Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း(၃၉) - ဒုက္ခဆင်းရဲခြင်းကာလ

    ‘‘ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကိုစောင့်သော အရှင်ကြီး မိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင် မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စောစောင်၌စာရင်းဝင်သမျှသော သင်၏ အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ရောက်ကြလိမ့်မည်။’’ ဒံ၊ ၁၂:၁။HFB 669.1

    ကောင်းကင်တမန်သုံးပါးသတင်းစကားကို ဟောကြားပြီးသော အချိန်တွင် ဘုရားသခင်၏လူတို့လုပ်ဆောင်ရမည့်တာဝန်များ ပြီးစီးလေပြီ။ ၎င်းတို့သည် ‘‘နောက်မိုး’’ ကိုလည်း ရရှိထားပြီဖြစ်ရာ ရင်ဆိုင်ရမည့်ဒုက္ခ ကာလအတွက် အဆင်သင့်ဖြစ်နေကြချေပြီ။ လူသားများကို နောက်ဆုံးသော စမ်းသပ်မှုပြုလုပ်ပြီးဖြစ်သဖြင့် ဘုရားသခင်၌သစ္စာစောင့်သိသူအပေါင်းတို့သည် ထာဝရဘုရား၏တံဆိပ်တော်ကို ရရှိထားကြပါပြီ။ ထိုနောက် ခရစ်တော်သည် အထက်ဗိမာန်တော်တွင်ဆောင်ရွက်နေသော ကြားဖျန်ဖြေရေးအမှုတော်ကို အဆုံးသတ်လိုက်ကာ ‘‘အမှုပြီးပြီ၊’’ ‘‘မတရားသောသူသည် မတရားသဖြင့် ပြုစေဦး၊ ညစ်ညူးသောသူသည် ညစ်ညူးစေဦး၊ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး၊ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး’’ ဟု ကျယ်သောအသံဖြင့် ဟစ်ကြွေးတော်မူ၏။ ဗျာဒိတ် ၂၂:၁၁။ ခရစ်တော်သည် မိမိလူတို့အတွက် အပြစ်ဖြေခြင်း အမှုကိုပြုကာ ၎င်းတို့၏အပြစ်များကို ဆေးကြောခဲ့ပြီးဖြစ်သည်။ ထိုကြောင့် ‘‘ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက်ဘုန်းတန်ခိုး ရှိသမျှကို’’ ကယ်တင်ခြင်းအမွေခံစားကြမည့်သူအပေါင်းတို့အား ပေးတော်မူကာ ခရစ်တော်သည် ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏ သခင်တစ်ပါးကဲ့သို့ စိုးစံအုပ်ချုပ်တော်မူလိမ့်မည်။HFB 669.2

    ကောင်းကင်ဗိမာန်တော်မှ ကိုယ်တော်ရှင်ထွက်ခွာလာသော အချိန်တွင် ကမ္ဘာသူကမ္ဘာသားများအပေါ်တွင် မှောင်မိုက်ဖုံးလွှမ်းနေပါသည်။ ဖြောင့်မတ် သူများသည် ကြားဖျန်ဖြေသူမဲ့ဘဝဖြင့် ဘုရားသခင်၏ရှေ့တော်တွင် အသက်ရှင် နေထိုင်ကြရမည်။ ဆိုးညစ်သူများအပေါ်ထိန်းချုပ်မှုမရှိတော့ သည့်ပြင် နားကောက်သူများအားလည်း လုံးလုံးလျားလျားစာတန်ထိန်းချုပ် ထားပြီးဖြစ်နေပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း ပြန်လည် ရုတ်သိမ်းတော်မူလိုက်ရာ စာတန်သည် လူသားအပေါင်းတို့အား ဒုက္ခကာလထဲသို့ ပို့ဆောင်ပါလိမ့်မည်။ ဘုရား၏ကောင်းကင်တမန် များကလည်း လူသားများ၏ ကြောက်စရာ့အလိုရမ္မက်များကို ဟန့်တားခြင်း မပြုတော့ပြီဖြစ်ရာ တစ်ကမ္ဘာလုံးသည် ရှေးခေတ်ယေရုရှလင်မြို့၌ ဖြစ်ပျက် ခဲ့သည်ထက် ပို၍ဆိုးသောအခြေအနေနှင့် ရင်ဆိုင်ကြရလိမ့်မည်။ နေရာတကာ တွင် အနိဌာရုံမြင်ကွင်းများကိုဖန်တီးရန် ဘုရား၏ခွင့်ပြုမိန့်တစ်ခုကိုသာ စောင့်နေသည့် အင်အားစုများသည်လည်း ယခုတွင် အဆင်သင့်ရှိနေကြချေပြီ။HFB 670.1

    ဘုရားသခင်၏ပညတ်တော်ကို စောင့်သောသူများအား တစ်ကမ္ဘာလုံးတွင် ဖြစ်ပျက်နေသည့် သွေးထွက်သံယို၊ အတိုက်အခိုက် အနိဌာရုံ မြင်ကွင်းများကို ဖန်တီးသူများအဖြစ် မှတ်ယူကြ လိမ့်မည်။ နောက်ဆုံးသတိပေးချက်များတွင် ပါရှိနေသည့်တန်ခိုးကြောင့် လူယုတ်မာများသည် ဒေါသအမျက်ထောင်းထောင်းထွက်နေကြသည်။ ဤသည်ကိုအခွင့်ကောင်းယူကာ စာတန်သည် ကောင်းကင်တမန်သုံးပါး သတင်းစကား ရရှိထားသူများအား အမုန်းထားနှိပ်စက်ညှဉ်းပန်းလိုစိတ်များ ပေါ်လာရန် ၎င်းတို့အား နိုးဆွပေးပါလိမ့်မည်။HFB 670.2

    ဘုရားသခင်သည် ယုဒလူမျိုးတို့နှင့် အတူရှိနေခြင်းကို ပြန်လည် ရုတ်သိမ်းတော်မူခဲ့စဉ်အချိန်က ယဇ်ပုရောဟိတ်နှင့် ယုဒအမျိုးသားအပေါင်း တို့သည် မိမိကိုယ်ကို ဘုရားရွေးချယ်ထားသည့်လူမျိုးအဖြစ် ဆက်လက်မှတ်ယူ ခဲ့ကြသည်။ တဲတော်ဝေယျာဝစ္စများကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ သားတော်ဘုရား၏ အသွေးတော်ကိုစော်ကားသည့် လူသားများအပေါ်သို့ ကောင်းချီးချပေးရန် နေ့စဉ်နှင့်အမျှ ဆုတောင်းခဲ့ကြသည်။ ဗိမာန်တော်၏ ပြုပြင်ပြောင်းလဲ၍မရသည့် ဆုံးဖြတ်ချက်ကိုချကာ ကမ္ဘာ့ကံကြမ္မာကို ထာဝရ ကာလတည်မည့် သတ်မှတ်ချက်ချပြီးသည့်အချိန်မှာလည်း ထိုနည်းနှင်နှင် ကမ္ဘာသားများသည် ထိုအခြင်းအရာကိုသိကြလိမ့်မည်မဟုတ်ချေ။ ဘာသာရေး ဆိုင်ရာပုံဖေါ်မှုများကို ဝိညာက်တော်ဘုရားအတူမရှိတော့သည့်ပုဂ္ဂိုလ်များက ဆက်လက်လုပ်ဆောင်သွားကြလိမ့်မည်။ မကောင်းသည့်အကြံအစည်ကို အကောင်အထည်ဖေါ်ရာတွင် ထင်ရှားသည့်စိတ်အားထက်သန်မှုသည် ဘုရားသခင်အတွက် စိတ်အားထက်သန်စွာလုပ်ဆောင်နေသလို ပုံပေါ်နေပါ လိမ့်မည်။HFB 671.1