Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ပစားပေးသောလက်မှတ်များရောင်းချခြင်း
    (Indulgences for Sale)

    ရောမအသင်းတော်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ကုန်ပစ္စည်းတစ်ခုအသွင်းသို့ ရောက်သွားစေခဲ့သည်။ ရောမမြို့တွင် ဆောက်လုပ်မည့် စိန့်ပီတာဘုရားကျောင်းအတွက် လိုအပ်သော ရန်ပုံငွေများကို ရှာဖွေသည့်အနေဖြင့် ရဟန်းမင်း၏အမိန့်အရ အပြစ်မှပစားပေးခြင်းလက်မှတ် များကိုရောင်းချခဲ့ပါသည်။ ရာဇဝတ်မှုများမှရသည့် အဖိုးအခဖြင့် ဘုရားသခင်ကို ဝတ်ပြုမည့် ဘုရားကျောင်းတစ်ဆောင် ဆောက်လုပ်ရန်ဖြစ်သည်။ ဤအချက်သည် ရဟန်းမင်းအား ဆန့်ကျင်သူများ အတွက် အောင်မြင်မှုကြီးတစ်ခုဖြစ်သည်။ ဤအချက်ကြောင့် ရဟန်းမင်း၏ အုပ်ချုပ်ရေးနှင့် ရဟန်းမင်း၏ ဦးခေါင်းပေါ်က ဘုံသုံးဆင့်ပါသရဖူကြီးကို လှုပ်ရှားသွားစေမည့် တိုက်လှန်ပွဲကြီးအစပျိုးခဲ့ရပါသည်။HFB 119.1

    ဂျာမနီပြည်တွင် အပြစ်မှပစားပေးခြင်းလက်မှတ်များရောင်းရန် တရားဝင်ခန့်အပ်ခြင်းခံရသော တက်ဇယ်ဆိုသည့် ပုဂ္ဂိုလ်သည် လူ့အသိုက်အဝန်းနှင့်သော်လည်းကောင်း၊ ဘုရားသခင်၏ ပညတ်တော်နှင့် သော်လည်းကောင်း ဆန့်ကျင်ပြီး ယုတ်ညံ့သည့်ပြစ်မှုများအတွက် ပြစ်ဒဏ်စီရင်ခြင်းခံရသော်လည်း ငွေကြေးရရှိရေးကိုသာ မျှော်ကိုးပြီး လုပ်ဆောင်သည့်ရဟန်းမင်း၏ စီမံကိန်းများကို ဂျာမနီပြည်တွင် အကောင် အထည်ဖေါ်ရန် ခန့်အပ်ခြင်းခံရပါသည်။ သူသည်ပညာမဲ့၍ အယူသီးသော လူများကို လှည့်စားရန် အံ့ဖွယ်ပုံပြင်များနှင့် အထင်ကရဖြစ်သော မှားယွင်းမှု များကို ထပ်ခါတလဲပြောဆိုခဲ့ပါသည်။ အကယ်၍သာ လူထုကြီးသည် ကျမ်းစာကို လက်ဝယ်ထားနိုင်ပါက ထိုသို့ အလိမ်ခံရမည်မဟုတ်ပါ။ သို့သော် သူတို့၌ ကျမ်းစာ မရှိကြချေ။HFB 119.2

    မြို့တစ်မြို့သို့ တက်ဇယ်ဝင်သည့်အခါတိုင်း ရှေ့ပြေးတစ်ယောက်သည် ၎င်း၏ရှေ့မှအရင်သွားနှင့်ကာ ‘‘ဘုရားသခင်နှင့် သန့်ရှင်းသောအဖထံမှ ကျေးဇူးတော်သည် မြို့တံခါး၌ ရောက်ရှိနေပြီ’’ ဟု ဟစ်ကြွေး၏။ လူထုကြီးသည် ဘုရားသခင်ကို စော်ကားသည့် ထိုဟန်ဆောင်သမားများကို ဘုရားသခင်ကိုယ်တော်တိုင်ကို ကြိုဆိုသကဲ့သို့ ကြိုဆိုခဲ့ကြပါသည်။ တက်ဇယ်သည် ဘုရားဝတ်ပြုကျောင်း စင်မြင့်ပေါ်သို့တက်ကာ အပြစ်မှပစားပေးသည့် လက်မှတ်များကို ဘုရားသခင်ထံမှရသည့် အဖိုးတန် ဆုကျေးဇူးများအလား ချီးမွမ်းထောမနာ ပြုတတ်ပါသည်။ အပြစ်လွှတ်ခြင်းဆိုင်ရာ ဤလက်မှတ်ကြောင့် လက်မှတ်ဝယ်သူက နောက်ပိုင်းတွင် ကျူးလွန်လိုသည့်အပြစ်များ အတွက်လည်း ဖြေလွှတ်ခြင်း ခံရမည်။ နောင်တရစရာလည်းမလိုတော့ပါဟု သူကြွေးကြော်၏။ ဤလက်မှတ်သည် လူသေများကိုပင် ကယ်တင်နိုင်သည့် တန်ခိုးရှိကြောင်း၊ လက်မှတ်ဝယ်သူက ပေးသောအသပြာကလေး၊ ဤငွေသေတ္တာထဲသို့ ကျသွားသံ ထွက်ပေါ်လာသည့် အချိန်ကလေးမှာ ကိုယ်စားပြုလက်မှတ် ဝယ်ပေးခြင်း ခံရသည့် ကွယ်လွန်သူသည် ငရဲမှလွတ်မြောက်ကာ ကောင်းကင်ခရီးကို ရှေးရှု နေပါသည်ဟု သူအာမခံခဲ့ပါသည်။ သို့နှင့် ရွှေငွေများသည် တက်ဇယ်၏ငွေသေတ္တာထဲသို့ ကျရောက်လာ ကြပါသည်။ ငွေဖြင့်ဝယ်ယူသော ကယ်တင်ခြင်းသည် နောင်တရခြင်း၊ ယုံကြည်ခြင်း၊ အပြစ်ကိုတွန်းလှန်အောင်မြင်ရန် ကြိုးစားခြင်းအားဖြင့် ကျင့်ယူသောကယ်တင်ခြင်းထက် ရရှိဖို့ပို၍ လွယ်ကူသည်။ (The Catholic Encyclopedia, art, “Indulgence,” Vol. VII; A. H. Newman, A Manual of Church History, Vol. II, pp. 53, 54, 62.)HFB 120.1

    လူးသာသည် အလွန်ကြောက်လန့်သွားပါသည်။ သူ့အသင်းသား တော်တော်များများသည် ထိုလက်မှတ်များကို ဝယ်ခဲ့ကြချေပြီ။ မကြာမီမှာပင် သူတို့သည် လူးသာထံသို့လာ၍ အပြစ်များကိုဝန်ချကာ အပြစ်လွှတ်ကြောင်း မိန့်ဆိုပေးရန် တောင်းပန်ကြသည်။ ထိုသို့တောင်းပန်ရာ၌ နောင်တရသဖြင့် တောင်းပန်ခြင်းမဟုတ်။ ပြုပြင်ပြောင်းလဲချင်သဖြင့် တောင်းပန်ခြင်းမဟုတ်ပါ။ အပြစ်မှပစားပေးသည့် လက်မှတ်လက်ဝယ်ရထားသည့် အကြောင်းပြချက်ဖြင့် အပြစ်လွှတ်ခြင်းကို တောင်းဆိုနေခြင်းဖြစ်သည်။ နောင်တရ၍ ပြောင်းလဲ ခြင်းများမရှိလျှင် အပြစ်ကြောင့် ပျက်စီးကြလိမ့်မည်ဟု လူးသာသည် ၎င်းတို့အား ငြင်းဆိုသတိပေးလိုက်ရာ ထိုသူများသည် တက်ဇယ်ထံသို့သွား၍ ၎င်းတို့၏ဆရာက ထိုလက်မှတ်များကို အသိအမှတ်မပြုကြောင်း ပြောဆိုကြ ပါသည်။ အချို့ကလည်း လက်မှတ်ဖိုးပေးထားသည့် ပိုက်ဆံကိုပြန်ပေးရန် ရဲဝံ့စွာတောင်းဆိုကြပါသည်။ ထိုအခါတက်ဇယ်သည် ဒေါသအမျက် ခြောင်းခြောင်းထွက်လျက် ဆိုးရွားသောကျိန်ဆဲမှုများကို ပြုပါသည်။ ထိုနောက် လူထုပန်းခြံများတွင် မီးများထွန်းကာ ‘‘သန့်ရှင်းသော ဤလက်မှတ်များကို ဆန့်ကျင်ရဲသော ဖေါက်ပြန်ရေးသမားအားလုံးကို မီးရှို့သတ်ရန် ရဟန်းမင်း၏ အမိန့်ကို ရရှိထားကြောင်း’’ သူဟစ်ကြွေးပါတော့သည်။HFB 121.1

    Larger font
    Smaller font
    Copy
    Print
    Contents