Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခိုင်မြဲသောယုံကြည်ခြင်း

    ကျွန်ုပ်တို့သည် ရင်ဆိုင်ရတော့မည့်ဒုက္ခဆင်းရဲခြင်းကာလတွင် မောပန်းနွမ်းလျမှု၊ ကြန့်ကြာမှုနှင့် ဆာလောင်မှုများကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်မည့် ယုံကြည်ခြင်းမျိုးရှိဖို့လိုအပ်သည်။ ပြင်းထန်သောစုံစမ်း နှောင့်ယှက်မှုများကြောင့် ပျော့ခွေမသွားသည့် ယုံကြည်ခြင်းမျိုးရှိဖို့လိုအပ် ပါသည်။ မရမချင်းပြုလုပ်သည့် ဆုတောင်းခြင်း၏ တန်ခိုးနှင့်ပတ်သက်သည့် သာဓကတစ်ခုကိုလည်း ယာကုပ်၏အောင်ပွဲတွင် တွေ့နေရပါသည်။ ယာကုပ်ကဲ့သို့ ဘုရား၏ကတိတော်အပေါ် ခိုင်ခိုင်မာမာယုံကြည်သူ အားလုံးသည် ယာကုပ်ကဲ့သို့ အောင်ပွဲဆင်ရပါလိမ့်မည်။ ဘုရားသခင်နှင့် နပမ်းလုံးခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကိုသိရှိသူ နည်းပါးလှပါသည်။ စိတ်ပျက်ခြင်းလှိုင်းတံပိုးများ ရိုက်ခတ်လာသောအချိန်တွင် လူနည်းစုလောက်ကသာ ဘုရား၏ကတိအပေါ် ယုံကြည်ခြင်းခိုင်မာတတ်ကြ ပါသည်။HFB 677.3

    ယခုအချိန်တွင် ယုံကြည်ခြင်းခွန်အားနည်းပါးနေသူများသည် စာတန်၏လှည့်ဖြားခြင်းတန်ခိုးအောက်တွင် ကျဆုံးဖို့အန္တရာယ်ရှိနေပါသည်။ စမ်းသပ်မှုများကို သူတို့ခံနိုင်သည်ဆိုစေဦးတော့ ဒုက္ခဆင်းရဲခြင်းကာလသို့ ရောက်သောအခါ သူတို့သည် အလွန်စိတ်ပျက်ကြလိမ့်မည်။ အကြောင်းမှာ ၎င်းတို့၌ ဘုရားသခင်ကို ယုံကြည်ကိုးစားသည့်အလေ့အကျင့်မရှိကြ သောကြောင့်ဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ယခုအချိန်၌ပင် ကိုယ်တော်၏ကတိတော်များကို သက်သေပြသင့်ကြပါသည်။HFB 678.1

    များသောအားဖြင့် ဒုက္ခဆင်းရဲခြင်းများသည် တကယ်ဖြစ်နေသော အခြေအနေထက် ထင်ထားသည့်အခြေအနေက ပို၍ကြီးမားပြင်းထန် နေတတ်သည်။ (ထင်သလောက်မကြီးမားသည်ကများသည်)။ သို့ရာတွင် ကျွန်ုပ်တို့ရင်ဆိုင်ရမည့် ဒုက္ခဆင်းရဲခြင်းမှာမူ ထိုသို့မဟုတ်ပါချေ။ တကယ် ရင်ဆိုင်ရမည့် ဒုက္ခဆင်းရဲခြင်းသည် ဖော်ပြခြင်းငှာ မစွမ်းနိုင်လောက်အောင်ပင် ကြီးမားလှပါသည်။ ထိုကာလတွင် လူအသီးသီးသည် မိမိအတွက် မိမိကိုယ်တိုင် ဘုရားသခင့်ရှေ့တော်တွင် ရပ်ထရင်ဆိုင်ကြရပါမည်။HFB 678.2

    ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းကြီးသည် ကျွန်ုပ်တို့အတွက် အပြစ်ဖြေခြင်းအမှုကို ဆောင်ရွက်လျက်ရှိနေရာ ကျွန်ုပ်တို့သည် ခရစ်တော်၌ စုံလင်ခြင်းရှိလာရန် ယခုပင် ကြိုးစားသင့်ကြပါသည်။ ကျွန်ုပ်တို့၏ ကယ်တင်ရှင်ခရစ်တော်သည် စုံစမ်းခြင်းထြသို့ စိတ်ဖြင့်ပင်လိုက်ပါဖူးခြင်း မရှိခဲ့ချေ။ စာတန်သည် လူသားများ၏နှလုံးသားတွင် ခြေကုပ်ယူလို့ရနိုင်သည့် အရာများကို တွေ့ထားပါသည်။ အထူးသဖြင့် အပြစ်နှင့်မကင်းသည့် အလိုဆန္ဒများရှိနေခြင်းသည် စုံစမ်းခြင်းတန်ခိုးများကို အသုံးပြုနိုင်ရန် စာတန်အား အခွင့်သာစေပါသည်။ သို့ရာတွင် ခရစ်တော်က ‘‘ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့် အရာကိုမျှမတွေ့’’ ဟု မိန့်တော်မူထားပါသည်။ (ယော၊ ၁၄:၃၀)။ ကိုယ်တော့် အပေါ်အောင်ပွဲဆင်ရန် စုံစမ်းနှောင့်ယှက်နိုင်မည့်အကွက်တစ်ကွက်ကိုမျှ ရှာလို့ စာတန်မတွေ့ခဲ့ချေ။ ၎င်းအခွင့်အရေးယူနိုင်မည့် အပြစ်တစ်ခုမျှ ကိုယ်တော်၌ ရှာမတွေ့ခဲ့ချေ။ ဒုက္ခဆင်းရဲခြင်းကာလတွင် ကြံ့ကြံ့ခံရပ်တည်နိုင်မည့် သူများ၏ အခြေအနေမှာ ထိုအခြေအနေမျိုးဖြစ်သည်။HFB 679.1

    ကျွန်ုပ်တို့သည် ဤဘဝမှာကတည်းက ခရစ်တော်၏အပြစ်ဖြေရာ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်နှင့်ကင်းကင်းရှင်းရှင်း နေကြရမည်။ ကျွန်ုပ်တို့၏အားနည်းချက်များကို ကိုယ်တော်၏အားသာချက် နှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ မထိုက်တန်မှုများကို ကိုယ်တော်၏ ကောင်းမှုကုသိုလ်နှင့်လည်းကောင်း ပေါင်းစပ်နိုင်ဖို့ ကိုယ်တော်ထံသို့ လာရောက်ဆက်သွယ်ကြရန် ကျွန်ုပ်တို့အား ကယ်တင်ရှင်က ဖိတ်ခေါ်နေပါသည်။ ဘုရားသခင်၏စံနှင့်ကိုက်ညီသည့် အသက်တာပုံစံများ အဖြစ် ပြောင်းလဲရေးလုပ်ငန်းများတွင် ကိုယ်တော်နှင့် ပူးပေါင်းဆောင်ရွက် ရဿ်မှာ ကျွန်ုပ်တို့၏တာဝန်သာဖြစ်ပါသည်။HFB 679.2

    စာတန်၏လှည့်ဖြားခြင်းနှင့် ဖျက်ဆီးခြင်းလုပ်ရပ်များသည် ဒုက္ခ ဆင်းရဲခြင်းကာလတွင် အထွတ်အထိပ်သို့ရောက်နေလိမ့်မည်။ ထူးဆန်းသော နိမိတ်လက္ခဏာပြနိုင်သည့် တန်ခိုးရှင်၏ အထိမ်းအမှတ်တစ်ခုအဖြစ် သဘာဝလွန်ထူးခြားချက်များနှင့်ပြည့်စုံသည့် ကြောက်ရွံ့ဖွယ်မြင်ကွင်းများကို ကောင်းကင်ယံတွင် သူပြလိမ့်မည။ ကောင်းကင်အစိုးရနှင့် ဆိုင်ပြိုင်တိုက်ခိုက် နေသည့် ထိုနောက်ဆုံးသောတိုက်လှန်ပွဲတွင် စာတန်နှင့်ပူးပေါင်းကြဖို့ လူအများအား စည်းရုံးရန် နတ်ဆိုးဝိညာဉ်များသည် အစိုးရမင်းများထံသို့ လည်းကောင်း၊ ပြည်သူများထံသို့လည်းကောင်း ထွက်သွားကြလိမ့်မည်။ မိမိကိုယ်ကို ခရစ်တော်ဖြစ်သည်ဟု ကြွေးကြော်သူများလည်း ပေါ်ထွန်းလာ လိမ့်မည်။ ထိုသူများသည် သမ္မာကျမ်းစာနှင့် ဆန့်ကျင်ကာ လုပ်ဆောင်နေကြ လင့်ကစား မိမိတို့၌ ကောင်းကင်မှဗျာဒိတ်တော်ရှိသည်ဆိုလျက် အံဩဖွယ် ကုသမှုများကို လုပ်ဆောင်ကြလိမ့်မည်။HFB 680.1

    လှည့်ဖြားခြင်းအားလုံး၏အထွတ်အထိပ်အဖြစ် စာတန်သည် မိမိကိုယ်ကို ခရစ်တော်ယောင်ဆောင်လိမ့်မည်။ အသင်းတော်သည် ခရစ်တော် ကြွလာခြင်းကို အချိန်ကြာမြင့်စွာကတည်းက မြော်လင့်နေခဲ့ရာ ယခုတွင် စာတန်သည် ခရစ်တော်ကြွလာသည့်ပုံမျိုးပြုလုပ်လိမ့်မည်။ ဗျာဒိတ် ၁:၁၃-၁၅ တွင် ဖော်ပြထားသည် ခရစ်တော်၏ ပုံစံမျိုးအတိုင်း စာတန်သည် မိမိကိုယ်ကို အရှင်တစ်ပါးအလား အရောင်းအဝါ တောက်ပစွာဖြင့် ထင်ရှားပြပါလိမ့်မည်။HFB 680.2

    လူသားများမြင်ဖူးသည့်အထဲတွင် စာတန်၌ရစ်ပတ်နေသည့်ဘုန်းသည် အတောက်ပဆုံးဖြစ်နေရာ ‘‘ခရစ်တော်ကြွလာပြီ’’ ဟုပင် လူအများအော်ဟစ် ကြွေးကြော်ကြလိမ့်မည်။ လူတို့သည် သူ့ကိုပျပ်ဝပ်ကိုးကွယ်ကြလိမ့်မည်။ သူကလည်း လက်ကြီးမြှောက်ကာ ကောင်းချီးပေးလိမ့်မည်။ အလွန်မတန် ချိုသာသောအသံဖြင့် ခရစ်တော်ဖွင့်ဟခဲ့သည် ကျမ်းချက်များကို သူရွတ်ဆို လိမ့်မည်။ လူနာများကို သူကုသပေးရုံသာမက ခရစ်တော်အယောင်ဆောင်ကာ ဥပုသ်နေ့ကို ပထမနေ့သို့ပြောင်းလိုက်ပြီဖြစ်ကြောင်း သူကြေညာလိမ့်မည်။ သတ္တမနေ့ကို ဥပုသ်နေ့အဖြစ် စောင့်ရှောက်နေခြင်းသည် ဘုရား၏ နာမတော်ကို ရှုတ်ချနေခြင်းဖြစ်သည်ဟု သူကြွေးကြော်လိမ့်မည်။ ဤအရာသည် အလွန်ထိရောက်ထက်မြက်သော လှည့်ဖြားမှုကြီးဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ပါတကားဟု ရေရွတ်ကာ လူအများသည် သူ၏သွေးဆောင်မှုနောက်သို့ လိုက်ကြလိမ့်မည်။ တမန်၊ ၈:၁၀။HFB 681.1