Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မိတ်ဆွေတစ်ဦးကိုမီလာတွေ့ခြင်း

    ကျွန်ုပ်တို့၏ အပြစ်များအတွက် ၎င်း၏အသက်တာဖြင့် အပြစ်ဖြေကာ ကျွန်ုပ်တို့အား အပြစ်၏အဖိုးအခများကို မခံစားရစေရန် ကယ်တင်ပေးသည် အထိ ကောင်းမြတ်၍ကြင်နာသနားစိတ်နှင့်ပြည့်ဝသော ပုဂ္ဂိုလ်တစ်ပါး ရှိနိုင်သည်ဟူသော ကယ်တင်ရှင်တစ်ပါး၏ ထူးခြားသောဂုဏ်အင်္ဂါများကို ရုတ်တရက်ထင်ထင်ရှားရှားကြီး သူ့စိတ်ထဲမှာခံစားခဲ့ရသည်။ သို့ရာတွင် ထိုခံစားချက်နှင့်အတူ စိတ်ထဲမှာပေါ်လာသည်မှာ ‘‘ထိုကဲ့သို့သော ပုဂ္ဂိုလ် တစ်ပါး ရှိနေသည်ကိုမည်သို့သ်ကသေပြမလဲ’’ ဟူသောမေးခွန်းဖြစ်သည်။ သမ္မာကျမ်းစာကိုဖယ်ရှားလိုက်လျှင် ထိုကဲ့သို့သော ကယ်တင်ရှင်တစ်ပါး ရှိနေသည်ဆိုသည့်အချက်နှင့် အနာဂတ်အခြေအနေများအတွက် အထောက် အထားတစ်စုံတစ်ရာကိုမျှ ကျွန်တော်မတွေ့ခဲ့ပါ။HFB 336.1

    ကျွန်တော်လိုအပ်နေသည့် ထိုကဲ့သို့သောကယ်တင်ရှင်တစ်ပါးကို သမ္မာကျမ်းစာက ဖွင့်ပြထားသည်ကို ကျွန်တော်မြင်တွေ့ခဲ့ရသည်။ ဆွဲဆောင်မှု မရှိသည့်စာအုပ်တစ်အုပ်က ကျဆုံးနေသော ကမ္ဘာတစ်ခု၏လိုလားချက်ကို တိတိကျကျဖြည့်ဆည်းပေးနိုင်သည့် နိယာမများဖြစ်ထွန်းစေပုံများကို တွေ့ရသည့်အတွက် ကျွန်တော်စိတ်ရှုပ်သွားမိသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ဗျာဒိတ်တော်ဖြစ်သည်ဆိုတာကိုတော့ ကျွန်တော် ဝန်ခံရပေ တော့မည်။ ကျမ်းစာဖတ်ရတာကို ကျွန်တော်နှစ်ခြိုက်လာပြီး ယေရှု၌ ကျွန်တော် မိတ်ဆွေတစ်ဦးကိုတွေ့ခဲ့ပါသည်။ ထိုကယ်တင်ရှင်သည် ကျွန်ုပ်အတွက် အဓိက အကဲအမှူးဖြစ်လာပြီး ယခင်ကအမှောင်ကျပြီး ဆန့်ကျင်ဘက် ဖြစ်ခဲ့သော သမ္မာကျမ်းစာသည် အကျွန်ုပ်၏ခြေရှေ့မှာမီးခွက်ဖြစ်လာခဲ့ပါသည်။ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောသောဘဝအလယ်မှာ ဘုရားသခင်အား ကျောက်ဆောင်တစ်ခုကဲ့သို့ ကျွန်ုပ်မြင်တွေ့ခဲ့ပါသည်။ သမ္မာကျမ်းစာသည် ယခုတွင် ကျွန်ုပ်အဓိကထားလေ့လာသော စာအုပ်တစ်အုပ်ဖြစ်လာခဲ့ပြီး ကျမ်းစာလေ့လာရခြင်းကို နှစ်ခြိုက်မှုရှိသည်ဟု ကျွန်တော်တကယ်ပြောနိုင်လာ ပါသည်။ သမ္မာကျမ်းစာ၏ လှပတင့်တယ်မှုများကို အလျင်ကဘာကြောင့် မမြင်မိခဲ့မိသလဲဟုလည်း စဉ်းစားမိခဲ့သည်။ ၎င်းပြင် ကျွန်ုပ်ကိုယ်တိုင် ကျမ်းစာကိုငြင်းပယ်ခဲ့မိတာကိုလည်း အံ့ဩမိပါသည်။ အခြားစာတွေကို ဖတ်ရတာ အရသာမဲ့လာသဖြင့် ဘုရားသခင်ထံမှ ဉာဏ်ပညာများရယူရန် သမ္မာကျမ်းစာကိုသာ အာရုံစိုက်ခဲ့ပါသည်’’ ဟု မီလာဖွင့်ဟခဲ့ပါသည်။HFB 337.1

    မီလာသည် ၎င်း၏ယုံကြည်ခြင်းကို လူသိရှင်ကြားဖွင့်ဟကြေညာခဲ့ရာ ၎င်း၏မိတ်ဆွေဟောင်းများက သမ္မာကျမ်းစာနှင့်ဆန့်ကျင်၍ ၎င်းကိုယ်တိုင် မေးခဲ့သော မေးခွန်းများဖြင့် ၎င်းကိုငြင်းချက်ထုတ်ကြပါသည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ဗျာဒိတ်တော်များဖြစ်သည်မှန်လျှင် ကျမ်းချက်များသည် တစ်ခုနှင့်တစ်ခု ဆီလျော်ညီညွတ်ရမည်ဟု သူကျိုးကြောင်း ဆင်ခြင်မိကာ သမ္မာကျမ်းစာကိုလေ့လာဖို့ ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ကွဲပြား ခြားနားမှုများရှိခဲ့လျှင်လည်း ညီညွတ်အောင်ညှိနိုင်လိမ့်မည်ဟု သူအာမခံခဲ့ ပါသည်။HFB 338.1

    သူသည် အဓိပ္ပါယ်ဖွင့်ဆိုထားသော ကော်မင်ထရီများကို အားမကိုးဘဲ ရည်ညွှန်းချက်များ၊ အဓိပ္ပါယ်တူဖွင့်ဆိုထားသော ကျမ်းချက်များ၏ အကူအညီကိုရယူလျက် ကျမ်းစာကို ကျမ်းစာဖြင့် တိုက်ဆိုင်လေ့လာခဲ့သည်။ ကမ္ဘာဦးကျမ်းမှစတင်၍ ကျမ်းချက်တစ်ချက်ချင်းလေ့လာခဲ့ရာ အဓိပ္ပါယ်မရှင်း လင်းသည့်ကျမ်းချက်များတွေ့လျှင် ထိုကျမ်းချက်ကို ရည်ညွှန်းချက်ပေးထားပုံ ပေါ်သည့် အခြားကျမ်းချက်များ တိုက်ဆိုင်လေ့လာသည်မှာ သူ့အကျင့်ပင် ဖြစ်သည်။ စကားလုံးတိုင်းသည် ထိုကျမ်းချက်အပေါ်တွင် သူ့ရှုထောင့်နှင့်သူ ရှိနေသည်။ ထိုကြောင့် နားလည်ဖို့ရန်ခက်သော စာပိုဒ်တစ်ခုကိုတွေ့တိုင်း ကျမ်းစာ၏အခြားကျမ်းပိုဒ်များတွင် ၎င်းစာပိုဒ်အတွက် ရှင်းလင်းချက်ကို သူတွေ့ခဲ့ပါသည်။ ဘုရားသခင်ထံမှအလင်းတရား ရရန်လည်း သူလေ့လာတိုင်း ဆုတောင်းခဲ့သည်။ သို့ဖြင့် ‘‘နှုတ်ကပတ်တော်ကိုဖွင့်ခြင်းသည် အလင်းကိုပေး၍ မလိမ္မာသောသူကို လိမ္မာစေတတ်ပါ၏’’ ဟူ၍ ဆာလံဆရာရေးသားထားသည့် အမှန်တရားကို သူခံစားခဲ့ရပါသည်။ ဆာလံ ၁၁၉:၁၃၀။HFB 338.2

    သူသည် ဒံယေလအနာဂတ္တိကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့ကို စိတ်ဝင်တစားလေ့လာခဲ့ရာ အနာဂတ္တိဆိုင်ရာ အထိမ်းအမှတ်သင်္ကေတ များသည် နားလည်နိုင်သောအရာများဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။ အနာဂတ္တိကျမ်းတွင် ဖေါ်ပြထားသည့်ရုပ်ပုံများ၊ တင်စားရေးသားမှုများ၊ ပုံဆောင်မှုများအတွက် ရှင်းလင်းချက်များကိုဆက်လျက် ကျမ်းချက်များတွင် လည်းကောင်း၊ ကျမ်းစာ၏အခြားကျမ်းပိုဒ်များတွင်လည်းကောင်းတွေ့နိုင်ပြီး ဆိုလိုရင်းအနက်ကို နားလည်သဘောပေါက်နိုင်အောင် သူတွေ့မြင်ခဲ့သည်။ သူ၏ကြိုးစားမှုကြောင့် သမ္မာတရားသံကွင်းများကို သံကြိုးကြီးတစ်ခု ဖြစ်လာသည့်နှယ် ဆက်စပ်နိုင်ခဲ့သည်။ တစ်စထက်စ်စ အနာဂတ္တိကျမ်းများ ဆိုင်ရာ အရေးပါသော အချက်များကို သူခြေရာကောက်နိုင်ခဲ့သည်။ ကောင်းကင်မှ ကောင်းကင်တမန်များသည် သူ့ကိုလမ်းပြနေကြပါသည်။HFB 339.1

    ဤကမ္ဘာကြီးမပျက်စီးမီ နှစ်ပေါင်း (၁၀၀၀) အတွင်းတွင် လောက၌ခံစားရမည်ဆိုသည့် ရေပန်းစားနေသောအမြင်ကို သမ္မာကျမ်းစာက မထောက်ခံကြောင်း သူတွေ့ရှိလာသည်။ အေးချမ်းသာယာစွာ စိုးစံရမည့် နှစ်ပေါင်း (၁၀၀၀) သည် ခရစ်တော်ကြွမလာမီတွင်ဖြစ်သည်ဟူသော ယုံကြည်ချက်သည် ကမ္ဘာဆုံးတိုင်အောင် စပါးပင်နှင့်ပေါင်းပင်တို့ကိုအတူ ပေါက်စေပါ။ ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကားလှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားစေပါဟု မိန့်မှာခဲ့သော ခရစ်တော်နှင့် တမန် တော်များ၏ သွန်သင်ချက်နှင့်လည်း ဆန့်ကျင်နေပါသည်။HFB 339.2