Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘာသာရေးအယူသီးမှုများပေါ်ထွန်းခြင်း

    ဤအချိန်လောက်တွင် ဘာသာရေးအယူသီးမှုများပေါ်ထွန်းစ ပြုလာပါသည်။ တချို့မှာ အလွန်အယူသီးသည့် တစ်ယူသန်များဖြစ်ကြသဖြင့် ၎င်းတို့၏အတွေးအခေါ်များကို မြော်လင့်ခြင်းအသင်းသားအများစုက လက်မခံ ကြရာ အမှုတော်လုပ်ငန်းများကို ပြစ်တင်စကားပြောခဲ့ကြသည်။HFB 423.1

    စာတန်သည် နောက်လိုက်များလက်လွှတ်ဆုံးရှုံးလျက်ရှိရာ ဘုရားသခင်၏ အမှုတော်ကို ရှုတ်ချနိုင်ဖို့အလို့ငှာ ယုံကြည်သူများအား တစ်ဖက်စွန်းရောက်တစ်ယူသန်များဖြစ်စေအောင် လှည့်ဖြားခဲ့ပါသည်။ ၎င်း၏ ကိုယ်စားလှယ်များကလည်း မြော်လင့်ခြင်းအသင်းသားများ၏ အမှားအသီးသီးနှင့် မလျော်ကန်သောလုပ်ဆောင်မှုများကို မရ၊ ရအောင်ရှာကာ ပုံကြီးချဲ့လျက် မကောင်းသတင်းများလွှင့်ခဲ့ကြပါသည်။ စာတန်က စိတ်နှလုံးကို ချုပ်ထိန်းထားနိုင်သူများသည် မြော်လင့်ခြင်းယုံကြည်ချက်ကို လက်ခံလေလေ၊ စာတန်အတွက် အောင်ပွဲဆင်ဖို့ အခွင့်သာလေလေဖြစ်ခဲ့သည်။HFB 423.2

    စာတန်သည် ‘‘ညီအစ်ကိုကိုအပြစ်တင်သောသူ’’ ဖြစ်၏။ ဗျာ၊ ၁၂:၁၀။ ဘုရားသခင့်သားသမီးများ၏ ကောင်းသောလုပ်ဆောင်မှုများကိုမူ ခြွင်းချန်လျက် မှားယွင်းမိသောအရာများကိုသာရှာ၍ အပြစ်ဆိုခြင်းအမှုသည် လူတို့အား စာတန်သွတ်သွင်းပေးသည့် စိတ်ဓါတ်ကြောင့်ဖြစ်သည်။HFB 423.3

    အသင်းတော်ရာဇဝင်တွင် မည်သည့်ဘာသာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းမှ ကြီးကျယ်သောအတားအဆီး အခက်အခဲ များကိုမတွေ့ရဘဲ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ချေ။ ရှင်ပေါလုအသင်းတော် တည်ထောင်သည့် နေရာတိုင်းတွင် ၎င်း၏ယုံကြည်ခြင်းကို လက်ခံသူများကပင် မိစ္ဆာအယူဝါဒများကို အသင်းတော်ထဲသို့ ယူဆောင်လာခဲ့ကြသည်။ လူးသာသည်လည်း မိမိတို့မှတစ်ဆင့် ဘုရားသခင်မိန့်တော်မူဖူးသည်ဟု ဖွင့်ဆိုနေသောတစ်ယူသန်များက ပေးသည့်ဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့စေကာမူ ထူသူများသည် သမ္မာကျမ်းစာထက် မိမိတို့၏ အယူအဆများကို ဦးစားပေးခဲ့ကြသည်။ လူများစွာတို့သည် ဆရာသစ်များ၏လှည့်စားမှုကို ခံရကာ ဘုရားသခင်က လူးသာအားဖြင့်တည်ဆောက်ခဲ့သည့် အမှုတော်ကြီးကို ဖြိုချချေမှုန်းပစ်ရန် စာတန်နှင့်ပူးပေါင်းခဲ့ကြသည်။ ညစ်ညမ်း၍ မျှတမှုမရှိသော သူများအား တစ်ယူသန်ဝါဒထဲရောက်သွားစေသည့် စာတန်၏ပရိယာယ် များနှင့် ဝက်စလေသည်လည်း ရင်ဆိုင်ခဲ့ရပါသည်။HFB 423.4

    ဝီလီယမ်မီလာသည် ဘာသာရေးအယူသီးမှုများကို မျက်နှာသာမပေး ခဲ့ချေ။ ‘‘ထိုနတ်ဆိုးကြီးမှာ ဒီနေ့လူသားများ၏စိတ်ကို ချုပ်ထိန်းထားနိုင်တဲ့ တန်ခိုးရှိနေတယ်။’’ ‘‘ခရစ်ယာန်လောကမှာ အော်ကြီးဟစ်ကျယ်နဲ့ ကြွေးကြော် နေကြတံသူတွေထဲမှာထက် ဝင်းလက်တောက်ပနေတဲ့မျက်လုံး၊ စိုနေတဲပါးပြင်၊ စကားမပြောနိုင်အောင် ဆို့နင့်နေတဲ့လူသားများမှာ စစ်မှန်တဲ့ဘုရားတရား ရှိကြောင်းအထောက်အထားများကို ပိုပြီးကျွန်တော်ရရှိထားတယ်’’ ဟု မီလာဖွင့်ဟခဲ့သည်။HFB 424.1

    ဘာသာရေးပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်သူများက ဘာသာရေး အယူသီးမှုများကို ကြိုးစားတိုက်ဖျက်နေသူများအပေါ် ထိုအယူသီးမှုများအတွက် အပြစ်ပုံချခဲ့ကြသည်။ မြော်လင့်ခြင်းလှုပ်ရှားမှု တွင်လည်း ထိုနည်းနှင်နှင်ဖြစ်နေပါသည်။ အယူသီးသူများ၏ မှားယွင်းမှုများကို ပုံကြီးချဲ့ပြောရုံနှင့် မရောင့်ရဲသေးဘဲ သမ္မာတရားနှင့် နည်းနည်းကလေးမှ မပတ်သက်သည့် သတင်းများကို သူတို့ဖြန့်ချိခဲ့ကြသည်။ ခရစ်တော်သည် တံခါးဝတွင် ရောက်နေပြီဟူသော ကြွေးကြော်မှုများကြောင့် သူတို့နေမထိထိုင်မသာ ဖြစ်ခဲ့ကြသည်။ ထိုသတင်းမှန်ကန်နိုင်သည်ဟု သူတို့စိုးရိမ်ခဲ့ကြသော်လည် မမှန်ကန်ဖို့လည်း သူတို့မြော်လင့်ခဲ့ကြသည်။ ဤအချက်သည် မြော်လင့်ခြင်းအသင်းသားများနှင့်ဖြစ်ပွားနေသော တိုက်လှန်ပွဲ၏ လျှို့ဝှက်ချက်ဖြစ်သည်။HFB 424.2

    ပထမကောင်းကင်တမန်သတင်းစကားကို ဟောကြားခြင်းသည် ဘာသာရေးအယူသီးသည့်ဝါဒကို တိုက်ရိုက်နှိပ်ကွပ်စေခဲ့သည်။ ထိုကြီးကျယ်သော လှုပ်ရှားမှုတွင် ပါဝင်လုပ်ဆောင်ခဲ့ကြသူများသည် ညီညွတ်မှုရှိခဲ့သည်။ တစ်ဦးကိုတစ်ဦး ချစ်ခင်မှုအပြည့်အဝရှိခဲ့ကြသည်။ ဖူးမြော်ရန် စောင့်ဆိုင်းနေသည့် ခရစ်တော်ကိုလည်း ၎င်းတို့ချစ်ကြသည်။ ထိုတစ်ခုတည်းသော ယုံကြည်ခြင်းနှင့် တစ်ခုတည်းသော မင်္ဂလာမြော်လင့် ခြင်းသည် စာတန်၏တိုက်ခိုက်မှုများကို ကာကွယ်မည့်ဒိုင်းလွှားတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။HFB 425.1