Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကြောက်စရာအကျပ်အတည်းကာလ

    ဘာသာရေးပြုပြင်ပြောင်းလဲရေးအတွက် ကြောက်စရာအကျပ် အတည်းကာလတွင် ရောက်နေပါသည်။ အခြေအနေဆိုး ဖြစ်ပေါ်နိုင်သည်ကို လူးသာမမြင်မသိသည့်အတွက်ကြောင့် မဟုတ်ပါ။ ခရစ်တော်အား မိမိ၏ အထောက်အမ၊ အကာအကွယ်ဖြစ်သည်ဟု သူယုံကြည်ကိုးစားနေသောကြောင့် ဆက်လက်လှုပ်ရှားနေခြင်းဖြစ်သည်။ ‘‘ဘာတွေဖြစ်လာမယ်ဆိုတာ ကျွန်ုပ်မသိဘူး။ သိအောင်လည်း မကြိုးစားဘူး။ သစ်ရွက်ကလေး တစ်ရွက်တောင်မှ အဖဘုရားအလိုတော်မရှိလျှင် မကြွေကျရဘူး။ ကိုယ်တော်ဟာ ကျွန်ုပ်ကို ဘယ်လောက်များတောင် ဂရုပြုစောင့်ရှောက်တော် မူလိမ့်မလဲ။ နှုတ်ကပတ်တော်ဟာ လူဇာတိကိုခံယူပြီး ကျွန်ုပ်တို့အတွက် အသေခံတော်မူခဲ့တာကြောင့် နှုတ်ကပတ်တော်အတွက် အသေခံရမှာပြဿနာ မရှိပါဘူး’’ ဟု သူဖွင့်ဟခဲ့သည်။HFB 136.2

    ရဟန်းမင်း၏အမိန့်စာသည် လူးသာထံသို့ရောက်လာသောအခါ သူက ‘‘ကျွန်ုပ်ဟာ ဒီအမိန့်ကို ဂရုမစိုက်ဘူး။ ဘုရားတရားမဲ့မှားယွင်းမှုတစ်ခုအဖြစ် တိုက်လှန်မယ်။ ဒီအထဲမှာ ပြစ်ဒဏ်စီရင်ခြင်းခံနေရတာက ခရစ်တော်ကိုယ်တော်တိုင်ဖြစ်တယ်။ ကျွန်ုပ်ရဲ့ စိတ်နှလုံးကတော့ အနှောင်အဖွဲ့ ကင်းနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ရဟန်းမင်းဟာ အန္တီခရစ်ဖြစ်ပြီး သူစွဲကိုင်ထားတဲ့ အာဏာတန်ခိုးဟာ စာတန်ကိုယ်တိုင်ရဲ့ အာဏာတန်ခိုး ဖြစ်နေတာကို အဆုံးကျမှ ကျွန်ုပ်သိခဲ့ရတယ်’’ ဟု ပြောကြားခဲ့သည်။HFB 137.1

    သို့စေကာမူ ရောမမှထုတ်ပြန်သည့်အမိန့်မှာအကျိုးသက်ရောက်မှု မရှိခဲ့ သည်တော့မဟုတ်ပါချေ။ အားနည်းပြီးအယူသီးသူများမှာ ရဟန်းမင်း၏အမိန့် ထုတ်ပြန်ချက်ကြောင့် ကြောက်ရွံ့တုန်လှုပ်လာကြသည်။ အသက်သည် တန်ဖိုး ရှိလှသဖြင့် မစွန့်စားသင့်ဟု လူအများကယူဆကြသည်။ လူးသာ၏ ဘာသာ ရေးပြုပြင်ပြောင်းလဲရေးအလုပ်မှာ ဤမျှနှင့်ပင်ရပ်ဆိုင်းသွားတော့မည်လား။HFB 137.2

    လူးသာသည် ယခုတိုင်အောင် ကြောက်ရွံ့ခြင်းကင်းမဲ့ဆဲဖြစ်၏။ သူသည် ကြောက်လန့်စရာ တန်ခိုးအာဏာကို အသုံးပြုချက် ရောမအသင်းတော်ကို ပြန်လည်ပြစ်တင်ရှုတ်ချခဲ့ပါသည်။ လူတန်းစားအလွှာ အသီးသီးဖြင့် ပါဝင်ပေါင်းစပ်လျက်ရှိသော လူထုကြီးရှေ့တွင် ရဟန်းမင်းကြီး ပေးပို့လိုက်သောအမိန့်စာကို မီးရှို့ပစ်လိုက်ပါသည်။ ‘‘ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု တော့ အခုစပြီ။ အခုချိန်ကစပြီး ကျွန်တော်ကတော့ ရဟန်းမင်းနဲ့ကစားနေပြီ။ ဒီအလုပ်ကို ဘုရားသခင်ရဲ့ နာမတော်နဲ့ ကျွန်တော်စခဲ့တယ်။ ဒီအလုပ်ကို ကျွန်တော့်ခွန်အားနဲ့ အဆုံးမသတ်ဘဲ ကိုယ်တော်ရဲ့တန်ခိုးတော်နဲ့ အဆုံးသတ်မယ်။ ဘုရားသခင်က ကျွန်တော့်ကို ရွေးချယ်ခဲ့တာ၊ ခေါ်တော်မူခဲ့တာ ဟုတ်မဟုတ် ဘယ်သူသိသလဲ။ ကျွန်တော့်ကိုစော်ကားခြင်းအားဖြင့် သူတို့ဟာ ဘုရားသခင်ကိုယ်တော်တိုင်ကို စော်ကားနေတာကိုကော သူတို့စိုးရိမ်မှုရှိမရှိ ဘယ်သူသိသလဲ။HFB 137.3

    ဘုရားသခင်ဟာ ယဇ်ပုရောဟိတ်ကြီးတွေ၊ အဆင့်အတန်းမြင့်သူတွေ ထဲကနေ ပုရောဖက်ကို ဘယ်တုန်းကမှမရွေးချယ်ခဲ့ဖူးဘူး။ သိုးကျောင်းသား အာမုတ်တို့လို သာမန်နိမ့်ကျတဲ့လူတန်းစားထဲကပဲ ပုရောဖက်တွေကို ကိုယ်တော်ရွေးချယ်ခဲ့တယ်။ ခေတ်အဆက်ဆက်မှာ သူတော်စင်များဟာ အသက်အန္တရာယ်ရှိတဲ့ကြားက ရှင်ဘုရင်တို့၊ မင်းညီမင်းသားတွေနဲ့တကွ ယဇ်ပုရောဟိတ်တွေ၊ ပညာရှိတွေကို ဆုံးမခဲ့ကြရတယ်။ ကျွန်တော်ဟာ ပုရောဖက်တစ်ပါးလို့တော့ မပြောလိုပါဘူး။ ကျွန်တော်ပြောချင်တာက ကျွန်တော်က တစ်ယောက်တည်းဖြစ်ပြီး သူတို့ကအများဖြစ်နေလို့ကိုး။ သူတို့ကြောက်သင့်၊ စိုးရိမ်သင့်တယ်။ ကျွန်တော်သေချာပေါက် ပြောနိုင်တာ တစ်ခုကတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ ကျွန်တော်နဲ့အတူရှိတယ်။ သူတို့နဲ့တော့ အတူမရှိဘူးဆိုတာပါဘဲ’’ ဟု လူးသာဖွင့်ဟခဲ့ပါသည်။HFB 138.1

    ထိုအသင်းတော်နှင့်လမ်းခွဲရန် ဆုံးဖြတ်ခြင်းအတွက် လူးသာအနေနှင့် အကြီးအကျယ်ရုန်းကန်ခဲ့ရပါသည်။ ‘‘ရဟန်းမင်းကို အန္တီခရစ်လို့ဖွင့်ဆိုကာ တစ်ကိုယ်တည်းရင်ဆိုင်ရဲအောင် မှန်ကန်ကြောင်းသက်သေပြနိုင်ဖို့ သမ္မာကျမ်းစာဟာ ကျွန်တော့်ဘက်မှာ ရှိသော်လည်း ဒီလိုလုပ်ရတဲ့အတွက် တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ဘုရားသခင်တစ်ဆူတည်းသာ ဉာဏ်ပညာနှင့်ပြည့်စုံတယ်မဟုတ်လား။ လူတိုင်းဟာ မှားတတ်ပါတယ်။ ကိုယ်တော်ရှင်ကိုယ်တိုင်က မှားနေရင်သော် လည်းကောင်း၊ ကိုယ်တော်ဟာ အသက်ဝိညာဉ်များအပေါ်မှာ မှားယွင်းစွာ လုပ်ဆောင်မိရင်သော်လည်းကောင်း၊ ကိုယ်တော်တိုင်က ထာဝရဆုံးရှုံးမှုထဲ ကျရောက်နေရင်သော်လည်းကောင်း ဘယ့်နှယ်လုပ်ပါတော့မလဲဆိုတဲ့ မေးခွန်းကို ကျွန်တော့ကိုကျွန်တော် တဖွဖွခါးသီးစွာမေးခဲ့မိတယ်မဟုတ်လား။ ကျွန်တော်ဟာ ကိုယ့်ကိုကိုယ်နဲ့လည်း တိုက်ပွဲဝင်ခဲ့ရတယ်။ စာတန်နဲ့လည်း တိုက်ပွဲဝင်နေရတယ်။ ခရစ်တော်က နှုတ်ကပတ်တော်အားဖြင့် ကျွန်တော် စိတ်နှလုံးကို ခိုင်မာအောင်ဆောက်တည်ပေးပြီးသည့် အချိန်အထိပေါ့’’ ဟု မာတင်လူးသာဖွင့်ဆိုခဲ့ပါသည်။HFB 138.2

    လူးသာအား ဘုရားသခင်၏ ကျိန်စာသင့်သူဟူ၍လည်းကောင်း၊ သူ၏ ယုံကြည်ချက်များကို လက်ခံသူများအားလည်း ကျိန်စာသင့်သူများအဖြစ် ဖွင့်ဆိုလျက် သူ့အားအသင်းတော်မှလမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာသည့် နောက်ထပ်အမိန့်စာတစ်စောင် ထွက်ပေါ်လာပြန်ပါသည်။HFB 139.1

    ခေတ်အခါအလိုက် အထူးအရေးပါသော သတင်းစကားများကို ဟောကြားရန် ခန့်အပ်ခြင်းခံရသူများအားလုံးသည် ဆန့်ကျင့်တိုက်လှန်သူများ နှင့် ရင်ဆိုင်ကြရမည်သာတည်း။ လူးသာအချိန်က အမှန်တရား ရှိခဲ့သည့်နည်းတူ ယခုခေတ်အသင်းတော်၌လည်း အမှန်တရား ရှိပါသည်။ သို့သော် လူးသာခေတ်က ရဟန်းမင်းအဖွဲ့ ဆန့်ကျင်သည်ထက် ယခုခေတ် လူအများစုသည် သမ္မာတရားကို ဆန့်ကျင်နေကြပါသည်။ လူအများစုက သမ္မာတရားကို ဝမ်းပန်းတသာ လက်ခံကြလိမ့်မည်ဟု ယခုခေတ်ဓမ္မဆရာများ မမျှော်လင့်သင့်ချေ။ ခေတ်ကာလအဆုံးသို့ရောက်ခါနီး လေလေ၊ အမှန်နှင့်အမှား၊ ခရစ်တော်နှင့် စာတန်အကြား တိုက်လှန်မှုကြီးသည် ပို၍ပြင်းထန်လာလေလေ ဖြစ်နေပါသည်။HFB 139.2

    *****