Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နေရာတကာတွင်ကျမ်းစာလေ့လာခြင်း

    တောကျောင်းမှဆရာများသည် ညအချိန်၌ မီးဖိုဘေးတွင် စုရုံးရောက်ရှိနေသူများအား ကျမ်းစာကိုအသံထွက်၍ ဖတ်ပြပါသည်။ တချို့ပုဂ္ဂိုလ်များသည် သမ္မာတရားအကြောင်း သဘောပေါက်လာကြပါသည်။ ‘‘နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကိုပေး၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။’’ ဆာလံ ၁၁၉:၁၃၀။ သမ္မာကျမ်းစာကို လေ့လာဖို့ သီးသန့်တာဝန်ပေးထားခြင်းခံရသော ဂိုဏ်းအုပ်များနှင့် ရဟန်းပျိုများအား လူးသာ၏သွန်သင်ချက်များကို ချေပရန် ယခုတွင် ရဟန်းမင်း၏ အသင်းတော်မှ ခေါင်းဆောင်ပိုင်းက တောင်းဆိုခဲ့သော်လည်း ကျမ်းစာမတတ်သောထိုသူများသည် အရှုံးနှင့်သာ ရင်ဆိုင်ကြရသည်။ ‘‘လူးသာဟာ သမ္မာကျမ်းစာကလွဲလို့ ဘယ်သုခမိန်ကိုမှ မယုံကြည်ဖို့ သူ့လူတွေကို ဆွဲဆောင်နိုင်ခဲ့ပြီး စိတ်ပျက်စရာပဲ’’ ဟု ထိုအသင်းတော်မှ စာရေးသူတစ်ဦးက မှတ်တမ်းတင်ခဲ့သည်။ အတန်းပညာမရှိသူများက ထောက်ခံကြိုဆိုနေသည့် အမှန်တရားကို နာကြားရန် လူထုကြီးသည် စုရုံးခဲ့ကြသည်။ ဘုရားသခင်၏ ရိုးစင်းသောသွန်သင်ချက်များနှင့် ရင်ဆိုင်တိုးသောအခါ လူကြီးလူကောင်းတွေရဲ့ ရှက်စရာကောင်းသည့် ကျမ်းပညာမဲ့မှုများမှာ အထင်အရှားပေါ်လွင်လာပါသည်။ အလုပ်သမားများ၊ စစ်သူရဲများ၊ အမျိုးသမီးများနှင့် ကလေးငယ်များပင်လျှင် ဂိုဏ်းအုပ်များ၊ ပညာတတ်ပါရဂူကြီးများထက် ကျမ်းစာနှင့်ပို၍ ရင်းနှီးနေကြပါသည်။HFB 198.2

    စေတနာစိတ်နှင့်ပြည့်ဝသူလူငယ်များသည် သမ္မာတရားကို ခွဲခြမ်း စိတ်ဖြာလျက် ပြောင်မြောက်သောရှေးစာပေများဖြင့် လက်ပွန်းတတီး ဖြစ်အောင်ကြိုးစားလျက် ဆက်ကပ်လေ့လာခဲ့ကြပါသည်။ ထက်မြက်၍ သတ္တိပြောင်သော ထိုသူများသည် အချိန်ကြာမြင့်သည်အထိ မည်သူကမှ သူတို့ကို မယှဉ်နိုင်လောက်အောင် ကျမ်းပညာများကို တတ်မြောက်သွားကြ ပါသည်။ လူထုကြီးသည် မိမိတို့၌ လိုအပ်နေသော အရာများကို ဖြည့်ဆည်းပေး နေသော ထိုသွန်သင်ချက် အသစ်များကိုတွေ့ရှိပြီဖြစ်သဖြင့် အယူသီးသောကိုးကွယ်မှုနှင့် လူများတီထွင် ထားသောရိုးရာဓလေ့များ၏ အနှစ်သာရမဲ့ဝိညာဉ်အစာများကို ကျွေးခဲ့သော သူများထံမှ ကျောခိုင်းခဲ့ကြပါသည်။HFB 199.1

    အမှန်တရားကိုသွန်သင်နေကြသော ထိုဆရာများကို နှိပ်စက်ညှဉ်းပန်း မှုများပြုလုပ်လာကြသောအခါ ထိုသူတို့သည် ‘‘တစ်မြို့၌ သင်တို့ကိုညှဉ်းဆဲ လျှင် တစ်မြို့သို့ပြေးကြလော့’’ ဟု ခရစ်တော်မိန့်မှာခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့ကြ၏။ မိမိတို့ကို ကြိုဆိုဧည့်ဝတ်ပြုသူများကိုလည်း သူတို့တွေ့ကြ ရပါသည်။ သူတို့သည် ခရစ်တော်အကြောင်းကို ဘုရားကျောင်းများ၌ လည်းကောင်း၊ နေအိမ်များ၌ လည်းကောင်း၊ လဟာပြင်များတွင် လည်းကောင်း ဟောကြားခဲ့ကြပါသည်။ အမှန်တရားသည် အတားအဆီးမဲ့ ပျံ့နှံ့သွားခဲ့ပါသည်။HFB 200.1

    နိုင်င့ရေးနှင့် ဘာသာရေးအာဏာပိုင်များသည် အကျဉ်းချခြင်း၊ နှိပ်စက်ခြင်း၊ မီးရှို့ခြင်း၊ ဓါးဖြင့်ကွပ်မျက်ခြင်းများကိုအသုံးပြုကာ နှိမ်နင်းခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ ယုံကြည်သူများတို့သည် မိမိတို့၏ယုံကြည်ခြင်းကို မိမိတို့သွေးဖြင့် တံဆိပ်ခတ်ခဲ့ကြရာ နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် သမ္မာတရားကို ပို၍ပျံ့နှံ့သွားစေခဲ့ပါသည်။ သမ္မာတရားနှင့်ပေါင်းစပ်ရန် စာတန်ကြိုးစားအသုံးပြုခဲ့သော အယူသီးမှု များသည်လည်း စာတန်၏လုပ်ရပ်နှင့် ဘုရားသခင်၏လုပ်ဆောင်မှုများအကြား တည်ရှိနေသည့်ကွာဟချက်ကို ပို၍ထင်ရှားစေခဲ့ပါသည်။HFB 200.2

    *****