Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ချုပ်တည်းမှုကင်းမဲ့ခြင်းသည် လူအများအားမှိုင်းဝေစေခြင်း

    တရားရုံးများသည် အကျင့်စာရိတ္တပျက်ပြားနေကြသည်။ အုပ်ချုပ်သူ များသည်လည်း အနိုင်လိုချင်သည့်ဆန္ဒနှင့် ကာမဂုဏ်ခံစားလိုစိတ်များ၏ နိုးဆွမှုကို ခံနေကြရသည်။ စာတန်၏ထိန်းချုပ်မှုအောက်သို့ လုံးလုံး ရောက်သွားစေရန်အလို့ငှာ ချုပ်တည်းမှုမရှိခြင်းသည် လူအများအား မှိုင်းဝေစေ ပါသည်။ ဂျူရီလူကြီးများသည်လည်း တရားလမ်းမှသွေဖည်ကာ လာဘ်စားခြင်း၊ လှည့်ဖြားခြင်းများကို ကျင့်သုံးနေကြပါသည်။ တရားရေး ဆိုင်ရာဝန်ထမ်းများ၌ အသောက်အစား၊ အပျော်အပါးများ၊ မရိုးသားသည့် လုပ်ဆောင်မှုများရှိနေသည်ကိုလည်း တွေ့ရသည်။ ယခုတွင်မူ သမ္မာကျမ်းစာကို ထိမ်ချန်ထားခြင်းအားဖြင့် လူသားများကို မိမိထိန်းချုပ်မှုအောက်တွင် စာတန်ထားနိုင်စွမ်းမရှိတော့သည်ကိုသိသဖြင့် မိမိ၏ဦးတည်ချက် အတိုင်း ပြီးစီးအောင်လုပ်ဆောင်နိုင်ရန် နည်းလမ်းသစ်များကို သူရှာဖွေထား ပါသည်။ သမ္မာကျမ်းစာ၌ထားရှိသော ယုံကြည်ခြင်းကို ဖျက်ဆီးပစ်လိုက်ခြင်း သည် သမ္မာကျမ်းစာကိုဖျက်ဆီးပစ်ခြင်းကဲ့သို့ ထိရောက်မှုရှိပါသည်။HFB 639.1

    ထိုကြောင့် စာတန်သည် ရှေးယခင်အချိန်များကကဲ့သို့ပင် အသင်းတော်များကိုအသုံးပြုကာ မိမိ၏အကြံအစည်ကို အကောင်အထည် ဖော်ခဲ့ပါသည်။ ထိုအသင်းတော်များသည် သမ္မာကျမ်းစာထဲမှ ရေပန်းမစားသည့် တရားတော်များကို ထိုးနှိပ်ကာ မယုံကြည်ခြင်းမျိုးစေ့ကို ကျယ်ကျယ်ပြန့်ပြန့် ကြဲနေသည့် အနက်ဖွင့်ခြင်းများကို လက်ခံနေကြပါသည်။ ၎င်းတို့သည် ရောမအသင်းတော်၏ မှားယွင်းသည့်ယုံကြည်ချက်များဖြစ်သည့် အသက်ဝိညာဉ်သည် သေမျိုးမဟုတ်၊ သေလွန်ချိန်မှာပင် လူသားများ၌ အသိစိတ်ရှိနေသည်ဆိုသည့်အချက်များကိုစွဲလမ်းကာ နံဝိညာဉ်ဝါဒ၏ လှည့်စားခြင်းကို ကာကွယ်နိုင်သည့် တစ်ခုတည်းသောအကာအကွယ်ဖြစ်သော သမ္မာကျမ်းစာကို ငြင်းပယ်နေကြပါသည်။ ထာဝရနှိပ်စက်ညှဉ်းဆဲခြင်းဆိုင်ရာ ယုံကြည်ချက်သည်လည်း လူအများအား သမ္မာကျမ်းစာအပေါ် အယုံအကြည် ကင်းမဲ့စေပါသည်။ စတုတ္ထပညတ်က တောင်းဆိုချက်အရ သတ္တမနေ့ဥပုသ်ကို တည်ဆောက်ရန် ၎င်းတို့ဆုံးမဩဝါဒပေးခဲ့ကြသော်လည်း ၎င်းတို့ဆန္ဒ မရှိသည့် ထိုတာဝန်မှကင်းလွတ်စိမ့်သောငှာ နာမည်ကြီးတရားဟောဆရာများကိုယ်တိုင် ဥပုသ်တော်နေ့နှင့်တကွ ဘုရား၏ပညတ်တော်များကို စွန့်ပယ်နေကြပါသည်။ ဥပုသ်တော်နေ့နှင့်ပတ်သက်သည့် ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေစဉ်မှာပင် စတုတ္ထပညတ်တော်ကို ရှောင်ရှားနိုင်ရန် ဘုရား၏ပညတ်တော်ကို ငြင်းပယ်မှုများမှာလည်း စကြဝဠာအတိုင်းအတာတမျှ ကျယ်ပြန့်နေပါသည်။ ဘာသာရေးခေါင်းဆောင် များသည် သစ္စာမဲ့ဖောက်ပြန်ခြင်း၊ နံဝိညာဉ်အယူဝါဒနှင့် ပညတ်တော်ကို စော်ကားခြင်းများအတွက် တံခါးကိုဖွင့်ပေးနေကြပါသည်။ ဤအရာသည် ခရစ်ယာန်လောကတွင်တည်ရှိနေသည့် မကောင်းမှုများအတွက် ကြောက်စရာ ကောင်းသည့်လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။HFB 640.1

    သို့စေကာမူ ပထမနေ့ဥပုသ်စောင့်ခြင်းကို အားပေးခြင်းသည် လူ့အသိုက်အဝန်း၏ကိုယ်ကျင့်တရားများကို တိုးတက်ဖွံ့ဖြိုးစေသည်ဟု ထိုအဖွဲ့ကပင် ကြွေးကြော်နေပါသည်။ လှည့်ဖြားမှုတစ်ခုကို ယုတ္တိတန်အောင် အမှားကိုအမှန်နှင့်ရော၍ တင်ဆက်ခြင်းမှာ စာတန်၏နည်းပရိယာယ်များတွင် တစ်ခါအပါအဝင်ဖြစ်သည်။ ပထမနေ့ဥပုသ်စောင့်ခြင်းအတွက် ဦးဆောင် လှုပ်ရှားနေသူများသည် လူအများအတွက် အမှန်တကယ်လိုအပ် နေသည့် ပြုပြင်ပြောင်းလဲမှုများကိုလည်းကောင်း၊ သမ္မာကျမ်းစာနှင့်ကိုက်ညီသည့် အခြေခံစည်းမျဉ်းများကိုလည်းကောင်း ထောက်ခံအားပေးနေသည့် တစ်ချိန်တည်းမှာပင် ပညတ်တော်နှင့်ဆန့်ကျင်သည့်တောင်းဆိုချက်များကို ပြုလုပ်နေကြသဖြင့် ဘုရားသခင်၏သားသမီးများသည် ၎င်းတို့နှင့် မပူးပေါင်း နိုင်ကြပါချေ။ လူသားများ၏ပညတ်ချက်များကို လက်ခံကျင့်သုံးရန် ဘုရား၏ပညတ်တော်ကို ဘေးဖယ်ထားခြင်းသည် မှန်ကန်မှုရှိသည်ဟု မဆိုနိုင်ပါချေ။HFB 641.1

    အသက်ဝိညာဉ်သည် သေမျိုးမဟုတ်ဟူသော သွန်သင်ချက်နှင့် ပထမနေ့ကို ဥပုသ်နေ့အဖြစ်စောင့်ထိန်းရန် ပညတ်ခြင်းတည်း ဟူသော ဤမဟာမှားယွင်းမှုနှစ်ခုကိုအသုံးပြုကာ စာတန်သည် လူအများအား ၎င်း၏လှည့်ဖြားခြင်းထဲသို့ ဆွဲယူနေပါသည်။ အသက်ဝိညာဉ်သည် သေမျိုး မဟုတ်ပါဟူသောယုံကြည်ချက်က နံဝိညာဉ်ဝါဒ၏ အုတ်မြစ်ကိုချပေးသလို ပထမနေ့ဥပုသ်စောင့်ခြင်းဆိုင်ရာ သွန်သင်ချက်ကလည်း လူတို့အား ရောမအသင်းတော်နှင့် ပို၍သံယောဇဉ်ခိုင်မြဲစေပါသည်။ နံဝိညာဉ်အယူဝါဒကို ပထမဦးဆုံး လက်ကမ်းကြိုဆိုမည့်သူများမှာ အမေရိကန်ပြည်ထောင်စုမှ ပရိုတက်စတင့်များဖြစ်လိမ့်မည်။ ထိုပရိုတက်စတင့်များသည် ကြီးမားသော ခြားနားမှုခြောက်ကမ်းပါးကြီးကိုကျော်ကာ ရောမအသင်းတော်နှင့်လည်း လက်တွဲပါလိမ့်မည်။ ရောမအသင်းတော်၏ ယုံကြည်ချက်၊ နံဝိညာဉ်အယူဝါဒနှင့် ပရိုတက်စတင့်များတည်းဟူသော ထို (၃) ပါး၏ဩဇာလွှမ်းမိုးမှုအောက်တွင် ထိုတိုင်းပြည်သည် ရောမ၏ ခြေရာကိုနင်းကာ ဩတ္တပ္ပဆိုင်ရာအခွင့်အရေးကို နင်းချေပါလိမ့်မည်။HFB 641.2

    နံဝိညာဉ်အယူဝါဒသည် ထိုအချိန်ထိုအခါက ခရစ်ယာန်အယူဝါဒကို အတုခိုးထားသည်ဖြစ်ရာ လှည့်ဖြားခြင်းတန်ခိုးကြီးမားသော အယူဝါဒတစ်ခု ဖြစ်ခဲ့ပါသည်။ စာတန်ကိုယ်တိုင်က သူ့ကိုယ်သူအသွင်ပြောင်းလဲကာ အလင်း၏ ကောင်းကင်တမန်တစ်ပါးကဲ့သို့ ကိုယ်ယောင်ပြလာပါလိမ့်မည်။ နံဝိညာဉ်အယူဝါဒအားဖြင့် အံ့ဩဖွယ်နိမိတ်လက္ခဏာများကို ပြပါလိမ့်မည်။ လူနာများကို သက်သာပျောက်ကင်းစေလိမ့်မည်။ ငြင်းမရအောင်ကောင်းသည့် အံ့ဩဖွယ်ရာများကို လုပ်ပြပါလိမ့်မည်။HFB 642.1

    ထူးဆန်းသောနိမိတ်လက္ခဏာများအား စစ်မှန်သောအသင်းတော်၏ အမှတ်အသားတစ်ခုအဖြစ် ကြွားဝါခဲ့သည့် ရောမအသင်းသားများသည်လည်း ဤအံ့ဖွယ်အမှုများကိုလုပ်ဆောင်သည့် တန်ခိုး၏ လှည့်ဖြားမှုကို ခံကြရလိမ့်မည်။ သမ္မာတရား၏ ဒိုင်းလွှားကြီးကို ဘေးဖယ်ခဲ့သည့်ပရိုတက် စတင့်များသည်လည်း အလှည့်ဖြားခံကြရလိမ့်မည်။ ရောမအသင်းသားများ၊ ပရိုတက်စတင့်များနှင့် လောကီသားများတို့သည် ထိုသုံးပါး၏ ပူးပေါင်းခြင်းကို ကမ္ဘာကြီးပြောင်းလဲလာရန်အတွက် လှုပ်ရှားမှုဖြစ်သည်ဟု အမြင်တူ ကြပါလိမ့်မည်။HFB 643.1

    စာတန်သည် နံဝိညာဉ်အယူဝါဒအားဖြင့် ရောဂါများကိုကုသလျက်၊ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်အသစ်များကို တင်ပြလျက် လူသားများကို ကောင်းကျိုးပြုသူတစ်ဦးအနေဖြင့် ပုံဖော်နေသော်လည်း တစ်ချိန်တည်းမှာပင် လူထုကြီးအား ပျက်စီးခြင်းသို့ သူပို့ဆောင်နေပါသည်။ ချုပ်တည်းမှုမရှိခြင်း ကြောင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းများပျောက်လွင့်သွားကာ ကာမဂုဏ် လွန်ကျူးခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့် သွေးထွက်သံယိုမှုများဖြစ်ပွားလာပါသည်။ စစ်ဖြစ်ခြင်းသည် လူသားတို့၏ အဆိုးဝါးဆုံးသောစိတ်ဇောကို နိုးဆွကာ အကျင့်ဆိုးများနှင့် သွေးထွက်သံယိုမှုများတွင် နစ်မြုပ်သွားစေသည့် စစ်ဘေး ဒုက္ခသည်ဘဝသို့ ထာဝရရောက်ရှိသွားစေသည်။ တိုင်းနိုင်ငံအချင်းချင်း စစ်ဖြင်အောင် နိုးဆွပေးရန်မှာ စာတန်၏ဦးတည်ချက်ဖြစ်သည်။ သို့မှသာ လူသားများသည် ဘုရားသခင်၏ နေ့ရက်ကြီးကိုရင်ဆိုင်ရန် ပြင်ဆင်နိုင် ကြတော့မည်မဟုတ်ချေ။HFB 643.2

    စာတန်သည် သဘာဝ၏လျှို့ဝှက်ချက်များကိုလေ့လာကာ သဘာဝ အင်အားစုများကို ဘုရားသခင်ခွင့်ပြုသည့်အတိုင်းအတာအထိ ထိန်းချုပ်ရန် အစွမ်းကုန်အသုံးချနေပါသည်။ ဝေနေယျသတ္တဝါအပေါင်းအား စာတန်၏ အန္တရာယ်မှ အကာအကွယ်ပြုနေသူမှာ ထာဝရဘုရားပင်ဖြစ်သည်။ သို့ရာတွင် ခရစ်ယာန်များသည် ဘုရား၏ပညတ်တော်များအပေါ် မထီမဲ့မြင်ပြုခဲ့ကြသဖြင့် မိန့်တော်မူထားသည့်အတိုင်း ပညတ်တော်ကိုအန်တုနေသူများနှင့် အန်တုရန် အခြားသူများအား ခိုင်းစေနေသူများထံမှ မိမိ၏အကာအကွယ်ပေးမထား သူအပေါင်းတို့ကို စာတန်ထိန်းချုပ်ထားပါသည်။ သူသည် မိမိ၏ အကြံအစည်ကို အကောင်အထည်ဖော်ရန်အတွက် အချို့သူများကို ကြီးပွား ချမ်းသာစေလျက် လူသားများကို ဒုက္ခပေးနေသူမှာ ဘုရားသခင် ဖြစ်သည်ဟု ယုံကြည်လာစေရန် အချို့သူများကို ဒုက္ခရောက်စေပါလိမ့်မည်။HFB 644.1

    စာတန်သည် လူသားများခံစားနေရသောအနာရောဂါများကို ကုသပေးသည့် သမားတော်ကြီးတစ်ပါးအသွင်ကို ဆောင်နေစဉ်မှာပင် လူနေထူထပ်သည့်မြို့များကို ပျက်စီးသွားသည်အထိ ရောဂါများနှင့် သဘာဝ အန္တရာယ်များကို ဖြစ်စေပါလိမ့်မည်။ ကုန်းတွင်းပိုင်းနှင့် မြစ်ချောင်းပင်လယ် များတွင်ဖြစ်ပွားနေသော မတော်တဆမှုများ၊ ကြီးကျယ်သောမီးလောင်မှုများ၊ လေဆင်နှာမောင်းနှင့် မိုးသီးမုန်တိုင်းများ၊ လှိုင်းထန်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းကျခြင်း၊ ဒီလှိုင်းကြီးခြင်းနှင့် မြေငလျင်လှုပ်ခြင်းများတွင် စာတန် တန်ခိုးပြလျက်ရှိပါသည်။ ရင့်မှည့်နေသောစပါးပင်၊ ဂျုံပင်များကို သူဖျက်ဆီးကာ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ဝမ်းနည်းမှုများကို ဖြစ်ပေါ်စေပါသည်။ လေထုကို ညစ်ညမ်းအောင် သူဖန်တီးကာ လူအများကိုသေကြေပျက်စီးစေပါသည်။HFB 644.2

    ထိုနောက် ထိုကဲ့သို့သောဒုက္ခများကို ဖန်တီးသူများသည် ဘုရားသခင်၏ ပညတ်တော်ကို စောင့်နေသူများဖြစ်သည်ဟု လူအများ အထင်ရောက်လာအောင် သူသွေးဆောင်နေပါသည်။ လူတို့သည် ပထမနေ့ဥပုသ်ကို မစောင့်ခြင်းအားဖြင့်လည်းကောင်း၊ ပထမနေ့ဥပုသ်ကို ဖိဖိစီးစီး မစောင့်မချင်း ထိုဒုက္ခများကိုရင်ဆိုင်နေကြရဦးမည် ဟူ၍လည်းကောင်း သူဖွင့်ဆိုပါလိမ့်မည်။ ‘‘ပထမနေ့ကို အရိုအသေ မပေးသူများသည် ဘုရားသခင်ပေးသနားမည့် ချမ်းသာကြွယ်ဝခြင်းကို မရအောင် ဟန့်တားနေကြသည်’’ ဟု ရှေးအခါက ဘုရားသခင်၏ ကျွန်များအစွပ်စွဲခံရသကဲ့သို့ ယနေ့ခေတ် ဘုရားသခင့်သားသမီးများသည် အစွပ်စွဲခံကြရပါလိမ့်မည်။ ‘‘အာဟပ်မင်းသည်---ဧလိယကိုတွေ့မြင်သောအခါ သင်သည် ဣသရေလအမျိုးတို့ကို နှောင့်ယှက်သောသူမှန်သလော’’ ဟု မေးခဲ့၏။ ၃ရာ၊ ၁၈:၁၇-၁၈။HFB 645.1

    ထူးဆန်းအံ့ဩဖွယ်ရာများကို လုပ်ပြနိုင်သည့်တန်ခိုးသည် ဘုရားသခင်၏စကားကို နားထောင်လိုက်လျှောက်နေသူများ၌သာ ၎င်း၏ဩဇာသက်ရောက်မှုကို အသုံးပြုမည်ဖြစ်သည်။ ပထမနေ့ဥပုသ်ကို ငြင်းပယ်နေသူများအား သဘောပေါက်နားလည်အောင် သွန်သင်ရန် မိမိတို့အား ဘုရားသခင်စေလွှတ်တော်မူသည်ဟု ထိုနတ်ဆိုးဝိညာဉ်များက ဖွင့်ဟကြ လိမ့်မည်။ ထိုဝိညာဉ်များသည် ကမ္ဘာကြီးတွင်ဖြစ်ပွားနေသည့် ဆိုးယုတ်မှုကြီးအတွက် ငိုကြွေးမြည်တမ်းပြကာ ကိုယ်ကျင့်တရားတွေ ပျက်ယွင်းရခြင်းမှာ ပထမနေ့ ဥပုသ်ကို ငြင်းပယ်ခြင်းကြောင့် ဖြစ်ရသည်ဟု သက်သေခံနေသော ဘာသာရေးဆရာကြီးများကို ထောက်ခံနေလိမ့်မည်။HFB 645.2

    ရောမအသင်းတော်ကြီး၏ အုပ်စိုးမှုအောက်တွင်ရှိစဉ်က ဧဝံဂေလိတရားတော်အတွက် ဒုက္ခရောက်ခဲ့သူများကို စာတန်၏ အပေါင်းပါ ဒုစရိုက်သမားများဟု စွပ်စွဲအပြစ်တင်ခဲ့ကြသလို ယခုအချိန်တွင်လည်း ဖြစ်လာပါလိမ့်မည်။ ဘုရားသခင်၏ပညတ်တော်ကို အလေးထားသူများအား ကမ္ဘာကြီးကို ဒုက္ခရောက်အောင် လုပ်သူများအဖြစ် လူအများကစွပ်စွဲလာအောင် စာတန်လုပ်ဆောင်ပါလိမ့်မည်။ ဘုရားသခင်၏ပညတ်တော်ကို ပြောင်ပြောင် တင်းတင်းဖီဆန်သည့် လူသားပညတ်များကို ပြဋ္ဌာန်းရန် အသင်းတော်နှင့် အစိုးရပိုင်းမှအာဏာရှိသူများအား လှုံ့ဆောင်လျက် စိုးရိမ်ကြောက်ရွံ့သော စိတ်ဖြင့် လူသားများ၏ဩတ္တပ္ပစိတ်ကိုအုပ်စိုးရန် သူကြိုးစားနေပါသည်။HFB 646.1

    သမ္မာကျမ်းစာပါ ဥပုသ်တော်နေ့ကို စောင့်ထိန်းသူများသည် တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေး၏ရန်သူများအဖြစ် လည်းကောင်း၊ လူ့အသိုက်အဝန်းကိုချုပ်ထိန်းထားသည့် ကိုယ်ကျင့်တရား များကို ဖောက်ဖျက်ကာ မင်းမဲ့စရိုက်နှင့် စာရိတ္တပျက်ပြားမှုကို ဖြစ်စေရုံသာမက ဘုရားသခင်၏တရားစီရင်မှုကို နိုးဆွပေးသည့်ပုဂ္ဂိုလ်များအဖြစ် လူသိရှင်ကြား စွပ်စွဲခြင်းခံကြရလိမ့်မည်။ နိုင်ငံတော်အစိုးရအပေါ် မကျေမနပ်ဖြစ်နေသူများ ဖြစ်သည်ဟုလည်း အစွပ်စွဲခံကြရလိမ့်မည်။ ပညတ်တော်ကိုငြင်းပယ်နေသော တရားဟောဆရာများသည် ရပ်ရွာအာဏာပိုင်များ၏စကားကို နားထောင် လိုက်လျှောက်ရန် တရားဟောစင်မြင့်များမှ အသံကောင်းဟစ်နေကြ လိမ့်မည်။ ဥပဒေပြုရုံးများနှင့် တရားရုံးများတွင် ပညတ်တော်စောင့်ရှောက်သူ များသည် ပြစ်ဒဏ်စီရင်ခြင်းခံကြရလိမ့်မည်။ ဘုရားသခင့်သားသမီးများ၏ စကားများကို တလွဲအဓိပ္ပါယ်ပေါက်စေလျက် ၎င်းတို့၏သဘောထားများကို မှားယွင်းစွာဖော်ပြနေကြလိမ့်မည်။HFB 646.2

    ပထမနေ့ဥပုသ်ကို စောင့်ရှောက်ကြရန် ဘာသာရေးနှင့် နိုင်ငံရေး အကြီးအကဲများက လူတို့အား သွေးဆောင်လိမ့်မည်။ လွတ်လပ်မှုရှိပါသည် ဆိုသည့် အမေရိကန်နိုင်ငံမှာပင် အုပ်ချုပ်သူများသည် အများအကြိုက်ကို လိုက်ကာ ပထမနေ့ဥပုသ်စောင့်ရန် ဥပဒေကို ပြဋ္ဌာန်းပေးကြလိမ့်မည်။ ကြီးမားသောအဖိုးအခဖြင့် ရယူရသည့် ဩတ္တပ္ပစိတ်လွတ်လပ်မှုကို လေးစား ကြတော့မည်မဟုတ်ချေ။ ‘‘နဂါးသည် မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏သက်သေခံတော်မူချက်ကို စွဲလမ်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသောအမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏’’ ဟူသော ပုရောဖက်စကား၏ သာဓကတင်ပြမှုများကိုလည်း မကြာမီ ဖြစ်ပွားတော့မည့် ဝိရောဓိအငြင်းပွားမှုတွင် မျက်ဝါးထင်ထင် ကျွန်ုပ်တို့မြင်တွေ့ ကြရလိမ့်မည်။HFB 647.1

    *****