Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်ကစာတန်အားဆုံးမတော်မူခြင်း

    ဘုရားသခင်က ‘‘အိုစာတန်၊ ထာဝရဘုရားသည် သင့်ကိုဆုံးမပါစေသော။ ယေရုရှလင်မြို့ကိုရွေးချယ်ပြီးသော ထာဝရ ဘုရားသည် ဆုံးမပါစေသော။ ဤသူသည် မီးထဲကနုတ်သောထင်းစဖြစ်သည် မဟုတ်လော’’ ဟု စာတန်အားမိန့်တော်မူ၏။ ဇာခရိ ၃:၂။ ခရစ်တော်သည် ‘‘အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့် အသရေတင့်တယ်လျက်ရှိသော အသင်းတော်’’ ကို ခမည်းတော်ဘုရားထံ၌ ဆက်ကပ်အံ့သောငှာ မိမိ၏သစ္စာရှိတပည့်များအား မိမိ၏ဖြောင့်မတ်ခြင်း ဝတ်ရုံဖြင့် လွှမ်းခြုံပေးတော်မူလိမ့်မည်။ ဧဖက် ၅:၂၇။HFB 524.1

    ‘‘ငါသည် သူတို့အပြစ်များကိုသည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်။’’ ‘‘ထိုကာလအခါ ဣသရေလ အပြစ်ကိုစစ်ကြောသော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကို ရှာ၍မတွေ့ရာ။ ငါချန်ထားသော သူတို့၏အပြစ်ကိုငါဖြေရှင်းမည်။’’ ‘‘ဇိအုန်တောင်မှာကျန်ကြွင်း၍ ယေရုရှလင်မြို့၌နေရစ်သောသူတည်းဟူသော အသက်စာစောင်ဝင်သမျှသော ယေရုရှလင်မြို့သားတို့သည် သန့်ရှင်းခြင်း ရှိကြလိမ့်မည်’’ ဟူသော ပထမပဋိညာဉ်နှင့်ဆိုင်သည့် ကတိတော်များကို ဤအချက်က ပြည့်စုံစေခဲ့ပါသည်။ ယေရမိ ၃၁:၃၄။ ၅၀:၂၀။ ဟေရှာ ၄:၃။HFB 524.2