Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်၏အလိုတော်မဟုတ်ပါ

    ဣသရေလများ နှစ်ပေါင်း (၄၀) ကြာ တောတွင်လှည့်လည်နေရ သည်မှာ ဘုရားသခင်၏ အလိုတော်မဟုတ်ပါ။ ခါနန်ပြည်သို့ တိုက်ရိုက် ခေါ်သွားပြီး ထိုအရပ်တွင် ပျော်ရွှင်သန့်ရှင်းသောလူမျိုးများအဖြစ် အခြေတကျ ရှိစေလိုသည်သာ ကိုယ်တော်၏ အလိုတော်ဖြစ်သည်။ သို့ရာတွင် ‘‘သူတို့သည် မိမိတို့၏ မယုံကြည်မှုကြောင့် ခါနန်ပြည်သို့မဝင်စားနိုင်ခဲ့ကြချေ။’’ ဟေဗြဲ ၃:၁၉။ ထိုနည်းအတူ ခရစ်တော်ကြွလာခြင်း ကြန့်ကြာနေရသည်မှာ လည်းကောင်း၊ ဝမ်းနည်းခြင်းနှင့်ပြီးသောအပြစ်ကမ္ဘာတွင် ကိုယ်တော်၏ သားသမီးများအချိန်ကြာမြင့်စွာ နေထိုင်နေရသည်မှာလည်းကောင်း ဘုရားသခင်၏ အလိုတော်မဟုတ်ပါ။ မယုံကြည်သောစိတ်က ၎င်းတို့အား ဘုရားသခင်နှင့် ကွဲကွာစေခဲ့ပါသည်။ သတိပေးစကားကို အပြစ်သားများ ကြားကာ ဘုရားသခင်၏အမျက်တော်ထွက်ရာနေ့ကြီးမတိုင်မီ ခိုလှုံရာကို ရှာနိုင်ရန်အလို့ငှာ ခရစ်တော်သည် ကရုဏာရှေ့ထား၍ ကြွလာခြင်း နှောင့်နှေးနေရခြင်းဖြစ်သည်။HFB 492.1

    ယခုအချိန်တွင် ရှေးကာလမှာကဲ့သို့ပင် သမ္မာတရားကို တင်ပြသံကို ကြားသောအခါ ဆန့်ကျင်သူများပေါ်ထွန်းလာလိမ့်မည်။ လူများစွာတို့သည် ရေပန်းမစားသည့်သမ္မာတရားကို ကာကွယ်ရပ်တည်သူများ၏စာရိတ္တနှင့် သဘောထားများအပေါ် ရန်ငြိုးထားကာ တိုက်ခိုက်ကြပါသည်။ ဧလိယအား ဣသရေလများကို ဒုက္ခပေးသူဟု ကြွေးကြော်ခဲ့ကြသည်။ ယေရမိအား အမျိုးသားသစ္စာဖောက် ရှင်ပေါလုအား ဗိမာန်တော်ကို ညစ်ညမ်းစေသူအဖြစ် စွပ်စွဲခဲ့ကြပါသည်။ ထိုနေ့များမှ ယနေ့အချိန်အထိ သမ္မာတရားအပေါ် သစ္စာရှိသူများအား ပုန်ကန်ထကြွစေသူများ၊ အယူဝါဒဖေါက်ပြန်သူများ၊ ဂိုဏ်းဂဏခွဲခြားသူများဟု စွပ်စွဲနေကြပါသည်။HFB 492.2

    သန့်ရှင်းခြင်းနှင့် သမာဓိခိုင်မြဲခြင်းများအတွက် နမူနာပုံစံဖြစ်သော အာဇာနည်များနှင့် ၎င်းသန့်ရှင်းသူများပြုလုပ်ကြသည့် အပြစ်ဝန်ချ တောင်းပန်ခြင်းများသည် ဘုရားသခင်အတွက် သက်သေခံများအဖြစ် ရပ်တည်ရန် ခေါ်တော်မူခြင်းခံရသူများကို အားတက်စေပါသည်။ ယခုခေတ်တွင် အမှုဆော်ငနေကြသည့် ဘုရားသခင်၏ တပည့်တော်များ အတွက် အမိန့်တော်ကား၊ ‘‘အသံမလျော့ဘဲ ကြွေးကြော်ကြလော့။ တံပိုးသံ ကဲ့သို့အသံကိုလွှင့်၍ ယာကုပ်အမျိုးသားဖြစ်သော ငါ၏လူတို့အား သူတို့ဒုစရိုက် အပြစ်ကိုဖေါ်ပြလော့။’’ ‘‘အချင်းလူသား၊ သင့်ကို ဣသရေလအမျိုး၌ ကင်းစောင့်စေခြင်းငှာ ငါခန့်ထားသောကြောင့် သင်သည် ငါ၏နှုတ်ထွက် စကားကိုနာခံ၍ သူတို့ကိုသတိပေးရမည်’’ ဟူ၍ဖြစ်၏။ ဟေရှာ ၅၈:၁။ ယေဇကျေလ ၃၃:၇။HFB 493.1

    သမ္မာတရားကိုလက်ခံရန် အဓိကအဟန့်အတားတစ်ခုမှာ ပြစ်တင် ဝေဖန်ခံရခြင်းဖြစ်သည်။ ဤအရာကို မည်သူမျှဖြေရှင်းမပေးနိုင်ချေ။ သို့ရာတွင် ခရစ်တော်၏တပည့်စ်များသည် ထိုသမ္မာတရားရေပန်းစားမည့်အချိန်အထိ မစောင့်ဆိုင်းတော့ဘဲ ‘‘မျက်မှောက်၌ ထင်ရှားသောအရာတို့သည် ခဏသာ တည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက် ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသော အရာတို့ကို ကြည့်မှတ်ကြစဉ်အခါ ယခုခဏခံရ၍ ပေါ့ပါးသောဆင်းရဲခြင်းဒုက္ခ သည် အတိုင်းထက်အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။’’ ထိုကြောင့် ‘‘အီဂျစ်ပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သည်’’ ဟူသော ရှင်ပေါလု၏ ဖွင့်ဆိုချက်အတိုင်း ရေပန်းမစားသေးသည့် သမ္မာတရားကို သူတို့လက်ခံခဲ့ကြ ပါသည်။HFB 493.2

    ကျွန်ုပ်တို့သည် အမှန်တရားကို အမှန်အတိုင်းရွေးချယ်ကာ ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲအခြေအနေများကို ဘုရားသခင့် လက်တော်တွင် အပ်နှံကြရမည်။ ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူများ၊ ယုံကြည်ခြင်းနှင့် ပြည်စုံသူများတို့အပေါ်တွင် ကြီးကျယ်သောပြုပြင် ပြောင်းလဲမှုများအတွက် ကမ္ဘာကြီးသည် အကြွေးတင်နေပါသည်။ ယခုအချိန် တွင်လည်း ထိုကဲ့သို့သောလူစားမျိုးတို့နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကြရပါမည်။HFB 494.1

    *****