Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ကောင်းကင်နိုင်ငံအတွက်အဆင်သင့်မဖြစ်သေး

    စာတန်ကို မိမိတို့၏ခေါင်းဆောင်အဖြစ် ရွေးချယ်ထားသူများသည် ဘုရား၏ရှေ့မှောက်သို့ ဝင်ရောက်ခစားရန် အဆင်သင့်မဖြစ်ကြသေးချေ။ မာနကြီးခြင်း၊ လိမ်လည်ဖြားယောင်းခြင်း၊ ကာမဂုဏတ်လွန်ကျူးခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းများသည် ၎င်းတို့၏အသားကျသောအကျင့် စာရိတ္တ ဖြစ်နေချေပြီ။ ကမ္ဘာပေါ်တွင် ၎င်းတို့မုန်းတီးခဲ့သူများနှင့်အတူနေရန် ကောင်းကင်နိုင်ငံသို့ သူတို့ဝင်စားနိုင်ကြပါမည်လား။ အမှန်တရားသည် လူလိမ် တစ်ဦးနှင့် မည်သည့်အခါမျှ သဘောထားတိုက်ဆိုင်လိမ့်မည်မဟုတ်ပါ။ နူးညံ့သိမ်မွေ့သူများသည် ကိုယ့်ကိုကိုယ်တန်ဖိုးထားခြင်းတွင် ကျေနပ်ရောင့်ရဲ လိမ့်မည်မဟုတ်ပါ။ သန့်ရှင်းစင်ကြယ်ခြင်းသည် စာရိတ္တပျက်ပြားခြင်းကို လက်ခံလိမ့်မည်မဟုတ်ပါ။ လှုပ်ရှားသက်ဝင်သည့် မေတ္တာသည် အတ္တသဘောတရားများကို စိတ်ဝင်စားလိမ့်မည်မဟုတ်ချေ။ ကောင်းကင် နိုင်ငံသည် အတ္တတွင်နစ်မွန်းနေသော ထိုသူများအတွက် မည်သည့်ဝမ်းမြောက် မှုကိုပေးနိုင်မည်နည်း။HFB 590.1

    ထာဝရဘုရားနှင့်တကွ သမ္မာတရားနှင့် သန့်ရှင်းခြင်းများကို မုန်းတီး နေသည့် ထိုသူများသည် ကောင်းကင်သားများနှင့်အတူ ရောနှောကာ ဂုဏ်တော်ချီးမွမ်းသည့်သီချင်းများကို ဆိုနိုင်ကြပါမည်လား။ ၎င်းတို့အား အချိန်ကြာမြင့်စွာကရုဏာပြခဲ့သော်လည်း သန့်စင်မှုကို ချစ်တတ်အောင် သူတို့မလေ့ကျင့်ခဲ့ကြချေ။ ကောင်းကင်ဘာသာစကားကို မည်သည့်အခါမျှ သူတို့မလေ့ကျက်ခဲ့ရာ။ ယခုတွင်မူအချိန်နှောင်းသွားချေပြီ။HFB 590.2

    ဘုရားသခင်ကို ပုန်ကန်ခြားနားနေသည့်အသက်တာသည် ကောင်းကင်နိုင်ငံတော်နှင့်မဟပ်စပ်နိုင်ပါ။ ကောင်းကင်နိုင်ငံမှ သန့်ရှင်းခြင်းနှင့် ငြိမ်သက်ခြင်းများသည် ၎င်းတို့အတွက် မနှစ်မြို့စရာများ ဖြစ်နေပေမည်။ ဘုရားသခင်၏ဘုန်းရောင်ခြည်တော်သည်လည်း ၎င်းတို့အတွက် လောင်ကျွမ်းနေသောမီးကဲ့သို့ ဖြစ်နေပေမည်။ ၎င်းတို့ကိုကယ်တင်ရန် အသေခံတော်မူခဲ့သည့် ခရစ်တော်၏ မျက်ကွယ်ရာတွင် ပုန်းရှောင်နိုင်ရန် အလို့ငှာ သူတို့သည် သန့်ရှင်းသောထိုနေရာမှ ထွက်ပြေးကာ ပျက်စီးခြင်းကို ကြိုဆိုကြပါလိမ့်မည်။ ဆိုးယုတ်သောထိုသူများသည် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခဲ့ကြပါသည်။ ကောင်းကင်နိုင်ငံမှ ၎င်းတို့ထွက်ခွာသွား ခြင်းသည်လည်း ၎င်းတို့၏သဘောဆန္ဒသည် အဓိကဖြစ်ခဲ့ပါသည်။ ထိုကိစ္စတွင် ဘုရားသခင်သည် တရားမျှတမှုနှင့် ကရုဏာကြီးမားမှုကို ထင်ရှားစေခဲ့သည်။ ဆိုးယုတ်သူများအတွက် ကုစားလို့မရနိုင်သည့် အခြေတွင်ရောက်နေပြီ ဖြစ်ကြောင်း ဆုံးဖြတ်သည့် ဘုရား၏စီရင်ချက်ကို ရေလွှမ်းမိုးခြင်းကာလမှ ရေများကဖွင့်ဆိုသည်။ ထိုနေ့ကြီးတွင် လောင်ကျွမ်းမည့်မီးများက ဖွင့်ဆိုပါမည်။ ၎င်းတို့၏ အလိုဆန္ဒကို ပုန်ကန်ခြားနားမှုများတွင်သာ အသုံးပြု ခဲ့ကြရာအသက်တာအဆုံးသတ်သောအချိန်တွင် အန်တုခြင်းမှ နားထောင် လိုက်လျှောက်ခြင်းသို့လည်းကောင်း၊ အမုန်းတရားမှ ချစ်ခြင်းမေတ္တာသို့ လည်းကောင်း စိတ်ထားပြောင်းရန်မှာ အချိန်နောက်ကျနေပေပြီ။HFB 591.1

    Larger font
    Smaller font
    Copy
    Print
    Contents