Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အပြစ်ရှိကြောင်း သိသာထင်ရှားစေသော ရိုးစင်းသည့်သမ္မာကျမ်းစာ

    ထိုတရားဟောဆရာများသည် နှစ်ခြင်းဆရာယောဟန်ကဲ့သို့ သစ်ပင်ခြေရင်းတွင် ပုဆိန်ကိုချထားကာ နောင်တရခြင်းနှင့်ထိုက်တန်သော အကျင့်ကိုကျင့်ကြရန် လူအားလုံးကိုတိုက်တွန်းခဲ့ပါသည်။ ရေပန်းစားနေသော တရားဟောချက်များတွင် ကြားရသည့်ငြိမ်းချမ်းရေးအာမခံချက်၊ လုံခြုံရေး အာမခံချက်များနှင့် သမ္မာကျမ်းစာ၏ ရိုးစင်းသောသက်သေခံချက်များကြောင့် ဖြစ်ပေါ်လာသည့် အပြစ်ရှိကြောင်း သိသာထင်ရှားလာခြင်းများအကြား ထင်ရှားသည့်ကွာဟချက်များကို လုံးလုံးတွန်းလှန်နိုင်သောသူ အလွန်နည်းပါးလှပါသည်။ လူအများစုသည် နောင်တရသောစိတ်နှင့် ခရစ်တော်ကို ရှာခဲ့ကြသည်။ အချိန်ကြာမြင့်စွာ လောကအရာများအပေါ် စွဲလမ်းနေရာမှ ယခုတွင် ကောင်းကင်အရာများအပေါ်သို့ စွဲလမ်းလာကြသည်။ ထိုနောက် နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ‘‘ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်း ကြလော့။ တရာစီရင်တော်မူသောအချိန် ရောက်လာပြီ’’ ဟု ဟစ်ကြွေးသူများ နှင့်အတူ ပူးပေါင်းကြွေးကြော်ခဲ့ကြသည်။HFB 394.1

    ‘‘ကယ်တင်ခြင်းရအောင် ကျွန်တော်ဘာလုပ်ရမှာလဲ’’ ဟု အပြစ်သားများက မျက်ရည်ကျလျက်တောင်းခံခဲ့ကြသည်။ တစ်ချိန်က မရိုးသားခဲ့သူများသည် ပြန်ကောင်းလာဖို့စိတ်စောနေကြသည်။ ခရစ်တော်၌ ငြိမ်သက်ခြင်းကိုတွေ့ခဲ့သူများသည် ထိုကောင်းချီးမင်္ဂလာကို သူတစ်ပါးအား မျှဝေနေသည်ကိုမြင်လိုကြသည်။ သားသမီးနှင့်မိဘများလည်း ပြန်လည် သင့်မြတ်ခဲ့ကြပါသည်။ မာနနှင့်မျိုသိပ်ထားမှု စသည့်အဟန့်အတားများကိုလည်း ပယ်ရှင်းခဲ့ကြပါသည်။ နှလုံးသားမှ လာသော အပြစ်ဝန်ချခြင်းများကို သူတို့ပြုလုပ်ခဲ့ကြပါသည်။ ဘုရားသခင့် ထံတွင် အသနားခံနေသောဝိညာဉ်များ နေရာတိုင်းတွင်ရှိနေသည်။ မိမိတို့၏ အပြစ်များကို ခွင့်လွှတ်ကြောင်းအာမခံချက်ရရန်နှင့် ဆွေးမျိုးမိတ်ဆွေများ ပြောင်းလဲကြရန်အတွက် လူများစွာတို့သည် ညလုံးပေါက်ဆုတောင်းခဲ့ကြသည်။HFB 394.2

    ဆင်းရဲချမ်းသာ၊ အနိမ့်အမြင့် စသည့်လူတန်းစားအားလုံးသည် ဒုတိယအကြိမ်ကြွလာခြင်းနှင့် စပ်ဆိုင်သည့်ယုံကြည်ချက်များကိုသာ တရားနာရန် အားသန်နေကြသည်။ ဤအမှန်တရားအပေါ်သို့ ဘုရားသခင်၏ ဝိညာဉ်တော်တန်ခုးကျရောက်တော်မူခဲ့၏။ ဤလူအစုအရုံးများထဲတွင် ကောင်းကင်တမန်များသည် ပါဝင်တက်ရောက်နေရာ ယုံကြည်သူဦးရေသည် နေ့စဉ်တိုးပွားလျက်ရှိပါသည်။ ကြီးကျယ်သောလူအုပ်ကြီးသည် တရားတော်ကို ငြိမ်၍သာ နာကြားခဲ့ကြရာ ကောင်းကင်နှင့်မြေကြီးသည် တစ်ခုနှင့်တစ်ခု နီးကပ်နေသယောင်ဖြစ်ခဲ့သည်။ အိမ်များတွင်လည်း ကျေးဇူးတော်ချီးမွမ်း ခြင်းများကို ညအချိန်တိုင်အောင် ကျူးအေးနေကြပါသည်။ ဤဝတ်ပြု ကိုးကွယ်ပွဲများသို့ တက်ရောက်ခဲ့ဖူးသူများသည် ထိုမြင်ကွင်းများကို မေ့ပျောက်နိုင်ကြတော့မည် မဟုတ်ချေ။HFB 395.1

    Larger font
    Smaller font
    Copy
    Print
    Contents