Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ကောင်းကင်ဘုံဆိုင်ရာအစစ်အမှန်

    မြေကြီးပေါ်ရှိ သန့်ရှင်းရာဌာနတော်တွင် လုပ်ဆောင်နေသည့် အရာများသည် ကောင်းကင်ဘုံရှိ သန့်ရှင်းရာဌာနတော်အစစ်တွင် လုပ်ဆောင်နေသောအရာများကို ပုံဆောင်ကျင်းပနေခြင်းဖြစ်သည်။ ‘‘သန့်ရှင်းရာဌာနတော်၏ပုံဖြစ်သော လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည်မဝင်ဘဲ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ ကောင်းကင်ကိုယ်ထဲသို့ဝင်တော်မူပြီ’’ ဟု ကောင်းကင်သို့တက်ကြွသွားပြီးနောက် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ခရစ်တော်အမှုတော်လုပ်ဆောင်နေကြောင်း ဖေါ်ပြထားသည်။ ဟေဗြဲ ၉:၂၄။HFB 448.1

    ပထမအခန်းဟုခေါ်သည့် ကန့်လန့်ကာအတွင်းမှ သန့်ရှင်းရာ အခန်းတွင် အမှုတော်ဆောင်ခြင်းသည် ကောင်းကင်သို့တက်ကြွသွားပြီးနောက် ခရစ်တော်လုပ်ဆောင်သောအမှုတော်ပင်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် နေ့စဉ် ထမ်းဆောင်ရမည့် လုပ်ငန်းများအဖြစ် အပြစ်အတွက်ပူဇော်သည့် အသွေးကို လည်းကောင်း၊ ဣသရေလများ၏ ဆုတောင်းသံများနှင့်အတူ ရှေ့တော်သို့ တက်နေသော နံ့သာပေါင်းမီးရှို့ရာယဇ်မှ သင်းရနံ့များကိုလည်းကောင်း ဘုရားသခင်ထံ ဆက်ကပ်ရပါသည်။ ထိုအရာများမှ ကောင်းကင်သန့်ရှင်းရာ ဌာနတော်၏ ပထမအခန်းတွင်ပြုလုပ်သည့် အမှုတော်လုပ်ငန်းများဖြစ်သည်။HFB 449.1

    တမန်တော်များ၏ယုံကြည်ခြင်းသည် ကိုယ်တော်တက်ကြွသွားစဉ်က ထိုနေရာသို့တိုင် လျှောက်လိုက်ခဲ့ကြသည်။ ထိုနေရာ၌ ၎င်းတို့၏မြော်လင့် ခြင်းသည် ဗဟိုပြုနေခဲ့သည်။ ‘‘ထိုမြော်လင့်ခြင်းမူကား၊ ကန့်လန့်ကာအတွင်း ၌ချ၍ မြဲမြံခိုင်ခံ့သောစိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။---ထာဝရ ယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည် ငါတို့အတွက် ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူဖြစ်တော်မူ၏။’’ ‘‘ငါတို့အဖို့ ထာဝရရွေးနုတ်ခြင်းကျေးဇူး ကိုခံရ၍---မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်း ဝင်တော်မူ၏။’’ ဟေဗြဲ ၆:၁၉-၂၀။ ၉:၁၂။HFB 449.2

    ဤအမှုတော်ကို နှစ်ပေါင်း ၁၈၀၀ လုံးလုံး သန့်ရှင်းရာဌာနတော်၏ ပထမအခန်းထဲတွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ခရစ်တော်သည် မိမိ၏ အသွေးတော်အားဖြင့် နောင်တရသော အပြစ်သားများအတွက် အပြစ်လွှတ်ခြင်းအခွင့်နှင့် ဘုရားသခင်၏လက်ခ့ခြင်းအခွင့်များကို ရယူခဲ့ သော်ငြားလည်း အပြစ်များသည် မှတ်တမ်းစာအုပ်များတွင် ဆက်လက်တည်ရှိ နေဆဲဖြစ်သည်။ ပုံဆောင်ကျင်းပသောအခမ်းအနားများတွင် တစ်နှစ်တာ၏ အဆုံး၌ အပြစ်ဖြေရာပွဲကျင်းပသည်နည်းတူ လူသားများအတွက် ခရစ်တော် ဆောင်ရွက်နေသော အမှုတော်ကို အဆုံးမသတ်မီ သန့်ရှင်းရာဌာနတော်မှ အပြစ်များကို ဖယ်ရှားရန်အတွက် အပြစ်ဖြေရာအမှုတော်ကို လုပ်ဆောင်ရ ပါသည်။ ဤအမှုတော်သည် နှစ်ပေါင်း ၂၃၀၀ အဆုံးသတ်သောနေ့မှ အစပြုခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းကြီးသည် သန့်ရှင်းရာဌာနတော်ကို ဆေးကြောသုတ်သင်ရန် အသန့်ရှင်းဆုံးအခန်းထဲသို့ ဝင်သွားတော်မူခဲ့ပါသည်။HFB 450.1

    Larger font
    Smaller font
    Copy
    Print
    Contents