Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သန့်ရှင်းရာဌာနတော်ကိုဆေးကြောသုတ်သင်ခြင်း

    စစ်မှန်သောအပြစ်ဆေးကြောသုတ်သင်ခြင်း အခမ်းအနားကို ခရစ်တော်၏ အသွေးတော်အားဖြင့်သာ ပြီးမြောက်စေရပါသည်။ ‘‘အသွေး မသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ၊’’ အပြစ်လွှတ်ခြင်းသည် ပြီးမြောက်အောင် လုပ်ရမည့်အလုပ် ဖြစ်ပါသည်။HFB 445.1

    သို့ရာတွင် အဘယ်သို့နည်းအားဖြင့် အပြစ်နှင့်ကောင်းကင် သန့်ရှင်းရာဌာနတော်သည် ဆက်နွှယ်မှုရှိနိုင်ခဲ့သနည်း။ ဤအရာကို ပုံဆောင်၍ ကျင်းပသောအခမ်းအနားများကို ပြန်လည်သုံးသပ်၍ လေ့လာနိုင်ကြပါသည်။ အကြောင်းမှာ မြေကြီးပေါ်ရှိယဇ်ပုရောဟိတ်တို့သည် ‘‘ကောင်းကင်အရာတို့၏ ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏။’’ ဟေဗြဲ ၈:၅။HFB 445.2

    မြေကြီးဆိုင်ရာသန့်ရှင်းရာဌာန၌ ဆောင်ရွက်သောအမှုတော်ကို နှစ်ပိုင်းနှစ်ကဏ္ဍခွဲခြားထားပါသည်။ သန့်ရှင်းရာအခန်းတွင် ယဇ်ပုရောဟိတ်များ နေ့စဉ်အမှုတော်ဆောင်ရွက်ရသလို အသန့်ရှင်းဆုံး အခန်းတွင် ယဇ်ပုရောဟိတ်မင်းကြီးသည် တစ်နှစ်လျှင်တစ်ကြိမ် အပြစ်ဖြေရာ အထူးအမှုတော်ကို သန့်ရှင်းရာဌာနတော်ဆေးကြောရန် အလို့ငှာ အမှုတော် ဆောင်ပါသည်။ နောင်တရသောအပြစ်သားများသည် မိမိ၏အပြစ်များကို အပြစ်မဲ့ယဇ်ကောင်အပေါ်သို့ ခေါင်းပေါ်တွင်တင်ကာ အပြစ်များကိုဝန်ချ တောင်းပန်လျက် ပူဇော်သကာကို ဆက်ကပ်ပါသည်။ ထိုနောက် ထိုယဇ်ကောင်ကို သတ်ပါသည်။ ‘‘အသက်သည် အသွေး၌တည်၏။’’ ဝတ်၊ ၁၇:၁၁။ ချိုးဖောက်ခြင်း ခံရသောပညတ်တော်က ချိုးဖေါက်သူ၏ အသက်ကိုတောင်းခံနေရာ အပြစ်သား၏ အသက်ကိုပုံဆောင်သော အပြစ်သားများ၏အပြစ်များကြောင့် အသေခ့ရသည့်ယဇ်ကောင်၏ အသွေးများကို သန့်ရှင်းရာအခန်းထဲသို့ ယူဆောင်သွားကာ အပြစ်သားချိုးဖောက်ခဲ့သည့် ပညတ်တော်ရှိသည့် ပဋိညာဉ်သေတ္တာ၏ရှေ့၌ရှိသော ကန့်လန့်ကာပေါ်သို့ ယဇ်ပုရောဟိန်က ပက်ဖျန်းပါသည်။ ဤအခမ်းအနားအားဖြင့် အပြစ်များသည် သန့်ရှင်းရာ ဌာနတော်သို့ ရောက်သွားသည်ဟု တင်စားရုပ်လုံဖေါ်ခဲ့ပါသည်။ တချို့ကိစ္စ များတွင် အသွေးကိုသန့်ရှင်းရာ အခန်းထဲသို့ ယူဆောင်မသွားကြသော်လည်း ယဇ်ကောင်၏အသားကို ယဇ်ပုရောဟိတ်များက စားပစ်ကြသည်။ ဤအခမ်း အနားနှစ်မျိုးစလုံးက နောင်တရသောအပြစ်သား၏ အပြစ်များသည် သန့်ရှင်းရာဌာနတော်သို့ ရွှေ့ပြောင်းကြောင်း ပုံဆောင်ထားပါသည်။HFB 445.3

    ဤအမှုတော်မျိုးကို တစ်နှစ်ပတ်လု့းအဆက်မပြတ်ဆောင်ရွက်ခဲ့ရာ ဣသရေလများ၏အပြစ်များသည် သန့်ရှင်းရာဌာနတော်တွင် တင်ကျံနေနေပြီ။ ထိုကြောင့် ထိုအပြစ်များကို သန့်ရှင်းရာဌာနတော်မှ ဖယ်ရှားပစ်ရန်မှာ မလုပ်မဖြစ်သည့် အရာတစ်ခုဖြစ်လာပါသည်။HFB 446.1