Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အခန်း (၂) - သစ္စာရှိ−ရှေးဦးခရစ်ယာန်အစစ်အမှန်များ

    ခရစ်တော်သည် မိမိကောင်းကင်သို့တက်ကြွသွားပြီးသည့် အချိန်မှစ၍ ဒုတိယအကြိမ်ကြွလာမည့်အချိန်အထိ မိမိလူတို့ ရင်ဆိုင်ရမည့်အရာများကို တပည့်တော်များအား ဖေါ်ပြတော်မူခဲ့သည်။ ကိုယ်တော်သည် နှိပ်စက်ညှဉ်းပန်းခြင်း ကာလအတွင်း မိမိနောက်လိုက်များအပေါ် ကျရောက်မည့် ပြင်းထန်သည့်ဒုက္ခလှိုင်းတံပိုးများကိုလည်း အနာဂတံသ ဉာဏ်တော်အားဖြင့် သိမြင်တော်မူခဲ့သည်။ မဿဲ ၂၄:၉၊ ၂၁၊ ၂၂။ ခရစ်တော်၏နောက်လိုက်အပေါင်းသည် မိမိတို့၏သခင်လျှောက်လှမ်းခဲ့သော ပြစ်တင်ဝေဖန်ခြင်းနှင့် ဒုက္ခဆင်းရဲခြင်းလမ်းကို လျှောက်ကြရမည်။ ကယ်တင်ရှင်အပေါ်ထားသည့် စာတန်၏ရန်ညှိုးသည် နာမတော်ကို ယုံကြည်သူအပေါင်းအပေါ်၌လည်း ထင်ရှားလိမ့်မည်။HFB 20.1

    ဧဝံဂေလိသတင်းစကားပျံ့နှံ့သွားခဲ့ပါလျှင် မိမိတို့၏ ဘုရား ကျောင်းများနှင့် ယဇ်ပလ္လင်များသည် ဖယ်ရှားခြင်းခံရမည်ကို ဗာဟီရ ဝါဒီများက သိထားသောကြောင့် နှိပ်စက်ညှဉ်းပန်းခြင်းမီးကို မွှေးပေး ခဲ့ကြပါသည်။ ခရစ်ယာန်များသည် ဥစ္စာပစ္စည်းများ အသိမ်းခံရရုံ သာမကမိမိတို့နေအိမ်များမှလည်း နှင်ထုတ်ခြင်းခံခဲ့ကြရသည်။ သခင် ခရစ်ယာန်နှင့် ကျွန်ခရစ်ယာန်များ၊ သူဌေးခရစ်ယာန်နှင့် ဆင်းရဲသား ခရစ်ယာန်များ၊ ပညာတတ်ခရစ်ယာန်နှင့် ပညာမဲ့ခရစ်ယာန်များစသည့် ခရစ်ယာန်များစွာတို့သည် အကြင်နာမဲ့သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။HFB 20.2

    နီရိုးဘုရင်မှအစပျိုးလိုက်သည့် နှိပ်စက်ညှဉ်းပန်းခြင်းများသည် ရာစုနှစ်များစွာ ဆက်လက်တည်ရှိသွားခဲ့ပါသည်။ ခရစ်ယာန်များကြောင့်ငတ်မွတ် ခေါင်းပါးခြင်း၊ ကပ်ရောဂါများခံစားရခြင်း၊ မြေငလျင် လှုပ်ခြင်းများ ဖြစ်ရသည်ဟု မှားယွင်းစွာစွပ်စွဲကာ သူခိုးဓားပြများကို ပြုသကဲ့သို့ နှိပ်စက်ညှဉ်းပန်းရန် သတင်းပေးသူများ အဆင်သင့်ရှိခဲ့ကြပါသည်။ ခရစ်ယာန်များစွာတို့သည် ဘဲဥပုံအားကစားကွင်းကြီး များ၌ အရှင်လတ်လတ် ခြင်္သေ့စာ၊ ကျားစာအကျွေးခံခဲ့ကြရပါသည်။ တချို့မှာကပ်တိုင်တင်၍ အသတ်ခံရပြီး တချို့မှာမူ သားရိုင်းအရေခွံများခြုံပေးကာ တောခွေး များအကြားအချခံရသဖြင့် တောခွေးကိုက်ခြင်းကိုခံရကာ အသေဆိုးနှင့်သေခဲ့ရ ပါသည်။ ကြီးစွာသောလူထုကြီးသည် လဟာပြင်ပျော်ပွဲရွှင်ပွဲ ကျင်းပသော နေရာများတွင် ထိုအနိဋ္ဌာရုံမြင်ကွင်းများကို ကြည့်ပြီး သေမင်းတမန် ဟစ်အော်ငိုကြွေးသံများကို နားသောတဆင်ကာ ရယ်မောပျော်ရွှင်စွာဖြင့် အရသာခံ ကြပါသည်။HFB 21.1

    ခရစ်တော်၏နောက်လိုက်များသည် လုံခြုံဆိတ်ငြိမ်ရာနေရာ များကို မဖြစ်မနေ ရှာဖွေခိုလှုံရပါတော့သည်။ ရောမမြို့အပြင်ဘက်ရှိ မြို့ရိုးမှ မိုင်ပေါင်းများစွာဝေးကွာသော နေရာများ၌ တည်ရှိသော တောင်ကုန်းများတွင် လိုဏ်ဂူများတူးဖေါ်တည်ဆောက်ကာ ခရစ်ယာန် များနေထိုင်ခဲ့ကြရပါသည်။ “ခရစ်တော်၏ နာမကြောင့်နှိပ်စက်ညှဉ်းပန်းခြင်း ခံရသောအခါ ဝမ်းမြောက်ခြင်း ရှိကြလော့။ ကောင်းကင်ဘုံ၌ ၎င်းတို့အတွက် အကျိုးသည် ကြီးမားလှ၏။ ရှေးအခါက ပေါ်ထွန်းခဲ့သောပုရောဖက်များသည်လည်း ဤနည်းအတူ ညှဉ်းဆဲခြင်းခံခဲ့ရပြီ” ဟူသောဘုရားသခင်၏ နှုတ်ထွက်စကားများကို ထိုနေရာများ၌ပင် သူတို့ပြန်လည် အောက်မေ့သုံးသပ်ခဲ့ကြပါသည်။HFB 21.2

    မီးတောက်မီးလျှံများကြားမှ ထွက်ပေါ်လာသောအောင်မြင်ခြင်း သီချင်းသံများသည် ကောင်းကင်သို့တက်လျက်ရှိသည်။ ၎င်းတို့၏ တည်ကြည်သစ္စာရှိမှုကို စိတ်ဝင်တစား ကျေကျေနပ်နပ်ကြည့်နေသော ခရစ်တော်နှင့်တကွ ကောင်းကင်တမန်များကိုလည်း ယုံကြည်ခြင်း အားဖြင့် သူတို့မြင်တွေ့ခဲ့ရသည်။ “သေသည်တိုင်အောင် သစ္စာရှိလော့။ သို့ဖြစ်လျှင် အသက်သရဖူကိုငါပေးမည်” ဟူသောကောင်းကင်မှ အသံကိုလည်း သူတို့ကြားခဲ့ရသည်။HFB 22.1

    ဘုရားသခင်၏အသင်းတော်ကို အကြမ်းဖက်၍ ဖျက်ဆီးရန် စာတည်ကြိုးစားခဲ့သော်လည်းအချည်းနှီးသာဖြစ်ခဲ့၏။ ဘုရားသခင်၏ လုပ်သားများသည် အသတ်ခံခဲ့ကြရ သော်လည်း ဧဝံဂေလိသတင်း စကားသည် ဆက်လက်ပျံ့နှံ့နေသကဲ့သို့ ယုံကြည်သူများသည်လည်း ဆက်လက် တိုးပွားနေပါသည်။ “ကျွန်ုပ်တို့အား အဖန်တလဲချိုးနှိမ် သတ်ဖြတ်သည်နှင့်အမျှ ပို၍များပြားသောယုံကြည်သူများသည် ပို၍တိုးပွားမည်သာတည်း။ ခရစ်တော်၏ အသွေးတော်သည် မျိုးစေ့ဖြစ်တော်မူ၏” ဟု ခရစ်ယာန်တစ်ဦးက ဖွင့်ဆိုခဲ့ပါသည်။HFB 22.2

    ထိုကြောင့် စာတန်သည် အကြမ်းနည်းအားဖြင့် မအောင်မြင် ခဲ့သည့် မိမိ၏လုပ်ငန်းစဉ်ကို အနုနည်းအားဖြင့် အောင်ပွဲဆင်ရန် ခရစ်ယာန် အသင်းတော်တွင် အလံထူခြင်းအားဖြင့် ဘုရားသခင်ကို အောင်မြင်စွာ ဆန့်ကျင်တိုက်ခိုက်ရန် စီမံကိန်းများ ချမှတ်ခဲ့ရပါသည်။ နှိပ်စက်ညှဉ်းပန်းခြင်း စနစ်ကိုအသုံးမပြုတော့ဘဲ လောကကြီးပွားချမ်းသာမှုနှင့် ဂုဏ်အသရေများကို စွဲလန်းတပ်မက်သောစိတ်များ ပေါက်ဖွားစေခြင်းအားဖြင့် အစားထိုးတိုက်ခိုက်ခဲ့ပါသည်။ ခရစ်ယာန် ဘာသာ၏ သမ္မာတရားအနှစ်ကိုလက်ခံရန် ငြင်းပယ်သည့်တိုင်အောင် ခရစ်ယာန်ဘာသာဝင်အဖြစ် ခံယူရန် ရုပ်တုကိုးကွယ်သူများကို သူသွေး ဆောင်ခဲ့ပါသည်။ ထိုသူတို့သည် ခရစ်တော်ကို လက်ခံသည်ဟု ဝန်ခံ ဖွင့်ဆိုကြသော်လည်း အပြစ်ဒဏ်စီရင်ခြင်းအပေါ်အရေးမထားရုံ သာမက နောင်တရစရာမလို (သို့မဟုတ်) စိတ်နှလုံးပြောင်းလဲစရာ မလိုဟုပင် ယူဆခဲ့ကြသည်။ လူသားအပေါင်း “ခရစ်တော်၌ ယုံကြည်ခြင်း” စင်မြင့်ပေါ်တွင် စုစည်းနိုင်ရန်အလို့ငှာ ခရစ်ယာန်များဘက်မှလည်း တချို့အရာများကို လျော့ပေးသင့်သည်ဟု သူတို့ကတောင်းဆိုလာပါသည်။HFB 22.3

    ယခုအချိန်တွင် အသင်းတော်ကြီးသည် ကြောက်လန့်စရာ အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ ယခုဖြစ်ပျက်နေသည့်အခြေအနေနှင့် နှိုင်းယှဉ်လျှင် ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မီးရှို့သတ်ခြင်းနှင့် ဓါးဖြင့်ကွပ်မျက်ခြင်းများကမှ ပို၍သက်သာဦးမည်ဖြစ်သည်။ တချို့ ခရစ်ယာန်များသည် ခိုင်မာစွာရပ်တည်ခဲ့ကြသော်လည်း တချို့မှာမူ မိမိတို့၏ယုံကြည်ခြင်းကို ပြုပြင်မွမ်းမံလာကြပါသည်။ ဟန်ဆောင် ခရစ်ယာန်ဘာသာဝတ်ရုံအောက်တွင် စာတန်သည် ခရစ်ယာန်ယုံကြည်ခြင်းကို ပုံအသွင်ပြောင်းပစ်ရန် အသင်းတော်ထဲသို့ ကိုယ်တိုင်မသိမသာ ဝင်လာခဲ့ပါသည်။HFB 23.1

    တချို့ခရစ်ယာန်များသည် ယုံကြည်ခြင်းအဆင့်အတန်းကို နှိမ့်ပေးရန် အဆုံးတွင် သဘောတူလာပါသည်။ သို့နှင့် ခရစ်ယာန်ဘာသာနှင့် ဗာဟီရဝါဒတို့၏ ပူးပေါင်းအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။ ဗာဟီရဝါဒီများသည် အသင်းတော်နှင့်ပူးပေါင်းစည်းရန် ဝန်ခံခဲ့ကြသော်လည်း ယေရှု၏ရုပ်တု၊ မေရီ၏ရုပ်တုနှင့် သူတော်စင် များ၏ ရုပ်တုများကို ဦးချဝတ်ပြုရင်း ရုပ်တုကိုးကွယ်ခြင်းကို ငြိတွယ် ဆဲရှိနေပါသည်။ ကျိုးကြောင်းမခိုင်လုံသော ယုံကြည်ချက်များ၊ အယူသီးသောဝတ်ပြု ကိုးကွယ်ပွဲများနှင့် ရုပ်တုကိုးကွယ်မှုဆိုင်ရာအခမ်း အနားများသည် အသင်းတော်၏ယုံကြည်ခြင်းနှင့် ဝတ်ပြုကိုးကွယ်မှုများတွင် ပါဝင်လာပါသည်။ သို့နှင့် ခရစ်ယာန်ဘာသာသည် ပျက်ယွင်းလာကာ အသင်းတော်သည် ၎င်း၏စင်ကြယ်မှုနှင့် တန်ခိုးအာဏာများ ဆုံးရှုံးလာခဲ့ပါသည်။ သို့သော်ငြားလည်း တချို့မှာ လမ်းလွဲ မသွားကြဘဲ ထာဝရဘုရားသခင်အပေါ် ဆက်လက်သစ္စာစောင့်သိ ခဲ့ကြပါသည်။HFB 23.2

    Larger font
    Smaller font
    Copy
    Print
    Contents