Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သိုးသငယ်၏ချိုကလေးရှိသောသားရဲကြီး

    သိုးသငယ်၏ချိုနှင့်တူသော ချိုကလေးနှစ်ချောင်းရှိသော သားရဲသည် ကျားသစ်နှင့်တူသောသားရဲနှင့် ပုံဆောင်ထားသော ရောမအသင်းတော် ဂိုဏ်းချုပ်ကြီးအား မြေကြီးသားအပေါင်းတို့ ကိုးကွယ်စေအောင် လုပ်ဆောင်လိမ့်မည်ဟု ဗျာဒိတ် ၁၃ တွင် ဖော်ပြထားသည့် အနာဂတ္တိစကားတွင် ဖွင့်ဆိုထားပါသည်။ သိုးချိုကလေးနှင့်ပြီးသော ထိုသားရဲသည် ‘‘သားရဲ၏ရုပ်တု’’ ကိုထုလုပ်ကြရန် ပြောရုံသာမက ‘‘ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ အကြီးအငယ်’’ ရှိသမျှတတို့အား သားရဲ၏ တံဆိပ်လက်မှတ်ကိုခံယူကြ ရန်လည်းပြောလိမ့်မည်။ (ဗျာ၊ ၁၃:၁၁-၁၆)။ သိုးချိုကလေးရှိသော ထိုသားရဲသည် အမေရိကန်ပြန်ထောင်စုကို ပုံဆောင်ပါသည်။ ပထမနေ့ကို ဥပုသ်နေ့အဖြစ် ဥပဒေပြုကာ အတင်းအကျပ် စောင့်ရှောက်စေသည့်အခါတွင် ဤအနာဂတ္တိစကားပြည့်စုံခြင်းသို့ ရောက်လာပါလိမ့်မည်။ ပထမနေ့ဥပုသ်ကို စောင့်ရှောက်ခြင်းသည် ၎င်းတို့၏တန်ခိုးအာဏာကြီးထွားမှုကို အသိအမှတ် ပြုရာရောက်သည်ဟု ရောမအသင်းတော်က ဖွင့်ဆိုထားပါသည်။HFB 630.1

    ‘‘သားရဲ၏ခေါင်းတစ်လုံးသည် သေအောင်ကွပ်မျက်ပြီသကဲ့သို့ဖြစ်၍ သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသားအပေါင်းတို့သည် သားရဲနောက်သို့လိုက်၍ အံ့ဩကြ၏။’’ ဗျာဒိတ် ၁၃:၃။ ထိုသေလောက်သည် ဆိုသောဒဏ်ရာသည် ၁၇၉၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရောမဂိုဏ်းချုပ်ကြီး၏ ကျဆုံးခန်းကို ပြညွှန်ပါသည်။ ထို့နောက် ‘‘သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသားအပေါင်းတို့သည် သားရဲနောက်သို့လိုက်၍ အံ့ဩကြ၏’’ ဟု ပုရောဖက်ကဖွင့်ဆိုထားပါသည်။ ထို ‘‘ဒုစရိုက်လူ’’ သည် ကမ္ဘာဆုံးတိုင်အောင် မိမိ၏လှည့်ဖြားခြင်းအမှုကို ဆက်လက်ဆောင်ရွက် သွားလိမ့်မည်ဟု ရှင်ပေါလုက ၂သက်၊ ၂:၃-၈ တွင် ဖော်ပြထားပါသည်။ သို့ရာတွင် ‘‘ကွပ်မျက်သောသိုးသငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သောမြေကြီးသား အပေါင်းတို့သည် သားရဲကိုကိုးကွယ်ကြ၏။’’ ဗျာဒိတ် ၁၃:၈။ ရောမဂိုဏ်းချုပ်ကြီးသည် ပထမနေ့ကို ဂုဏ်ပြုသောသူများ၏ ကိုးကွယ်မှုကို ခေတ်အဆက်ဆက်တွင်ရရှိလိမ့်မည်။HFB 631.1

    ၁၉ ရာစုအလယ်ပိုင်းမှစ၍ အနာဂတ္တိကျမ်းများကို လေ့လာသူများက ဤသက်သေခံချက်ကို ကမ္ဘာအားဖွင့်ဆိုလာခဲ့ကြပါသည်။ ယခုတွင်မူ ထို အနာဂတ္တိစကားပြည့်စုံရန် အလွန်နီးကပ်နေချေပြီ။ ပထမနေ့ဥပုသ်စောင့် ခြင်းသည် ဘုရားသခင်၏ အမိန့်တော်အရဖြစ်သည်ဟု ပရိုတက်စတင့်ဆရာ များက ဖွင့်ဟနေသလို ထိုအမိန့်တော်နှင့်စပ်လျဉ်းသည့် ကျမ်းစာအထောက် အထားကို ရောမဆရာများမပြနိုင်ခဲ့သကဲ့သို့ ပရိုတက်စတင့်များလည်း တင်ပြ နိုင်ခြင်းမရှိကြချေ။ ပထမနေ့တွင် ဥပုသ်မစောင့်သူများအပေါ်သို့ ပြစ်ဒဏ်စီရင်မှု ကျရောက်လိမ့်မည်ဟူသောဖွင့်ဆိုချက်ကို တစ်ဖန်ဖွင့်ဆိုလိမ့်ဦးမည်ဖြစ်သည်။ အစပြု၍ပင် ဖွင့်ဆိုနေကြပြီလည်းဖြစ်သည်။HFB 631.2

    ရောမအသင်းတော်သည် အံ့ဩစရာကောင်းလောက်အောင် လိမ္မာပါးနပ်ပါသည်။ ပရိုတက်စတင့်အသင်းတော်သည် မှားယွင်းသော ထိုဥပုသ်ကိုစောင့်ခြင်းအားဖြင့် မိမိတို့ကို အရိုအသေပေးလိမ့်မည်ကို လည်းကောင်း၊ ထိုအသင်းတော်သည် အတိတ်အချိန်က မိမိတို့အသုံးပြုခဲ့သည့် နည်းများကိုအသုံးပြုကာ ပထမနေ့ဥပုသ်စောင့်ခြင်းအတွက် ဖိအားပေးရန် ပြင်ဆင်နေလိမ့်မည်ကိုလည်းကောင်း ရောမအသင်းတော်က သိထားပြီး ဖြစ်သည်။ ရောမအသင်းတော်သည် ထိုလုပ်ငန်းအတွက် ပရိုတက်စတင့်များ အား အကူအညီပေးရန် အဆင်သင့်ဖြစ်နေပြီဆိုသည့်အချက်ကို မှန်းဆရန်မှာ အခက်အခဲရှိလိမ့်မည်မဟုတ်ချေ။HFB 632.1

    ရောမအသင်းတော်သည် ဂိုဏ်းချုပ်ကြီးနှင့်တကွ အသင်းတော် ကော်မတီ၏ထိန်းချုပ်မှုအောက်တွင် အလွန်ကြီးကျယ်သောအဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းထားပါသည်။ သန်းပေါင်းများစွာသော ထိုအဖွဲ့ဝင်များသည် အစိုးရအသီးသီးအောက်တွင် နေထိုင်သည့် လူမျိုးအသီးသီးဖြစ်သော်လည်း ရောမဂိုဏ်းချုပ်ကြီးကို တညီတညွတ်တည်း သစ္စာစောင့်သိကြပါသည်။ သက်ဆိုင်ရာတိုင်းပြည်အစိုးရများအပေါ် သစ္စာရှိပါမည်ဟု ကတိသစ္စာ ပြုကောင်းပြုကြမည်ဖြစ်သော်လည်း ထိုလိမ်ညာမှုနောက်ကွယ်တွင် ဂိုဏ်းချုပ် ကြီးအား သစ္စာခံရန် ကတိပြုထားကြပါသည်။HFB 632.2

    ထိုအသင်းတော်သည် တိုင်းရေးပြည်ရာကိစ္စများတွင် မိမိကိုယ်ကို အယုံသွင်းချဉ်းကပ်နိုင်ရန် နည်းမျိုးစုံဖြင့် မရမနေကြိုးစားကာ ခြေကုတ်ရသောအခါ တိုင်းပြည်လူထုနှင့် မင်းစိုးရာဇာများ ပျက်သုဉ်းသွား သည်အထိ မိမိ၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်တတ်ကြောင်း သမိုင်းအထောက်အထားများက ဖော်ပြနေပါသည်။HFB 632.3

    မိမိတို့သည် မည်သည့်အချိန်ကမှ ပြောင်းလဲမှုမရှိခဲ့ကြောင်း ရောမအသင်းတော်က ကြွားဝါနေပါသည်။ ပရိုတက်စတင့်များသည် ပထမနေ့ကိုမြှောက်စားခြင်းအလုပ်တွင် ရောမ၏အကူအညီကို လက်ခံနေသော အချိန်၌ မိမိတို့မည်သည့်အရာလုပ်နေသည်ကိုပင် သူတို့မသိခဲ့ပါချေ။ ပရိုတက်စတင့်များက မိမိတို့၏အကြံအစည်ကို အကောင်အထည်ဖော်ရန် သန္နိဋ္ဌာန်ချနေကြစဉ်မှာပင် ရောမအသင်းတော်သည် မိမိတို့လက်လွှတ် ဆုံးရှုံးခဲ့ရသည့်အကြီးအကဲတန်ခိုးအာဏာများကို ပြန်လည်တည်ဆောက်ရန် ကြံရွယ်နေပါသည်။ နိုင်ငံတော်အာဏာကို အသင်းတော်က ထိန်းချုပ်နိုင်စေမည့် အခြေခံစည်းမျဉ်းတစ်ခုကို တည်ဆောက်ခွင့်သာပေးလိုက်ပါ။ အသင်းတော်သည် အစိုးရဥပဒေများကိုအသုံးပြုကာ ဘာသာရေးကိစ္စများကို အတင်းအကျပ်ခိုင်းစေကြပေလိမ့်မည်။ အချိန်တိုအတွင်းမှာပင် ဘာသာရေးနှင့် နိုင်ငံရေးပူးတွဲအာဏာသည် လူတို့၏ဩတ္တပ္ပစိတ်ကို ချုပ်ကိုင်ကြလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် ရောမအသင်းတော်သည် သေချာပေါက်အောင်ပွဲခံတော့မည် ဖြစ်သည်။HFB 633.1

    ၎င်းတို့၏ကျော့ကွင်းမှလွတ်မြောက်ရန် မဖြစ်နိုင်တော့သည့် အချိန်ကျမှ ပရိုတက်စတင့်များသည် ရောမအသင်းတော်၏ အကြံ အစည်များကို လေ့လာသိရှိကြလိမ့်မည်။ ရောမအသင်းတော်သည် မသိမသာ တန်ခိုးအာဏာကြီးထွားလာလိမ့်မည်။ ၎င်း၏ယုံကြည်ချက်များသည် ဥပဒေပြု ရုံးခန်းများတွင်လည်းကောင်း၊ အသင်းတော် များတွင်လည်းကောင်း၊ လူသားများ၏စိတ်နှလုံးများတွင်လည်းကောင်း နေရာယူလွှမ်းမိုးနေကြလိမ့်မည်။ သူမသည် ထိုးနှိပ်ရန် အချိန်ကျလာသော အခါတွင် မိမိတို့၏ဦးတည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်ကြရန် မိမိ၏ အင်အားစုများအား အားပေးလိမ့်မည်။ လက်ဦးမှုကိုရယူရန်မှာ သူမ၏အဓက အလိုဆန္ဒဖြစ်သည်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားများကို ယုံကြည် လိုက်လျှောက်နေသူများသည် နှိပ်စက်ညှဉ်းပန်းခြင်းများနှင့် ရင်ဆိုင်ကြရလိမ့်မည်။HFB 633.2

    *****