Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၄) - နံဝိညာဉ်ဝါဒတွင်လှုပ်ရှားနေသောဝိညာဉ်များ

    သဘာဝအားဖြင့်ဝိညာဉ်သည် သေမျိုးမဟုတ်ဟူသော ယုံကြည်ချက်သည် ဗာဟီရအယူဝါဒ၏ဒဿနများမှ ပုံတူကူးချထားသော အရာဖြစ်သည်။ ထိုယုံကြည်ချက်သည် ဝိညာဉ်ရေးအမှောင်ချသည့်ကာလတွင် ခရစ်ယာန် ယုံကြည်ချက်ထဲသို့ရောက်လာကာ ‘‘သေသောသူမူကား အဘယ်အရာကိုမျှမသိ’’ ဟူသော နှုတ်တော်ထွက်စကား၏နေရာတွင် အစားထိုးနေရာယူလာခဲ့ပါသည်။ (ဒေ၊ ၉:၅)။ ‘‘ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံရလတ္တံ့သောသူတို့ကို ပြုစုစေခြင်းငှာ စေလွှတ်တော်မူသော အစေခံနံဝိညာဉ်’’ များသည် သေလွန်သွားခဲ့သူများ၏ဝိညာဉ်များဖြစ်သည်ဟု အများကယုံကြည်နေကြသည်။ ဟေဗြဲ ၁:၁၄။HFB 600.1

    သေလွန်သူများ၏ဝိညာဉ်များသည် အသက်ရှင်နေသူများအား အလုပ်အကျွေးပြုရန် ပြန်လာကြသည်ဆိုသော ယုံကြည်ချက်သည် ခေတ်သစ်နံ ဝိညာဉ်ဝါဒကို လမ်းဖွင့်ပြင်ဆင်ပေးနေပါသည်။ အကယ်၍သာ သေလွန်သူ များသည် ၎င်းတို့၏ယခင်အခြေအနေထက် များစွာမြင့်မားသည့်ဉာဏ်ရည် များဖြင့် အခွင့်အရေးပေးခြင်းခံနေရသည်ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် ဤလောကသို့ပြန်လာကာ အသက်ရှင်နေသူများအား ဆုံးမသွန်သင်မှု မပြုကြ သနည်း။ အကယ်၍သာ သေလွန်သူများ၏ ဝိညာဉ်များသည် ဤလောကရှိ မိတ်ဆွေများ၏ အနီးအနားတွင်ပျံဝဲနေကြသည်ဆိုလျှင် အဘယ်ကြောင့် ထိုဝိညာဉ်များသည် ၎င်းတို့နှင့်မဆက်သွယ်ပါသနည်း။ လူသည် သေသွားချိန်မှာပင် ဩတ္တပ္ပစိတ်၏ခံစားမှုရှိသည်ဟု ယုံကြည်နေသူများသည် ဘုရား၏အစေခံနံဝိညာဉ်အားဖြင့် ပေးသနားတော်မူလျက်ရှိသော ဘုရား၏ အလင်းတရားကို မည်သို့ငြင်းပယ်နိုင်ကြသနည်း။ ဤတွင် စာတန်အလုပ် လုပ်နေသည့် သန့်ရှင်းသည်ဟု မှတ်ယူခြင်းခံရသောလမ်းစဉ်တစ်ခုရှိပါသည်။ အပြစ်တွင်ကျဆုံးသွားသည့် ကောင်းကင်တမန်များသည် စေတမန်များအလား ဝိညာဉ်ကမ္ဘာမှရောက်ရှိလာကြခြင်းဖြစ်သည်။HFB 600.2

    သေလွန်သွားသူများ၏ ရုပ်သဏ္ဌာန်များကို လူတို့ရှေ့သို့ ယူဆောင်လာ နိုင်သောတန်ခိုး စာတန်၌ရှိပါသည်။ ထိုသဏ္ဌာန်များသည် အတုအပဖြစ် သော်လည်း အစစ်နှင့်ခွဲခြားမရအောင် စုံလင်ကြပါသည်။ တချို့မှာမူ ၎င်းတို့၏ ချစ်သူ၊ သေလွန်သွားသူများသည် ကောင်းကင်ဘုံတွင်ဝင်စားနေကြပြီဟူသော စကားများဖြင့် အနှစ်သိမ့်ခံနကြရသည်။ ထိုသူများသည် ‘‘လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒတို့၌ လည်းကောင်း’’ အန္တရာယ်ကိုဂရုမထားတော့ဘဲ မှီဝဲဆည်းကပ်နေကြပါသည်။HFB 601.1

    ဝိညာဉ်ရေးအတွက် ပြင်ဆင်မှုမရှိသေးဘဲ သေလွန်သွားသူများက ၎င်းတို့သည် ကောင်းကင်ဘုံတွင်မြင့်မြတ်သောနေရာများတွင် ပျော်ရွှင် သာယာစွာ စံမြန်းနေကြသည်ဟု ကြွေးကြော်နေကြသည်။ နံဝိညာဉ်ကမ္ဘာမှ အယောင်ဆောင်ဧည့်သည်များသည် တစ်ခါတရံတွင် မှန်ကန်သည့်သတိပေး စကားများကို ပြောတတ်ကြပါသည်။ လူတွေက ၎င်းတို့အား ယုံကြည်စိတ်ချ လာသောအချိန်ကျမှ သမ္မာကျမ်းစာကိုအသရေလျော့ပါးစေသည့် ယုံကြည်ချက် များကို တင်ပြ တတ်ကြပါသည်။ သူတို့သည် သမ္မာတရားတချို့ကိုဖော်ပြကာ တစ်ခါ တစ်ရံတွင် အနာဂတ်ဖြစ်ရပ်များကို ကြိုတင်ဟောကိန်းထုတ်နိုင်ကြခြင်းကြောင့် လူတို့သည် ၎င်းတို့အား ယုံကြည်အားကိုးကာ ၎င်းတို့၏သွန်သင်ချက်များ ကိုလည်း လက်ခံလာကြပါသည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ပညတ် တော်ကိုဘေးဖယ်လိုက်ကာ ဝိညာဉ်တော်ကို ၎င်းတို့အလေးမထားကြတော့ချေ။ ထိုဆိုးယုတ်သော ဝိညာဉ်များ (အပြစ်တွင်ကျဆုံးနေသည့်ကောင်းကင် တမန်များ) သည် ခရစ်တော်ကို ဘုရားသခင်ဖြစ်သည်ဆိုသည့်အချက်ကို လက်မခံရုံသာမက ဖန်ဆင်းရှင်ကိုပင် ၎င်းတို့နှင့်တတန်းတစားတည်းဖြစ်သည် ဟု သဘောထားကြသည်။HFB 601.2

    လှည့်ဖြားမှုများ၏ရလဒ်များသည် တစ်ခါတစ်ရံတွင် တကယ့်ဖြစ်ရပ် မှန်များ၏ ရလဒ်များနှင့် တထေရာတည်းဖြစ်နေတတ်သည်မှာ မှန်သော်လည်း တချို့နေရာများတွင် နတ်ဆိုးဝိညာဉ်များ၏ သဘာဝလွန်တန်ခိုးများအားဖြင့် တိုက်ရိုက်လုပ်ဆောင်နေသောအရာများဖြစ်ကြောင်း ထင်ရှားနေပါသည်။ နံဝိညာဉ်ဝါဒကို လူသားများ၏ အယောင်ဆောင်လိမ်မှုသက်သက်ဖြစ်သည်ဟု လူအများက ယုံကြည်နေပါသည်။ ထိုတန်ခိုးပြမှုများသည် တကယ့်သဘာဝလွန် တန်ခိုးရှင်၏ အံ့ဖွယ်နိမိတ်လက္ခဏာများနှင့် တကယ်ရင်ဆိုင်လာရသည့် အချိန်ရောက်မှ မိမိတို့၏အလိမ်ခံနေရကြောင်း သူတို့သိရှိကာ ဘုရားသခင်၏ တန်ခိုးတော်ကို လက်ခံလာကြပါသည်။HFB 602.1

    ဖာရောဘုရင်၏ မှော်အတတ်ပညာရှင်များသည် စာတန်၏ အကူအညီကိုယူကာ ဘုရားသခင်ပြုတော်မူသည့် နိမိတ်လက္ခဏာမျိုးကို လုပ်ပြကြပါသည်။ (ထွက်၊ ၇:၁၀-၁၂)။ ‘‘စာတန်ပြုပြင်သောအားဖြင့် မုသားနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုအမျိုးမျိုး’’ တို့သည် ခရစ်တော်ဒုတိယအကြိမ်ကြွမလာမီတွင် ကြုံတွေ့ရလိမ့်မည်ဟု ရှင်ပေါလုက သက်သေခံထားပါသည်။ ၂သက်၊ ၂:၉-၁၀။ ၎င်းပြင် ရှင်ယောဟန်ကလည်း ‘‘ထိုသားရဲသည်--- လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကိုဆင်းစေ၏။---- ပြပိုင်သောနိမိတ် လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကိုလှည့်ဖြား၏’’ ဟု သက်သေခံထားပါ သည်။ ဗျာ၊ ၁၃:၁၃-၁၄။ ဤအရာသည် အယောင်ဆောင်၍ လူတို့အား လိမ်လည်ခြင်းရိုးရိုးမဟုတ်တော့ဘဲ စာတန်နှင့်အပေါင်းပါတို့ကလုပ်သည့် ထူးဆန်းသောအံ့ဩဖွယ်ရာများဖြင့် လိမ်လည်ဖြားယောင်းနေခြင်းဖြစ်သည်။HFB 602.2