယုဒလူများ၏အမုန်းကို ထင်ရှားစေရန်အလို့ငှါ သတ္တမနေ့ဥပုသ်ကို ဝမ်းနည်းစိတ်ပျက်စရာ နေ့တစ်နေ့ဖြစ်အောင် သူလမ်းပြခဲ့ပါသည်။HFB 34.1

    ရောမဧကရာဇ်ကွန်စတန်တင်းသည် တနင်္ဂနွေနေ့အား လူထု ပွဲနေ့တစ်ခုအဖြစ် ရောမအင်ပါယာအနှံ့ အမိန့်စာထုတ်ကြေညာခဲ့ပါသည်။ နေဘုရားနေ့ (တနင်္ဂနွေနေ့) ကို ဗာဟီရလူများက ရိုသေလေးစားကြသလို ခရစ်ယာန်များကလည်း အလေးအမြတ်ပြုကြပါသည်။ ထိုကြောင့် ဤကဲ့သို့အမိန့်စာများ ထုတ်ပြန်ကြေညာရန် အသင်းတော်မှ ဘုန်းတော်ကြီးများက ဘုရင်ကြီးအား တိုက်တွန်းခဲ့ကြပါသည်။ ခရစ်ယာန်များနှင့် တစ်ပါးအမျိုးသားများသည် နေ့ရက်တစ်ခုတည်း စောင့်ရှောက်ကြမည်ဆိုလျှင် အသင်းတော်သည် ဂုဏ်တန်ခိုးများ တိုးပွားလာနိုင်သည်ဟု အာဏာတန်ခိုးကို ဆာငတ်သောစိတ်ဖြင့် သူတို့ ယူဆခဲ့ကြသည်။ ဘုရားသခင်ကိုကြောက်ချစ်သော ခရစ်ယာန်များသည် တနင်္ဂနွေနေ့ကို သန့်ရှင်းသောနေ့တစ်နေ့အဖြစ် မှတ်ယူဥပုသ်စောင့်ရန် သွေးဆောင်ခြင်းခံရစဉ်မှာပင် စတုတ္ထပညတ်ပါသတ္တမနေ့ ဥပုသ်ကို တွဲဖက်စောင့်ရှောက် ကြဆဲဖြစ်သည်။HFB 34.2

    စာတန်သည် ၎င်း၏လုပ်ငန်းစဉ်ကို ထိုမျှနှင့်အဆုံးမသတ်ပါသေးချေ။ ခရစ်တော်၏ ကိုယ်စားလှယ်များဖြစ်သည်ဟုဆိုကာ စိတ်နေမြင့်နေသော အသင်းတော်ဘုန်းတော်ကြီးများအားဖြင့် သူ၏ အာဏာကို အသုံးပြုခဲ့ပါသည်။ ကမ္ဘာအရပ်ရပ်မှ ဂုဏ်သရေရှိပုဂ္ဂိုလ် ကြီးများကို ဖိတ်ကြားကာ ကြီးကျယ်သော ကောင်စီအစည်းအဝေးများကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတိုင်း၌ သတ္တမနေ့ဥပုသ်ကို နည်းနည်းချင်း ချိုးနှိမ်ကာ တနင်္ဂနွေနေ့ကို ဖြည်းဖြည်းချင်းမြှင့်တင်ခဲ့ကြပါသည်။ ဤနည်းအားဖြင့် ဗာဟီရလူများ၏ပွဲနေ့သည် ဘုရားသခင်တည်ထောင် ထားသည့်အရာတစ်ခုကဲ့သို့ အဆုံးတွင် ဂုဏ်ပြုခြင်းခံရကာ စစ်မှန်သောဥပုသ်နေ့ကို ယုဒများ၏ဥပုသ်ဖြစ်ကြောင်း၊ ထိုဥပုသ်ကို စောင့်ရှောက်ခြင်းကြောင့် ကျိန်ခြင်းကိုခံရမည် ဖြစ်ကြောင်း ဖွင့်ဆိုခဲ့ကြပါသည်။HFB 34.3

    ထိုမှားယွင်းသောသူသည် “ဘုရားသခင်ဟူ၍ ခေါ်ဝေါ်သမျှ သောအရာတို့” အထက်တွင် မိမိကိုယ်ကို ချီးမြှောက်နိုင်ခဲ့သည်။ ၂သက် ၂:၄။ သူသည် ဘုရားသခင်အား ဖန်ဆင်းရှင်အဖြစ် ပြညွှန်သည့်တစ်ခုတည်းသော ပညတ်တော်တည်းဟူသော စတုတ္ထပညတ်ကို ပြောင်းလဲပစ်ရဲသူဖြစ်သည်။ ဘုရားသခင်၏ဖန်ဆင်းခြင်းကို သတိရအောက်မေ့စေသည့် သတ္တမနေ့ကို သန့်ရှင်းစေ၍ လူသားများအတွက် နားနေရန်နေ့အဖြစ် သတ်မှတ်တော်မူ၏။ လူသားများ၏ စိတ်အာရုံတွင် ထာဝရဘုရားသခင်အား ဝတ်ပြုစရာ ဝတ္ထုတစ်ခုအဖြစ် အမြဲတမ်းစွဲလမ်းနေစေရန် ထိုနေ့ကို စီစဉ်သတ်မှတ်တော် မူခဲ့သည်။ ထိုကြောင့် စာတန်သည် လူသားများအား ပညတ်တော်ကို ကျောခိုင်းကာ ဖန်ဆင်းရှင်ကို ပြညွှန်သည့် ထိုပညတ်ကို လျစ်လျူရှုရန် အပြင်းအထန်ကြိုးစားခဲ့ပါသည်။HFB 35.1

    ခရစ်တော်သည် တနင်္ဂနွေနေ့တွင် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ထိုနေ့အား ခရစ်ယာန်ဥပုသ်နေ့ဖြစ်စေခဲ့ပြီဟု ပရိုတက်စတင့် များက ယခုတွင် ပြောဆိုနေကြသည်။ သို့ရာတွင် ခရစ်တော်နှင့်တကွ တမန်တော်များသည် ထိုနေ့ကို ၎င်းတို့ဖွင့်ဆိုသလို အထူးအလေးပေး မိန့်ဆိုခြင်းမရှိခဲ့ပါချေ။ တနင်္ဂနွေဥပုသ် စောင့်ခြင်းသည် ပေါလု အချိန်ကတည်းက ပေါ်ထွန်းခဲ့သော “ဝှက်ထားလျက်ရှိသော အဓမ္မ အရာ” မှအစပျိုးခဲ့ပါသည်။ ၂သက်၊ ၂:၇။ သမ္မာကျမ်းစာက ခွင့်မပြုထားသည့် ပြောင်းလဲမှုတစ်ခုအတွက် မည်သည့်အကြောင်း ပြချက် ပေးနိုင်မည်နည်း။HFB 35.2

    အေဒီ ၆ ရာစုတွင် ရောမတွင် ကျောင်းထိုင်သည့်ဘုန်းတော်ကြီးက မိမိသည် အသင်းတော်၏ ဦးခေါင်းဖြစ်ကြောင်း ကြေညာလိုက်သည်။ “နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကိုလည်းကောင်း၊ ကြီးစွာသော အာဏာစက်ကိုလည်းကောင်း သားရဲ၌အပ်ပေး” ခဲ့သကဲ့သို့ ဗာဟီရဝါဒသည် ပုပ်ရဟန်းမင်းအုပ်ချုပ်ရေးအတွက် နေရာပေးခဲ့ပါသည်။ ဗျာ၊ ၁၃:၂။HFB 36.1

    ဒံယေလအနာဂတ္တိကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့တွင် ဖော်ပြထားသော အနာဂတ္တိ စကားများအတိုင်း ပုပ်ရဟန်းမင်းဖိနှိပ်ချုပ်ချယ်သည့် နှစ်ပေါင်း ၁၂၆၀ ကာလသည် ယခုတွင် အစပြုခဲ့ပါသည်။ မိမိတို့၏ ယုံကြည်ခြင်းကို စွန့်ပစ်ကာ ပုပ်ရဟန်းမင်းကြီး၏ ဝတ်ပြုအခမ်းအနား များကိုတက်မည် (သို့မဟုတ်) ထောင်အကျခံ၊ အသေခံမည်ဟူသော အချက်နှစ်ခုမှ တစ်ခုကိုရွေးချယ်ရန်မှာ ခရစ်ယာန်တို့၏ အငန်းအတာ ဖြစ်လေ၏။ “သင်တို့မိဘ၊ ညီအစ်ကိုပေါက်ဘော်၊ ဆွေမျိုး၊ ခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည်။ တချို့တို့ကိုလည်း သတ်ကြလိမ့်မည်။ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်” ဟူသော ခရစ်တော်၏အနာဂတ္တိစကားသည် ဤတွင် ပြည့်စုံခြင်းသို့ ရောက်လေ၏။HFB 36.2

    ကမ္ဘာလောကကြီးသည် ကြီးမားကျယ်ပြန့်သော စစ်မြေပြင် ကြီးဖြစ်လာကာ အသင်းတော်သည် မထင်မရှား၊ ဆိတ်ငြိမ်သောနေရာ များတွင် နှစ်ပေါင်းများစွာ ခိုအောင်းခဲ့ရပါသည်။ “မိန်းမသည် အရက် တစ်ထောင့်နှစ်ရာ ခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကိုခံရ မည်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသောအရပ်သို့ ပြေးလေ ၏။ ဗျာ၊ ၁၂:၆။HFB 37.1

    ရောမအသင်းတော်ကြီး တန်ခိုးအာဏာ ရလာသည့်အချိန်မှ စ၍အမှောင်ခေတ်သည် အစပျိုးခဲ့သည်။ ခရစ်တော်အစား အသင်း တော်ခေါင်းဆောင်အပေါ် ယုံကြည်လာကြသည်။ အပြစ်လွှတ်ခြင်း အခွင့်နှင့် ထာဝရအသက်ရရှိရေးအတွက် သားတော်ဘုရားကို ကိုးစားကြရမည့်အစား ထိုသားတော်က အာဏာပေးထားသောအသင်းတော် ခေါင်းဆောင် များအပေါ်ကိုးစားလာကြသည်။ ရောမအသင်းတော် ခေါင်းဆောင်ကြီး များသည်၎င်းတို့အတွက် ဘုရားသခင်ဖြစ်နေပါသည်။ ထိုသူတောင်းဆိုချက် များကို မဖြည့်စွမ်းခြင်းသည် ပြင်းထန်သော အပြစ်ဒဏ်စီရင်ရန်အတွက် လုံလောက်သောအကြောင်းပြချက် ဖြစ်နေသည်။ ဤသို့နည်းအားဖြင့် လူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ကို အားကိုးရမည့်အစား မှားတတ်သော၊ ရက်စက်တတ်သောလူသားများကို အားကိုးလာသည်။ ထိုမှတစ်ဆင့် ထိုလူများအားဖြင့် တန်ခိုးပြ လုပ်ဆောင်နေသောစာတန်မာရ်နတ်ကို အားကိုးလာကြပါသည်။ ကျမ်းစာကိုဘေးဖယ်ထားကာ မိမိကိုယ်ကို ကြီးမြတ်သူဟု လူများအထင်ရောက်လာသောအချိန်တွင် မှားယွင်းမှု၊ လိမ်ညာမှုနှင့် ညစ်ညမ်းသောအပြစ်များကိုသာ ကျွန်ုပ်တို့တွေ့မြင် ကြရတော့မည်။HFB 37.2