Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခေတ်သစ်တစ်ခု၏ရှေ့တော်ပြေး

    ဘုရားသခင်သည် သမ္မာတရားနှင့်ဆိုင်သည့် နှုတ်ကပတ်တော်ကို ဝစ်ကလစ်နှုတ်တွင်သွင်းထည့်တော်မူ၏။ ဘာသာရေး ပြုပြင်ပြောင်းလဲရေးအတွက် အုတ်မြစ်ချထားပြီးသည့်အချိန်အထိ သူ့အသက်ကို ကာကွယ်ရန် သူ့လုပ်ငန်းများကို အဓွန့်ရှည်စေခဲ့ပါသည်။ ဘာသာရေးပြုပြင်ပြောင်းလဲမှု၏ဖခင်သည် ဝစ်ကလစ်ပင်ဖြစ်သည်။ သူသည် ခေတ်သစ်တစ်ခု၏ရှေ့တော်ပြေးတစ်ဦးလည်းဖြစ်သည်။ သူဟောကြားခဲ့သော သမ္မာတရားတွင် စည်းလုံးမှု၊ ပြည့်စုံမှုများနှင့် ပြီးလျက်ရှိရာ နောက်ပိုင်း ဘာသာရေးပြုပြင်ပြောင်းလဲရေးသမားများတွင် သူ့ထက်သာသောသူ မရှိသည့်အပြင် တချို့မှာ သူ့ကိုပင်မမီကြချေ။ သူတည်ဆောက်ခဲ့သော အခြေခံ မဏ္ဍိုင်သည် ခိုင်ခံ့၍မှန်ကန်သည်ဖြစ်ရာ နောက်ပိုင်းလူများအနေဖြင့် ပြန်၍ပြင်ဆင်ရန်ပင် မလိုတော့ပါချေ။HFB 78.3

    ရောမအသင်းတော်၏ ကာလကြာရှည်စွာ ထိန်းချုပ်ထားခြင်းမှ တိုင်းနိုင်ငံများလွတ်မြောက်ခွင့်ရရန် လုပ်ဆောင်ခဲ့သော ဝစ်ကလစ်၏ မဟာလှုပ်ရှားမှုကြီး၏ မူလအရင်းအမြစ်သည် သမ္မာကျမ်းစာမှလာပါသည်။ ၁၄ ရာစုမှ ယနေ့တိုင်အောင် ခေတ်အဆက်ဆက် ခံစားရသောကောင်းချီးမင်္ဂလာ များ၏ မြစ်ဖျားခံရာသည်လည်း ဤလှုပ်ရှားမှုကြီးပင်ဖြစ်ပါသည်။ ဝစ်ကလစ်သည် ရောမအသင်းတော်အား မမှားယွင်းနိုင်သော အုပ်ချုပ်ရေး အာဏာရှိသည့် အဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ယူရန် ပညာပေးခြင်း၊ နှစ်ပေါင်းများစွာကတည်းက သွန်သင်ခဲ့သောအရာများနှင့် ကျင့်ဆောင်ခဲ့သော ဓလေ့များအပေါ် သံသယကင်းသောရိုသေကိုင်းရှိုင်းမှုဖြင့်လက်ခံခြင်း စသည်တို့မှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားထောင်ခြင်းဘက်သို့ လူတို့အား လမ်းလွှပေးခဲ့ပါသည်။ ဘုရားသခင်သည် ရဟန်းမင်းကြီးမှတစ်ဆင့် အသင်းတော်အား မိန့်မြွက်နေခြင်းမဟုတ်ဘဲ နှုတ်ကပတ်တော်မှ တစ်ဆင့် မိန့်မြွက်နေကြောင်း သူဖွင့်ဆိုခဲ့ပါသည်။ ကျမ်းစာ၏အနက် အဓိပ္ပါယ်ကို မစပေးသူမှာ သန့်ရှင်းသောဝိညာဉ်တော်သာဖြစ်ကြောင်းကိုလည်း သူသွန်သင်ခဲ့ပါသည်။HFB 79.1

    ဝစ်ကလစ်သည် ဘာသာရေးပြုပြင်ပြောင်းလဲရေးသမားကြီးများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူ့ခြေရာကိုနင်းနိုင်သူအလွန် နည်းပါးပါသည်။ အသက်တာစင်ကြယ်မှု၊ လေ့လာလုပ်ဆောင်ခြင်းများ၌ မမှိတ်မသုန်ကြိုးစားမှု၊ သမာဓိအပိုင်းတွင် ဖေါက်ပြန်ခြင်းမရှိမှုနှင့် ခရစ်တော်ကဲ့သို့ချစ်ခင်တတ်မှု များသည် သူ၏ထူးခြားများဖြစ်သည်။HFB 80.1

    သူ့အား ထို့ကဲ့သို့သောလူတစ်ယောက်ဖြစ်စေခဲ့သောအရာမှာ သမ္မာကျမ်းစာပင်ဖြစ်သည်။ မြင့်မြတ်သောတွေးခေါ်မှု၊ ခံစားမှုနှင့် အာသီသ ပြင်းပြမှု စသည့်မည်သည့်စာပေကမှ မဖြည့်စွမ်းနိုင်သော အရာများကို သမ္မာကျမ်းစာပေးစွမ်းနိုင်ပါသည်။ အကြံအစည်၊ ရဲရင့်ခြင်းနှင့် ဇွဲသတ္တိတို့ကို တည်ငြိမ်မှုရှိအောင်လည်း သမ္မာကျမ်းစာက တတ်နိုင်ပါသည်။ သမ္မာကျမ်းစာကို စိတ်ရောကိုယ်ပါလေ့လာခြင်း၊ ရိုသေကိုင်းရှိုင်းစွာ လေ့လာခြင်းများအပြင် ကမ္ဘာကြီးတွင် ခိုင်မာသောဉာဏ်ပညာများနှင့် ပြည့်စုံသူများကို ပေါ်ထွန်းစေပါသည်။ ထိုသူများသည် လူသားများ၏ အတွေးအခေါ်မြော်မြင်မှုများကြောင့် ဖြစ်ပေါ်လာသော အကောင်းဆုံး သင်တန်းကျောင်းမှ အောင်မြင်လာသော သူများထက် အမြဲတမ်းသာလွန် နေပါသည်။HFB 80.2

    ဝစ်ကလစ် (Wycliffites and Lollards) ဟု အမည်ရသော ဝစ်ကလစ်နောက်လိုက်များသည် တိုင်းပြည်အနှံ့သို့ရောက်ရှိသွားကြရာ ၎င်းတို့နှင့်အတူ ဧဝံဂေလိသတင်းစကားကို ယူဆောင်သွားခဲ့ကြပါသည်။ ယခုတွင် ၎င်းတို့၏ခေါင်းဆောင်ကြီး မရှိတော့ပြီဖြစ်သဖြင့် သူတို့သည် ယခင်ကထက်ပို၍ ကြိုးစားလုပ်ဆောင်လာကြပါသည်။ လူအများသည် သူတို့၏တရားကိုနာကြားလာကြရာ ထိုသူများထဲတွင် ဘုရင့်မိဖုရားအပါအဝင် မှူးတော်မတ်တော်များပါဝင်ကြပါသည်။ ၎င်းတို့မှ တချို့သည် ခရစ်ယာန်ဖြစ်လာကြပါသည်။ ရောမအသင်းတော်၏ရုပ်တု ကိုးကွယ်ခြင်းအထိမ်းအမှတ်များကို နေရာများစွာရှိ ဘုရားကျောင်းများမှ ဖယ်ရှားပစ်ခဲ့ကြပါသည်။HFB 80.3

    သို့ရာတွင် မကြာမီတွင်ပင် သမ္မာကျမ်းစာအား မိမိတို့၏ လမ်းပြအဖြစ် လက်ခံဝံ့သူများအပေါ်သို့ အကြင်နာမဲ့နှိပ်စက်ညှဉ်းပန်းခြင်း ကျရောက်လာ ပါတော့သည်။ အင်္ဂလန်တွင် ဧဝံဂေလိတရားဟောဆရာများအား ကပ်တိုင်တင်သတ်ရန်အမိန့်သည် သမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာခဲ့ပါသည်။ ဘာသာရေးအာဖာနည်များ တစ်ယောက်ပြီး တစ်ယောက် ခရစ်တော်၌ အိပ်ပျော်ခဲ့ကြရပါသည်။ ရဟန်းမင်း၏ အသင်းတော်၏ ရန်သူများ၊ သစ္စာဖောက်များအဖြစ် လိုက်လံသတ်ဖြတ် နေသည့်ကြားမှပင် သမ္မာတရားပို့ဆောင်သူများသည် ဆင်းရဲသားများ၏ နေအိမ်များတွင် တည်းခိုလျက်၊ မြေတွင်းများ၊ ဂူများတွင် ခိုအောင်းလျက် လျှို့ဝှက်ချိန်းဆိုထားသည့်နေရာများတွင် တရားဟောခဲ့ကြပါသည်။HFB 81.1

    ဘာသာရေးယုံကြည်မှုဖေါက်ပြန်ပျက်စီးခြင်းများကို ငြိမ်သက် စိတ်ရှည်စွာကန့်ကွက်မှုများသည် ရာစုနှစ်များစွာ ဆက်လက်ဖြစ်ပွားခဲ့ပါသည်။ ထိုရှေးဦးခေတ်ခရစ်ယာန်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှစ်ခြိုက်စွာလေ့ကျက်ခဲ့ကြပြီး သမ္မာတရားအတွက် အနစ်နာခံခဲ့ကြပါသည်။ လူပေါင်းမြောက်မြားစွာတို့သည် ခရစ်တော်အတွက် စည်းစိမ်ဥစ္စာများကို စွန့်လွှတ်ခဲ့ကြပါသည်။ မိမိ၏နေအိမ် များတွင် ဆက်လက်နေထိုင်ခွင့် ရရှိကြသူများသည်လည်း ပြည်နှစ်ဒဏ် ထိသော ညီအစ်ကိုများကို အတူနေထိုင်ခွင့်ပေးကြကာ သူတို့ကိုယ်တိုင် အနှစ်ထုတ်ခံကြရသောအခါတွင်လည်း အနှင်ခံဘဝကို ကျေနပ်စွာ လက်ခံခဲ့ကြပါသည်။ ကိုယ်တော်၏ဒုက္ခဝေဒနာများကို မျှဝေခံစားသူများဟု အခေါ်ခံရသည်ကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် လက်ခံလျက် သမ္မာတရားကို ရဲရင့်စွာသတ်သေခံခဲ့ခြင်းကြောင့် အချုပ်အနှောင်ခံရသူများ၊ အညှဉ်းဆဲ ခံရသူများ၊ မီးလောင်တိုက်သွင်း ခံရသူများမနည်းလှချေ။HFB 81.2

    ဝစ်ကလစ်၏အလောင်းကို သင်္ချိုင်းထဲတွင် မြှုပ်နှံနိုင်ရုံနှင့် ရဟန်းမင်းအဖွဲ့သည် မကျေနပ်သေးချေ။ သူသေဆုံးသွားပြီးသည့်နောက် အနှစ် (၄၀) ကျော်အချိန်တွင် သူ၏အရိုးများကို လူသိရှင်ကြားမီးရှို့ကာ ပြာများကို ချောင်းတစ်ချောင်းထဲသို့ သွန်ပစ်ခဲ့ပါသည်။ ဤချောင်းကလေးက သူ၏ပြာများကို အာဗွန်မြစ်သို့ လည်းကောင်း၊ အာဗွန်မြစ်မှ ဆက်ဗန်မြစ်၊ ထိုမှတစ်ဆင့် ပင်လယ်ကျဉ်း၊ ထိုမှတစ်ဆင့် သမုဒ္ဒရာထဲသို့ သယ်ဆောင်သွားကြ၏။ ဤနည်းအားဖြင့် ဝစ်ကလစ်၏ပြာများနှင့်တူသော သူ၏ယုံကြည်ချက်များသည် ယခုတွင် ကမ္ဘာအနှံ့သို့ပျံ့နှံ့သွားခဲ့သည်’’ ဟု ရှေးစာရေးဆရာကြီးတစ်ဦးက ရေးသားခဲ့ဖူးသည်။HFB 82.1

    ဘူဟီးမီးယားမှ ဂျွန်ဟပ်စ်သည် ဝစ်ကလစ်၏စာများကိုဖတ်ကာ ရောမအသင်းတော်၏ မှားယွင်းမှုများကို စတင်ဆန့်ကျင်လာပါသည်။ ဘူဟီးမီးယားမှတစ်ဆင့် အမှုတော်သည် အခြားတိုင်းပြည်များသို့ ပျံ့နှံ့သွားပါသည်။ ဘုရားသခင်၏ လက်တော်သည် မဟာဘာသာရေး ပြုပြင်ပြောင်းလဲမှုကြီးအတွက် လမ်းများကို ပြင်ဆင်တော်မူလျက်ရှိပါသည်။HFB 82.2

    *****