Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သမ္မာကျမ်းစာနှင့်ရှေးဟောင်းနှောင်းဖြစ်အစီအစဉ်

    စကြဝဠာဆိုင်ရာ ငြိမ်းချမ်းစွာစိုးစံမှုနှင့် ဘုရားသခင်၏ နိုင်ငံတော် တည်ထောင်ခြင်းသည် ဒုတိယအကြိမ်ကြွလာပြီးမှဖြစ်ပျက် ကြမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက မီလာအား သက်သေပြုခဲ့သည်။ ထို့အပြင် ကမ္ဘာ့အခြေအနေ သည်လမ်း နောက်ဆုံးသောနေ့များအတွက် ဖေါ်ပြသည့်အနာဂတ္တိဖေါ်ပြချက် များနှင့် ကိုက်ညီနေပါသည်။ ထိုကြောင့် ကမ္ဘာကြီးအတွက် ခွင့်ပြုထားသည့် အချိန်သည် ယခုလောလောဆယ်ကာလမှာပင် ကုန်ဆုံးတော့မည်ဟု သူမှတ်ချက်ချခဲ့ပါသည်။HFB 342.1

    ‘‘ကျွန်တော့်စိတ်ထဲမှာ ထင်ထင်ရှားရှားစွဲနေတဲ့ အခြားသာဓက တစ်ခုကတော့ ကျမ်းစာထဲက ရှေးဟောင်းနှောင်းဖြစ်အစီအစဉ်တွေပဲဖြစ်တယ်။ ကြိုတင်ဟောကိန်းထုတ်ထားတဲ့အဖြစ်အပျက်တွေဟာ အတိတ်တုန်းက ပြည့်စုံခဲ့ပြီးဖြစ်ပေမယ့် ပေးထားတဲ့အချိန်မှာ မကြာခဏဖြစ်ပျက်ခဲ့ကြတယ်။ တစ်ချိန်တုန်းက အနာဂတ္တိစကားသက်သက်သာဖြစ်နေတဲ့ အဖြစ်အပျက် များဟာ ကြိုတင်ဟောကြားထားခဲ့တဲ့အတိုင်းပဲ ပြည့်စုံခဲ့ကြတယ်’’ ဟု မီလာ ပြောဆိုခဲ့သည်။HFB 342.2

    ခရစ်တော်ကြွလာမည့်အချိန်အထိ ရေးဆွဲဖေါ်ပြထားသော အချိန်ပိုင်း အစီအစဉ်များကို မီလာတွေ့သောအခါ မိမိ၏ကျွန်များအား ဘုရားသခင်ဖေါ်ပြသော ‘‘ခွဲဝေစီမံသောအချိန်ကာလ’’ များအဖြစ် ထိုအရာ များကို သဘောထားခဲ့သည်။ ‘‘ဖေါ်ပြတော်မူသောအရာတို့သည် ကာလအစဉ် မပြတ် ငါတို့နှင့် ငါတို့သားသမီးတို့၏ အငန်းအတာဖြစ်၏။’’ ‘‘ထာဝရ ဘုရားသည် မိမိကျွန်ပုရောဖက်တို့အား မဖေါ်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။’’ တရားဟော ၂၉:၂၉။ အာမုတ် ၃:၇။ သမ္မာကျမ်းစာကို လေ့လာလိုက်စားသူများသည် ကျမ်းစာတွင်ရှင်းလင်းစွာ ဖေါ်ပြထားသည့် လူ့သမိုင်းတွင်ဖြစ်ပျက်မည့် အံ့ဖွယ်သရဲအဖြစ်အပျက်များကို တွေ့ရလိမ့်မည်ဟု တစ်ထစ်ချမျှော်လင့်နိုင်ကြသည်။HFB 342.3

    ‘‘ဘုရားသခင်၏ လမ်းပြပြုပြင်မှုအောက်တွင် ရေးသား ထားသော ကျမ်းစာများသည် အကျိုးရှိကြောင်း၊ ဤကျမ်းစာများကို သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် သန့်ရှင်းသူများက ရေးသားခဲ့ကြခြင်းဖြစ်ကြောင်း၊ ၎င်းပြင် ကျွန်တော်တို့လေ့ကျက်ဖို့ ထိုသို့ ရေးသားခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မာကျမ်းစာ၏နှစ်သိမ့်မှုနှင့် သည်းခံမှုများ အားဖြင့် ကျွန်တော်တို့သည် မျှော်လင့်ချက်ရှိနိုင်ကြောင်းကျွန်တော်တကယ် သဘောပေါက်သွားပါပြီ။ ဒါကြောင့် ကျွန်တော်တို့ကိုဖေါ်ပြဖို့ အသင့်လျော်ဆုံး အရာတွေကို ကရုဏာတော်အားဖြင့် ဘုရားသခင်တွေ့ရှိထားတဲ့အရာတွေကို နားလည်အောင်ကြိုးစားရာမှာ အနာဂတ္တိဆိုင်ရာအချိန်တွေကို လျစ်လျူရှုထား ပိုင်ခွင့်မရှိဘူးလို့ ကျွန်တော်ခံစားရတယ်’’ ဟု မီလာပြောကြားခဲ့ပါသည်။HFB 343.1

    ခရစ်တော်ကြွလာခြင်းနှင့်ပတ်သက်သောအချိန်များကို ဖေါ်ပြရာတွင် ဒံယေလ ၈:၁၄ သည် အရှင်းလင်းဆုံးအနာဂတ္တိစကားဖြစ်သည်။ ‘‘ရက်ပေါင်း နှစ်ထောင့်သုံးရာတိုင်တိုင်တည်လိမ့် မည်။ ထိုနောက် သန့်ရှင်းရာဌာနတော်ကို တစ်ဖန်ဆေးကြော သုတ်သင်ကြ လိမ့်မည်။’’ သမ္မာကျမ်းစာကို သမ္မာကျမ်းစာကပင် အနက်ထုတ်စေသောအခါ နေ့ရက်တစ်ရက်သည် တစ်နှစ်တာကို ပုံဆောင်ကြောင်း မီလာသိလာရသည်။ ထိုနှစ်ပေါင်းနှစ်ထောင့်သုံးရာ အနာဂတ္တိနှစ်များသည် ယုဒနှင့်ပတ်သက်၍ ဘုရားသခင် သတ်မှတ်ထားသည့်ဥပဒေတည်သောကာလအဆုံးကို များစွာ ကျော်လွန်သွားကြောင်း၊ ထိုကြောင့် ဤအနာဂတ္တိနှစ်များသည် ယုဒတို့အတွက် ဘုရားသခင်သတ်မှတ်ထားသည့်ကာလနှင့် ပတ်သက်သောတဲတော်ကို ရည်ညွှန်းထားခြင်းမဟုတ်ကြောင်း သူတွေ့မြင်ခဲ့သည်။HFB 343.2

    ခရစ်ယာန်ခေတ်မှာ ကမ္ဘာကြီးသည် တဲတော် (ဗိမာန်တော်) ဖြစ်သည် ဆိုသည့် ယေဘုယျအမြင်ကို မီလာလက်ခံထားသည်။ ထိုကြောင့် ဗိမာန်တော်ကို ဆေးကြောမည်ဟု ဒံယေလ ၈:၁၄ တွင် ဖေါ်ပြထားချက်သည် ကိုယ်တော်ဒုတိယအကြိမ်ကြွလာသောအခါ ကမ္ဘာကြီးကို မီးဖြင့်ဆေးကြောမည် ဆိုသည့်သဘောသက်ရောက်သည်။ အကယ်၍သာ ထိုနှစ်ပေါင်းနှစ်ထောင့် သုံးရာ၏အစကို မှန်ကန်စွာရှာနိုင်လျှင် ဒုတိယအကြိမ်ကြွလာမည့်အချိန်ကို ဖေါ်ပြနိုင်တော့မည်။HFB 344.1