Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သမ္မာတရားအားဖြင့်သန့်ရှင်းစေခြင်း

    မိမိဖျက်ဆီးပစ်ရန် ကြိုးစားနေသည့် လူအသီးသီးတို့၏ ခြားနားသော အလိုနှင့်ဆီလျော်ကိုက်ညီသည့် မိစ္ဆာအယူဝါဒများကို စာတန်ပြင်ဆင်ထားပြီး ဖြစ်ပါသည်။ သံသယစိတ်နှင့် မယုံကြည်မှုများကို ဖြစ်ပေါ်စေသည့် မရိုးသားမှု နှင့် တိုးတက်ဖွံ့ဖြိုးမှုကို အဟန့်အတားပြုသည့်အရာများကို အသင်းတော်ထဲတွင် ပေါက်ဖွားရင့်သန်လာအောင် လုပ်ဆောင်ရန်မှာ စာတန်၏ အကြံအစည်ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်မယုံကြည်သူအများ သည်လည်း ခရစ်ယာန်ဘာသာဝင်အဖြစ်ခံယူကာ သမ္မာတရားဆိုင်ရာစည်းမျဉ်း နိယာမများကို သဘောတူလက်ခံကြရာ ထိုနည်းအားဖြင့် မှားယွင်း မှုများကိုလည်း ကျမ်းစာပါယုံကြည်ချက်များအဖြစ် နိဒါန်းပျိုးရန် အခြေအနေ ပေးလာပါသည်။ မေတ္တာကိုအခြေခံပြီး လက်ခံယုံကြည်သော သမ္မာတရားသည် လူတို့အား သန့်ရှင်းစေနိုင်သည်ဆိုသည့် အချက်ကို စာတန်သိထားပါသည်။ ထိုကြောင့် မှားယွင်းသော သီအိုရီများယုံတမ်းစကားများနှင့် ခရစ်တော် မဟောခဲ့သည့် အခြားဧဝံဂေလိတရားများဖြင့်အစားထိုးရန် သူကြိုးစားနေ ပါသည်။ ဘုရားသခင်၏ကျွန်တို့သည် အစအဦးကတည်းက ဆရာအတုအယောင်များအား ရက်စက်တတ်သူများအဖြစ်ဖြင့်သာမက အသက်ဝညာဉ်များအား သေတွင်းသို့ပို့ဆောင်မည့် မှားယွင်းသောတရားများကို အသဲစွဲသွားအောင် သွန်သင်နိုင်သူများအဖြစ် သိရှိမှတ်ယူကာ ဆန့်ကျင်တိုက်လှန်ခဲ့ကြပါသည်။ ဧလိယ၊ ယေရမိနှင့် ပေါလုတို့သည် လူတို့အား နှုတ်ကပတ်တော်မှလမ်းလွဲစေသူများကို ခိုင်မာစွာဆန့်ကျင်ခဲ့ကြပါသည်။ မှန်ကန်သောယုံကြည်ခြင်းကို အရေးမကြီသကဲ့သို့ သဘောထားသည့် လျော့ရဲမှုများကို ထိုသန့်ရှင်းသူများက မျက်နှာသာမပေးခဲ့ကြချေ။HFB 565.1

    စိတ်ကူးယဉ်ဆန်ဆန် မတိကျမရေရာသည့်ကျမ်းစာအနက်ဖွင့်ဆိုခြင်း များနှင့် ခရစ်ယာန်လောကမှအငြင်းပွားဖွယ်သီအိုရီများသည် လူသားများ၏ စိတ်ကို ရှုပ်ထွေးသွားအောင်လုပ်ဆောင်သည့် စာတန်၏ ကြိုးစားမှုများသာ ဖြစ်၏။ ခရစ်ယာန်အသင်းတော်များအကြား ဖြစ်ပွားနေသော သဘောထား ကွဲလွဲမှုများသည်လည်း များသောအားဖြင့် ရေပန်းစားနေသည့်သီအိုရီတစ်ခုကို ထောက်ခံရန် သမ္မာကျမ်းစာကိုမှောက်လှန်ခြင်းမှ ထွက်ပေါ်လာသော ရလဒ်ဖြစ်ပါသည်။HFB 566.1

    တချို့ပုဂ္ဂိုလ်များသည် မှားယွင်းသောဩဝါဒများကို ဆက်လက်ရှင်သန်စေရန်အလို့ငှာ ကျမ်းချက်တစ်ချက်၏ တစ်ပိုင်းကို ၎င်းတို့ ယုံကြည်ချက်အတွက် အထောက်အထားတစ်ခုအဖြစ် အသုံးချကာ ဆန့်ကျင်ဖက်အဓိပ္ပါယ်ပါသည့် အခြားအပိုင်းတစ်ခုကို ချန်လှပ်ထားတတ်ကြ ပါသည်။ ရှေးမြွေဟောင်းကြီး၏ ကောက်ကျစ်မှုများနှင့် ပြည့်ဝသော ထိုသူတို့သည် ဇာတိပကတိအလိုဆန္ဒများနှင့် ကိုက်ညီအောင် အနက်ဖွင့်ဆို ထားသည့် ပြောဆိုချက်များတွင် အမြစ်တွယ်နေခဲ့ကြပါသည်။ တချို့မှာမူ ပုံဆောင်မိန့်ဆိုထားသည့် သမ္မာကျမ်းချက်များကို သမ္မာကျမ်းစာ၏ အနက် ဖွင့်ဆိုမှုအတိုင်းမဟုတ်ဘဲ မိမိ၏စိတ်ကူးနှင့်ကိုက်ညီသလို အနက်ဖွင့်ကာ သမ္မာကျမ်းစာ၏ သွန်သင်ချက်များအလား (၎င်းတို့အနက်ဖွင့်ဆိုများကို) ဟောကြားတင်ဆက်နေကြပါသည်။HFB 567.1