Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တန်ခိုးအာဏာအသစ်တစ်ခုပေါ်ထွန်းလာခြင်း

    ဤတွင် အခြားအထိမ်းအမှတ်လက္ခဏာတစ်ခု အစပျိုးလာပါသည်။ ‘‘အခြားသောသားရဲတစ်ကောင်သည် သိုးသငယ်၏ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍ နဂါးကဲ့သို့စကားပြောလျက် မြေကြီးထဲက ထွက်သည်ကို ငါမြင်၏။’’ ဗျာ၊ ၁၃:၁၁။ ဤအထိမ်းအမှတ်လက္ခဏာသည် ကနဦးအရာများနှင့် ကွဲပြားခြားနားနေပါသည်။ ကမ္ဘာကိုအုပ်စိုးခဲ့သောနိုင်ငံကြီးများကို ဒံယေလအားဖေါ်ပြရာ၌ ‘‘မိုးကောင်းကင်လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာပေါ်မှာ အချင်းချင်း တိုက်ကြလျှင် သဏ္ဌာန်ချင်းမတူသောသားရဲ’’ များကိုသာ ရူပါရုံပေးဖေါ်ပြခဲ့ ပါသည်။ ရေသည် ‘‘လူအမျိုးမျိုးအစုစု’’ တို့ကိုပုံဆောင်ကြောင်း ဗျာ၊ ၁၇:၅၅ တွင် ဖေါ်ပြထားပါသည်။ လေသည် တိုက်ခိုက်မှုများ၏ အထိမ်းအမှတ် ဖြစ်ပါသည်။ အရပ်လေးမျက်နှာမှလေများသည် သမုဒ္ဒရာပေါ်တွင် တိုက်ခတ်နေသည်ဟုဆိုရာ၌ ကြောက်စရာတိုက်ပွဲများအားဖြင့် ထိုနိုင်ငံ များသည် အာဏာကိုရယူခဲ့ကြောင်း ဖေါ်ပြခြင်းဖြစ်သည်။HFB 471.1

    သို့ရာတွင် သိုးသငယ်၏ချိုကဲ့သို့သော ချိုနှစ်ချောင်းရှိသော သားရဲသည် မြေကြီးထဲကထွက်လာသည်ကို ပုရောဖက်မြင်နေပါသည်။ ထိုကြောင့် ဤသားရဲပုံဆောင်ထားသည်နိုင်ငံသည် အခြားနိုင်ငံများအပေါ် အာဏာတန်ခိုးကို အသုံးပြုကာ ပေါ်ထွန်းလာသောနိုင်ငံမဟုတ်ဘဲ တည်ထောင်ပြီးမဟုတ်သော နေရာဒေသတစ်ခုမှာ အေးအေးချမ်းချမ်းဖြင့် ပေါ်ထွန်းလာသောနိုင်ငံတစ်ခုဖြစ်ပါသည်။ ဤနိုင်ငံကို ကမ္ဘာ့အနောက်ခြမ်းတွင် ရှာဖွေရပါမည်။HFB 472.1

    မည်သည့်နိုင်ငံသည် ၁၇၉၈ ခုနှစ်တွင် အာဏာတန်ခိုးကြီးထွားလာကာ ကမ္ဘာ့စိတ်ဝင်စားခြင်းကို ခံခဲ့ရသနည်း။ အနာဂတ္တိစကားနှင့်ကိုက်ညီသည့် တစ်ခုတည်းသောနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုပင်ဖြစ်သည်။ ထိုနိုင်ငံ ပေါ်ထွန်းလာပုံကို ဖေါ်ပြရာတွင် သမိုင်းပညာရှင်များသည် ကျမ်းရေးဆရာ များနှင့် တစ်ထပ်တည်းကျနေသည့် စကားလုံးအသုံးအနှုန်းများကို မသိစိတ်ဖြင့် အသုံးပြုခဲ့ကြသည်။ လွတ်လပ်သောလဟာပြင်မှ ထိုနိုင်ငံပေါ်ထွန်းလာပုံ၏ နက်နဲမှု များအကြောင်းကို နာမည်ကြီးစာရေးဆရာကြီးတစ်ဦးက ‘‘ကျွန်ုပ်တို့ဟာ အသံတိတ်သစ်စေ့ကလေးတစ်ခုကို အင်ပါယာသစ်ပင်ကြီးတစ်ခုဘဝသို့ ရောက်အောင် စိုက်ပျိုးခဲ့တာနဲ့တူနေတယ်’’ ဟု ပြောဆိုပါသည်။ အမေရိကန် ပြည်ထောင်စုသည် အာဏာတန်ခိုးနှင့် ဥစ္စာစည်းစိမ်များနေ့စဉ်တိုးပွားကာ ဆိတ်ညံသောကမ္ဘာတွင် ပေါ်ထွန်းခဲ့သည်ဟု ဥရောပဂျာနယ်က ၁၈၅၁ ခုနှစ်တွင် ဖွင့်ဟခဲ့သည်။ ‘‘ထိုသားရဲ၌ သိုးချိုနှင့်တူသော ချိုနှစ်ချောင်းရှိသည်။’’ သိုးသငယ်ချိုဟုဆိုရာတွင် ငယ်ရွယ်ခြင်း၊ အပြစ်ကင်းခြင်းနှင့် သိမ်မွေ့ခြင်းတို့ကို ဖေါ်ညွှန်းပါသည်။ အင်္ဂလန်အစိုးရနှင့် အင်္ဂလန်အသင်းတော်တို့၏ ဖိနှိပ်ညှဉ်းပန်းမှုများကြောင့် အမေရိကန်သို့ ထွက်ပြေးလာခဲ့ကြသည် ခရစ်ယာန်များသည် နိုင်ငံရေးနှင့် ဘာသာရေး လွတ်လပ်ခွင့်ကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ‘‘လူအပေါင်း တို့သည် သာတူညီမျှဖန်ဆင်းခြင်းခံရပြီး အသက်တာလွတ်လပ်မှုနှင့် ပျော်ရွှင်မှု ရအောင် ကြိုးစားမှုများတွင် လွှပြောင်း၍မရသောအခွင့်အရေးများနှင့် ကောင်းချီးသွန်းလောင်းခြင်း ခံရသူများဖြစ်သည်’’ ဟု လွတ်လပ်ရေး ကြေညာစာတမ်းတွင် ဖေါ်ပြထားပါသည်။ မဲဆန္ဒဖြင့်ရွေးချယ်ခြင်းခံရသည့် ကိုယ်စားလှယ်များက ဥပဒေများကိုအတည်ပြုကျင့်သုံးရန် စီစဉ်လျက် ကိုယ်တိုင်ကိုယ်ပိုင်အုပ်ချုပ်ခြင်းစနစ်ကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက အာမခံထားပါသည်။ ဘာသာရေးလွတ်လပ်ခွင့်ကိုလည်း ပေးထားပါသည်။ သမ္မတအုပ်ချုပ်ရေးဝါဒနှင့် ပရိုတက်စတင့်အယူဝါဒတို့သည် ထိုနိုင်ငံ၏ တန်ခိုးအာဏာနှင့် ကြီးပွားချမ်းသာမှု၏ လျှို့ဝှက်ချက်ဖြစ်သော အခြေခံ စည်းမျဉ်းများ ဖြစ်လာခဲ့ပါသည်။ သန်းနှင့်ချီသောလူများသည် အမေရိကန်ပြည်သို့ လာရောက်နေထိုင်ကြသဖြင့် ထိုနိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အလယ်တွင် ကြီးပွားချမ်းသာသော နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့ ပါသည်။ သိုးချိုနှစ်ချောင်းနှင့် ပြည့်စုံသော ထိုသားရဲသည် နဂါးကဲ့သို့ စကားပြောလျက်---သူ့အလျင်ဖြစ်သော ပထမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသောဒဏ်ချက်ပျောက်ခဲ့ပြီးသော ပထမသားရဲကို မြေကြီးမှ စ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှာ ပြု၏။---ဓါးနှင့်ခုတ်သောဒဏ် ချက်ကိုခံရ၍ အသက်ရှင်သေးသော သားရဲ၏ရုပ်တုကိုလုပ်စေခြင်းငှာ မြေကြီးသားတို့ကို မှာထား၏။’’ ဗျာ၊ ၁၃:၁၁-၁၄။HFB 472.2

    သိုးချိုရှိသောသားရဲနှင့် နဂါးတို့သည် ‘‘ဆန့်ကျင်ဘက်ဖြစ်နေသော အရာတစ်ခုကို ပြညွှန်နေပါသည်။ နဂါးကဲ့သို့စကားပြော၍ ပထမသားရဲ၏ တန်ခိုးအာဏာအားလုံးကို အသုံးပြုလိမ့်မည်ဟူသော ဟောကိန်းသည် နှိပ်စက်ညှဉ်းပန်းလိုသည့် စိတ်ဓါတ်၊ မခံသာအောင်ပြုလိုသည့် စိတ်ဓါတ်များကို ကြိုတင်ဖွင့်ဟခြင်းဖြစ်သည်။ သိုးချိုနှင့် သားရဲသည် ပထမသားရဲအား မြေကြီးသားတို့ကိုးကွယ်စေခြင်းငှာပြုသည်ဟု ဆိုရာတွင် နိုင်ငံတော်အာဏာကို အသုံးပြုပြီး ရဟန်းမင်းအား ကိုးကွယ်သည့်အပြုအမူတစ်ခု လုပ်ဆောင်ရန် ဖိအားပေးခြင်းကို ဖေါ်ညွှန်းပါသည်။HFB 474.1

    ဤသို့သောလုပ်ရပ်များသည် နိုင်ငံတော်၏လွတ်လပ်သော အဖွဲ့အစည်းများ၏ ထူးကဲသောအခြေအနေများနှင့်လည်းကောင်း၊ လွတ်လပ်ရေးကြေညာစာတမ်းနှင့်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနှင့်လည်းကောင်း ဆန့်ကျင်နေပါသည်။ ‘‘ကွန်ဂရက်သည် ဘာသာရေး တည်ထောင်မှုတစ်ခုကို အလေးပေးသည့် မည်သည့် ဥပဒေကိုမျှမပြဌာန်းရ။ ဘာသာရေးလွတ်လပ်မှုကို အသုံးပြုခြင်းကိုလည်း မတားမြစ်ရ။ အမေရိကန်ပြည်ထောင်စု၏ လက်အောက်ရှိ လူထုအားကိုး အားထားပြုသည့်ရာထူးများအတွက် ဘာသာရေးဆိုင်ရာစစ်ဆေးမှုကို အရည်အချင်းတစ်ခုအဖြစ် မတောင်းဆိုရ’’ ဟု ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတွင် ဖေါ်ပြထားသည်။ လွတ်လပ်ခွင့်ကိုချိုးဖောက်ကာ ဤလုပ်ရပ်များကို ထိုအထိမ်းအမှတ်လက္ခဏာတွင် တွေ့ရပါသည်။ နူးညံ့သိမ်မွေ့၍ အန္တရာယ် ကင်းသော ထိုသိုးချိုနှစ်ချောင်းရှိသောသားရဲသည် နဂါးတစ်ကောင်အလား စကားပြောနေပါသည်။HFB 474.2

    ‘‘သားရဲ၏ရုပ်တုကိုလုပ်စေခြင်းငှာ မြေကြီးသားတို့ကို မှာထား၏။’’ ဤတွင် လူထု၌ ဥပဒေပြုခွင့်အာဏာရှိသော အစိုးရဖွဲ့စည်းပုံတစ်ခုကို တင်ပြထားရာ ဤအရာသည် အမေရိကန်ပြည်ထောင်စုအား ဖေါ်ပြပါနိုင်ငံ ဖြစ်နေကြောင်း ထင်ရှားထိမိသော အထောက်အထားတစ်ခုဖြစ်သည်။HFB 475.1

    သို့ဆိုလျှင် သားရဲ၏ရုပ်တုမှာ မည်သည့်အရာနည်း။ မည်သို့ ဖွဲ့စည်းပါသနည်း။HFB 475.2

    ရှေးဦးအသင်းတော်သည် ပျက်စီးယိုယွင်းလာသောအခါ နိုင်ငံရေး ဩဇာတန်ခိုးရှိသူများ၏ ထောက်ခံမှုကို ရအောင်ကြိုးစားလာသည်။ ရလဒ် အနေဖြင့် ရဟန်းမင်း၏အသင်းတော်သည် အထူးသဖြင့် ဘာသာရေး ဖေါက်ပြန်မှုများဟု ကင်ပွန်းတပ်ထားသည့်အရာများအပေါ် အပြစ်ပေးရန် သက်ဆိုင်ရာအစိုးရများကို အသုံးပြုခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုသည် သားရဲ၏ ရုပ်တုကိုတည်ထောင်ရန်အလို့ငှာ အစိုးရကို အသင်းတော်၏ အကျိုးအတွက် အသုံးပြုနိုင်ရန် ဘာသာရေးခေါင်းဆောင်များသည် အစိုးရအဖွဲ့အစည်းများကို ထိန်းချုပ်ထားရမည်။HFB 475.3

    ရောမအသင်းတော်၏ခြေရာအတိုင်း လိုက်လျှောက်နေသော ပရိုတက် စတင့်အသင်းတော်များသည် ဩတ္တပ္ပစိတ်လွတ်လပ်မှုကို အနိုင်အထက်ပြုရန် ဆန္ဒရှိကြောင်း ဖေါ်ပြနေပါသည်။ ခွဲရေးသမားများအပေါ် အင်္ဂလန် အသင်းတော်က ကာလကြာရှည်စွာ ကျင့်သုံးခဲ့သည့် နှိပ်စက်ညှဉ်းပန်းခြင်းကို နမူနာတစ်ခုအနေဖြင့် ကြည့်ရှုနိုင်ပါသည်။HFB 476.1

    ၁၆ ရာစုနှင့် ၁၇ ရာစုများတွင် ဂိုဏ်းဂဏကွဲပြားသည့် အသင်းအုပ် ဆရာများနှင့် အသင်းသားများအား ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ထောင်ချခြင်း၊ ညှဉ်းပန်းခြင်းနှင့် ကွပ်မျက်ခြင်းများပြုလုပ်ခဲ့ပါသည်။HFB 476.2

    အယူဝါဒဖေါက်ပြန်ခြင်းကြောင့် ရှေးဦးအသင်းတော်သည် အစိုးရ၏ အမအစများကို ရအောင်ကြိုးပမ်းခဲ့ရာ သားရဲတည်းဟူသော ရဟန်းမင်းအတွက် လမ်းပွင့်သွားခဲ့ပါသည်။ ‘‘ဖေါက်ပြန်သင်းခွဲခြင်းသည် အလျင်ဖြစ်၍ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏သားသည် ပေါ်လာရလိမ့်မည်’’ ဟု ရှင်ပေါလုက မိန့်ဆိုထားပါသည်။ ၂သက်၊ ၂:၃။HFB 476.3

    ‘‘နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်ကြလော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကို တပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူး မရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သော သူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သော သူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။’’ ၂တိ၊ ၃:၁-၅။ ‘‘ဝိညာဉ်တော်သည် အတိအလင်း ဗျာဒိတ်ထားတော်မူသည်ကား နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင် --- လူတချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍ လှည့်ဖြားတတ်သောစိတ်ဝိညာဉ် တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သောဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။’’ ၁တိ၊ ၄:၁-၂။HFB 476.4

    ‘‘ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ သမ္မာတရား၌ မွေ့လျော်သော စိတ်ကိုမခံယူကြ။---မုသားစကားကိုယုံစိမ့်သောငှာ မတရားသောအမှု၌ မွေ့လျော်ကြ၏။’’ ၂သက်၊ ၂:၁၀-၁၁။ ဤအခြေအနေသို့ရောက်လာသော အချိန်တွင် ပထမရာစုနှစ်မှာတုန်းကကဲ့သို့သော အကျိုးဆက်များကို ခံစားကြရလိမ့်မည်။HFB 477.1

    ပရိုတက်စတင့်အသင်းတော်များတွင် ကွဲပြားခြားနားသော ယုံကြည်ခြင်းများရှိနေခြင်းသည် အတင်းအကျပ်ညီညွတ်စေဖို့ မဖြစ်နိုင်ကြောင်း သက်သေများအဖြစ် အများကယူဆကြသည်။ သို့ရာတွင် စည်းလုံးညီညွတ်မှုကို မြတ်နိုးသည့်စိတ်များသည် ဆက်လက်တိုးတက်လျက်ပင် ရှိနေသေးရာ ထိုအခြေအနေကို ဆက်လက်ထိန်းသိမ်းရန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ သဘောထားတိုက်ဆိုင်မှုမရှိသဖြင့် ဆွေးနွေးပွဲ များကို ရပ်ဆိုင်းပစ်ခဲ့ရသည်။ အဆုံးတွင် အားလုံးသဘောတူညီချက် ရသွားအောင် လုပ်ဆောင်ရမည့်တစ်ခုတည်းသောနည်းလမ်းမှာ အင်အားသုံးခြင်းပင် ဖြစ်လာသည်။HFB 477.2

    တူညီသောယုံကြည်ချက်များအပေါ်အခြေခံလျက် အချင်းချင်း စည်းလုံးမှုရရှိနေကြသည့် အမေရိကန်အသင်းတော်ကြီးများသည် ၎င်းတို့ ထုတ်ထားသည့်အမိန့်များကို ပိုမိုထိရောက်စေရန်နှင့် ၎င်းတို့၏အဖွဲ့အစည်း များကို ဆက်လက်ထောက်မရဿ် ဩဇာရှိလာသောအချိန်တွင် ရောမ အုပ်ချုပ်ပုံ၏ရုပ်တုကို တည်ဆောက်နိုင်လာလိမ့်မည်။ အကျိုးဆက်အဖြစ် ဂိုဏ်းဂဏခွဲထွက်သူများအပေါ် ပြစ်ဒဏ်စီရင်မှုများ ပြုလာကြလိမ့်မည်။HFB 478.1