Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သင့်လျော်သောအချိန်တွင်ပေးခဲ့သောသတင်းစကား

    မီလာနှင့် သူ၏မိတ်ဆွေများသည်လည်း ထိုနည်းနှင်နှင် အနာဂတ္တိစကားများပြည့်စုံစေခဲ့ပါသည်။ ကမ္ဘာကိုဟောရမည့် သတင်းစကား များကို ဟောခဲ့ကြပါသည်။ အကယ်၍သာ ၎င်းတို့ခံစားရမည့်စိတ်ပျက်မှုကို ပြညွှန်ထားသည့် ကိုယ်တော်မကြွလာမီ လူမျိုးအပေါင်းတို့အားဟောရမည့် ထိုအနာဂတ္တိစကားကို ပြည့်ပြည့်စုံစုံနားလည်ခဲ့ကြမည်ဆိုလျှင် ကြွလာခြင်းဆိုင်ရာ နေ့ရက်များအကြောင်းကို သူတို့ဟောကြားခဲ့ကြမည် မဟုတ်ချေ။ ပထမနှင့် ဒုတိယကောင်းကင်တမန်သတင်းစကားများကို သင့်လျော်သော အချိန်တွင် ပေးတော်မူခဲ့ကာ မီလာတို့အားဖြင့် မိမိရည်စူး ထားသည့် အမှုတော်လုပ်ငန်းကို ဘုရားသခင်ပြီးမြောက်စေတော်မူခဲ့ပါသည်။HFB 431.1

    အကယ်၍သာ ခရစ်တော်သည် မျှော်လင့်ထားသည့်အတိုင်း ကြွမလာခဲ့လျှင် မြော်လင့်ခြင်းဆိုင်ရာယုံကြည်ချက်ကို စွန့်လွှတ်သွားကြ လိမ့်မည်ဟု ကမ္ဘာကထင်မြင်ယူဆခဲ့ကြသော်လည်း တချို့မှာ မိမိတို့၏ ယုံကြည်ခြင်း၌ ခိုင်မာစွာရပ်တည်ခဲ့ကြပါသည်။ မြော်လင့်ခြင်းလှုပ်ရှားမှု ကြီးသည် ဘုရားသခင်၏အလိုတော်အရ ဖြစ်ပျက်ခဲ့ကြောင်း စိတ်နှလုံးများကို ဆန်းစစ်ခြင်း၊ လောကကိုငြင်းပယ်ခြင်းနှင့် ပြန်လည်ပြုပြင်ရေး အသက်တာကို တည်ထောင်ခြင်း စသည့် ထိုလှုပ်ရှားမှု၏ အသီးအပွင့်များက သက်သေထူနေကြပါသည်။ ဒုတိယအကြိမ်ကြွလာခြင်း ဆိုင်ရာသတင်းစကားဟောကြားခြင်းတွင် ဝိညာဉ်တော်မပါရှိဟု မည်သူမျှ မငြင်းဆိုဝံ့ကြချေ။ အချိန်ကာလဆိုင်ရာ အနာဂတ္တိစကား၌ အမှားအယွင်း လုံးဝမရှိသည်ကို သူတို့သိမြင်ခဲ့ကြသည်။ ၎င်းတို့၏ အနာဂတ္တိစကားအနက် အပေါ် ဆန့်ကျင်သူများက မမှောက်လှန်နိုင်ခဲ့ကြချေ။ သူတို့သည် ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းအားဖြင့် ရောက်ရှိလာသော ဝိညာဉ်ရေး အခြေအနေ၊ ဝိညာဉ်တော်ပဲ့ပြင်မှုအောက်တွင်ရှိသော စိတ်သဘောထားနှင့် တန်ခိုးတော်ဖြင့် တောက်လောင်နေသော စတ်နှလုံးများကြောင့် ရရှိထားသော ဝိညာဉ်ရေးအခြေအနေကို လက်မလွှတ်နိုင်ကြချေ။HFB 431.2

    တရားစီရင်ခြင်းဆိုင်ရာသတိပေးစကားကို ဘုရားသခင်က အပေးခိုင်း ခဲ့သည်ဟု မြော်လင့်ခြင်းအသင်းသားများက ယုံကြည်ခဲ့ကြသည်။ ခရစ်တော် ကြွလာသောအချိန်တါင် ‘‘ဤသူသည် ငါတို့သခင်ဖြစ်၏။ ကိုယ်တော်ကို ကျွန်ုပ်တို့ စောင့်မျှော်ခဲ့ကြသည်။ ကိုယ်တော်သည် ယခုတွင် ကျွန်ုပ်တို့ကို ကယ်တင်တော်မူမည်’’ ဟု ကြွေးကြော်သည့်အဖွဲ့ဘက်တွင် ရပ်တည်နေသလား။ ‘‘ကျောက်တွေ၊ တောင်တွေ၊ ကျွန်ုပ်တို့အပေါ်ကိုကျပါ။ ပလ္လင်ထက်မှာထိုင်တော်မူသည့် ကိုယ်တော်၏မျက်နှာတော်မှ တို့ကိုဖုံးကွယ် ပေးပါ’’ ဟု ငိုကြွေးဟစ်အော်နေသူများဘက်တါင် ပါနေသလားဆိုသည်ကို ကွဲကွဲပြားပြားသိစေဖို့ မိမိတို့၏စိတ်နှလုံးဆန်းစစ်နိုင်ရန်အလို့ငှာ ထိုလှုပ်ရှားမှု ကြီးသည် သတင်းစကားကို ကြားနာခဲ့သူများ၏ စိတ်နှလုံးများအား စစ်ဆေးခဲ့ပါသည်။HFB 432.1

    ‘‘ခရစ်တော်ကြွလာခြင်းအပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည် ခြင်းကတော့ အလျင်ကလိုပါပဲ၊ ပြင်းထန်ဆဲပါပဲ။ ကျွန်တော်ဟာ နှစ်ပေါင်းများစွာစဉ်းစားသုံးသပ်ပြီးမှ လုပ်ဆောင်ရန်တာဝန်ရှိသည်ဟု ထင်သည့်အရာကို လုပ်ဆောင်ခဲ့ပြီးပါပြီ’’ ဟူ၍ ဘုရားသခင်လမ်းပြဆဲ ဖြစ်ကြောင်း ယုံကြည်သောသူများ၏ခံစားချက်ကို ဝီလီယံမီလာ၏ စကားထဲတွင် တွေ့ရပါသည်။ ‘‘ထိုအချိန်အခါတွင် တရားဟော ကြားခြင်းအားဖြင့် လူပေါင်းများစွာတို့အား သမ္မာကျမ်းစာကို လေ့လာအောင်လုပ်ခဲ့ပြီးပါပြီ။ ဒီနည်းကိုအသုံးပြုပြီး ယုံကြည်ခြင်းနှင့် အသွေးတော်အားဖြင့် ဘုရားသခင်နှင့်လူသားများ ပြန်လည်သင့်မြတ်အောင် လုပ်ခဲ့ပါပြီ’’ ဟုလည်း မီလာကဖွင့်ဆိုခဲ့သည်။HFB 433.1